Saturday, August 19, 2017

ကြည်ညိုစရာအစိုးရကြီး(၃)

,
အစိုးရဆန့်ကျင်ရေးသပိတ် အကြမ်းဖက်ဖြိုခွင်းခံရတဲ့ညက သပိတ်စခန်းမှ သံဃာနှင့် ပြည်သူများရဲ့ ဝေယျာဝစ္စကို ဆောင်ရွက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ဝိုင်းဝန်းထုထောင်း အကြမ်းဖက် အမဲဖြတ်ခဲ့ကြတဲ့ ရုပ်သံတွေ ပျံ့နှံ့ခဲ့ပါတယ်။
အဲဒီအမျိုးသမီးက ဘွဲ့ရပညာတတ် အမျိုးသမီးကြီးတစ်ဦးပါ။
မုဒိမ်းမှုပေါင်း ၁၁ မှုကို ကိုယ်အားဉာဏ်အား ငွေအား စိုက်ထုတ်ပြီး ကူညီခဲ့တဲ့ အမျိုးသမီးကောင်း တစ်ယောက်ပါ။
သူကူညီခဲ့တဲ့ မုဒိမ်းမှု၁၁ခုထဲမှာ သက်ငယ်မုဒိမ်းတွေလည်း ပါပါတယ်။
အဲဒီမုဒိမ်းမှုတွေကို ကူညီလို့ တရားခံမုဒိမ်းသမားဘက်မှ ဒီအမျိုးသမီးကြီးကို လုပ်ကြံသတ်ဖြတ်တာ အကြိမ်ကြိမ်ပါပဲ။
ဆိုင်ကယ်နှင့်နောက်ကနေဝင်တိုက်ပြီး လုပ်ကြံသတ်ဖြတ်တာရော၊ အသက်အန္တရာယ်ပြုဖို့ ခြိမ်းခြောက်တာရော စုံနေတာပါပဲ။
ရရှိထားတဲ့ ဒူးဒဏ်ရာဟာလည်း ဆိုင်ကယ်စီးရင်းလုပ်ကြံခံရလို့ ရရှိခဲ့တဲ့ ဒဏ်ရာပါ။
၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကိုဝန်းရံခဲ့သလို NLD အတွက် အများကြီး အလုပ်လုပ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
ရိုဟင်ဂျာဆိုတာလုံးဝမရှိ၊ သူတို့ကို တတိယနိုင်ငံတွေကလိုချင်ရင် ယူလို့ရတယ် ယူမည့်သူမရှိရင် ဒုက္ခသည်စခန်းမှာ UN အကူအညီနဲ့ စောင့်ရှောက်ထားမယ်ဆိုတဲ့ သမ္မတကြီးဦးသိန်းစိန်ရဲ့ စကားကြီးသုံးခွန်းကို ထောက်ခံတဲ့ပွဲမှာလည်း အင်တိုက်အားတိုက် ပါဝင်ခဲ့သူပါ။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ OIC ရုံးစိုက်ခွင့်ပေးမယ်လုပ်တော့ မန္တလေးမှာ ဦးဆောင်ပြီးဆန္ဒပြခဲ့သူလည်း ဖြစ်ပါတယ်။
NLD အစိုးရလုပ်ရပ်က ပိုပြီးဆိုးဝါးလာလို့ သပိတ်စခန်းကို လာရောက်ဝန်းရံတာပါ။
သူမအနေနဲ့ အစိုးရက သပိတ်ခေါင်းဆောင်တွေကို ခေါ်ယူညှိနှိုင်းလိမ့်မည်ဟု ထင်ထားခဲ့ပေမဲ့ ရာထူးလုမည့်သူ မဟုတ်တဲ့ ပြည်သူစစ်စစ်အပေါ် အခုလိုလုပ်ရပ်လေခြင်းဆိုပြီး ယုတ်မာပတ်စက်တဲ့ အစိုးရလုပ်ရပ်အပေါ် ပြန်လည်သုံးသပ်ပြထားတာ တွေ့ရပါလိမ့်မယ်။
NLD အစိုးရရဲ့ လုပ်ရပ်တွေကို ဆန္ဒမပြရင် သိမှာလား? အရေးယူမည့် နည်းလမ်းတစ်ခုပဲရှိတာလား?
ညှိနှိုင်းမည့်နည်းလမ်းရော မရှိသင့်ဘူးလား? ဆိုတာတွေဟာ သူမရဲ့ မေးခွန်းတွေဖြစ်ပါတယ်။
ဒီဖိုင်းထဲမှာ သပိတ်စခန်းပြန်ရောက်တဲ့အထိ နောက်ဆုံးအခြေအနေကို တင်ပြထားပါတယ်။
သူမကို ပြန်ပို့တဲ့သူတွေက သူမကို ပြောဆိုပုံတွေကိုကြည့်ရင် အရပ်သားတွေလား ရဲတွေလား မသဲကွဲပါဘူး။
ရဲတွေဆိုရင် မိန်းမသားတစ်ယောက်အပေါ် ဒီလိုပြောလိမ့်မယ်လို့ လုံးဝမထင်ပါဘူး။
သူ့ကို ဝိုင်းဝန်းအမဲဖြတ်နှိပ်စက်ကြတဲ့ ဗီဒီယိုဖိုင်ကိုပြန်ကြည့်ရတဲ့အခါ သူမဘယ်လိုခံစားရပါ့မလဲ?
လည်ပင်းညှစ်ထားတဲ့လက်ကို ပြန်ကိုက်ပေမဲ့ ဆံပင်ဆွဲဆောင့်လို့ လက်လွတ်သွားပါတယ်။
ဒါပေမဲ့ ထောင်းတဲ့ ထုတဲ့ တိုက်တဲ့ ထိုးတဲ့သူကတော့ လုံးဝမရပ်နားပါဘူး။
ဗီဒီယိုကိုပြန်ကြည့်ရင် သိနိုင်ပါတယ်။
အဲဒီအချိန်မှာ လုံးဝပြန်မခုခံတာ တွေ့ရပါလိမ့်မယ်။
သူမပြောတာကတော့ ကင်မရာမြင်ကွင်းမှာ ထုထောင်းတာတွေက အပေါ်ယံသာ နာကျင်တာပါ။
ကင်မရာမှာမပေါ်တဲ့ ရင်ဘတ်ကို ဒူးနဲ့တိုက်တာတွေ ထိုးတာကြိတ်တာတွေက အဆပေါင်းများစွာ ပိုနာကျင်တယ်လို့ ဆိုပါတယ်။
သူမရှင်းပြတဲ့ ကိုးကွယ်ခြင်းနဲ့ ကာကွယ်ခြင်းကို နိုင်ငံရေးဘုန်းကြီးတွေတောင် မခွဲခြားနိုင်လို့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေကို ပြစ်မှားနေကြတာ တွေ့နိုင်ပါတယ်။
သူမကတော့ အဲဒါတွေကို ရွံလွန်းလို့ ကြည့်တောင် မကြည့်ချင်တော့ဘူးတဲ့။
ခံယူချက်တွေ ပိုပြင်းထန်လာပြီး စိတ်ဓာတ်တွေလည်း ပိုခိုင်မာလာပါတယ်။
သူမကို သဟာယကျောင်းမှာ အမျိုးသားတွေရော အမျိုးသမီးတွေရော သံဃာတွေပါ ဝိုင်းဝန်းမေးမြန်း မှတ်တမ်းတင်ထားလို့ တပည့်တော်မဖြစ်လိုက် ကျွန်မဖြစ်လိုက် ဖြေဆိုထားတာ တွေ့ရမှာပါ။
နိဂုံးအနေနဲ့ကတော့ ရေငုံနှုတ်ပိတ်နေနိုင်သူကြီး ထင်မြင်ရာလျှောက်လုပ်နေသူကြီးကို လုံးဝ(လုံးဝ)ရွံမုန်းသွားပြီ ဖြစ်ပါကြောင်း။
ဝီရသူ(မစိုးရိမ်)
18.8.2017
PM 10:29

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကြည်ညိုစရာအစိုးရကြီး(၃)”

Post a Comment

Related Posts Plugin for WordPress, Blogger...