Monday, August 21, 2017

တချိန်ကရန်ကုန်

,
တချိန်က ရန်ကုန်မှာ အဓိကရုဏ်း၊
အရေးအခင်းမဟုတ်ပါပဲ နဲ့ လူတွေအများကြီး
အသတ်ခံရတဲ့ ခြိမ့်ခြိမ့်သဲ လူသတ်ပွဲကြီး
ပေါ်ပေါက်ဖူးခဲ့ပါတယ်။

အဲ့ဒါကတော့ လမ်းမတော်ဖိုးတုတ် အဖွဲ့ နဲ့
ပုဏ္ဍားဘထွန်းအဖွဲ့ အားပြိုင်ပွဲပါပဲ။

လမ်းမတော်ဖိုးတုတ်၊ ဂန္ဓာမာဆောင်းရင်၊
ဘားလမ်းအုန်းဖေ၊ စံဘ၊ ကျော်သောင်း၊
ပုဏ္ဍားထွန်းရင် စတဲ့ လူငယ်ဂိုဏ်းစတားမျိုးဆက်နဲ့
ပုဏ္ဍားဘထွန်း၊ မတ်စတီးခမ်း၊ ကြည့်မြင်တိုင်
ကြက်ကြား၊ အရှေ့ပိုင်းလူမိုက်မာမရား
တိုလို့ ကုလားသူဌေးလူမိုက်လက်ဟောင်းတွေ
ကြားက တိုက်ပွဲတွေပါ။

ဒါပေမယ့် အဲ့ဒီပြသနာတွေရဲ့ အစ
မီးကို မွှေးပြီး အဖွဲ့ကြီးနှစ်ဖွဲ့ ကို
ရန်တိုက်ပေးခဲ့တာကတော့ လူသိနည်းတဲ့
လူမိုက်ပေါက်စနတစ်ယောက်ပါ။

တလိုင်းလေးကျော်သင်း တဲ့။
တလိုင်းလေးကျော်သင်းက လမ်းမတော်မှာ
ခေတ်ထလာတဲ့ မြန်မာလူမိုက်တွေ နဲ့ မပေါင်းပဲ
ချွန်ထွက်ပြီး ကုလားလူမိုက်ပုဏ္ဍားဘထွန်း
နားကပ်နေသူပါ။

သူက လမ်းမတော်ဈေးက
မသင်းမြ ကို ကြိုက်နေတာ။

မသင်းမြ ကို ဖိုးတုတ်ကြီးက
ကားတင်ပြေးပြီး မသင်းမြနဲ့ ဦးဖိုးတုတ်ညားတော့
တလိုင်းလေးက အကောက်ကြံပါတယ်။

ကိုယ်တိုင်လည်း ဦး ဖိုးတုတ် တို့ကို မယှဉ်ရဲ။
သူ့ဆရာ ပုဏ္ဍား တို့ ကိုယ်တိုင်
ဘားလမ်းမာမွတ်ကိစ္စပြီးကတည်းက
ဖိုးတုတ် ဆိုရင် လက်ရှောင်နေတော့
တလိုင်းလေးက ကြံရခက်နေပါတယ်။

နောက်ဆုံးတော့ လမ်းမတော်ဖိုးတုတ်ကိုးကွယ်တဲ့
ဘုန်းတော်ကြီး ဦးဝိသာလ ကို
တလိုင်းလေးက သတ်ပစ်လိုက်ပါတယ်။

ပြီးတော့ ပုဏ္ဍားဘထွန်းသတ်ခိုင်းသလို
သတင်းလွှင့်တော့ ပုံစံက
ဘာသာရေးလူမျိုးရေးအသွင် ဖြစ်လာတယ်။

ပုဏ္ဍားရဲ့ ညာလက်ရုံး လည်းဖြစ်
မွေးစားသားလည်းဖြစ်တဲ့ အာဠာဝကမောင်စိန်
ကို လမ်းမတော်ဖိုးတုတ် တပည့်တွေ အပိုင်ထဲ
ခေါ်သွင်းလာပြီး အတို့အထောင်လုပ်
ရှောင်သွားတာလည်း တလိုင်းလေးကျော်သင်း ပဲ။

ဦးဖိုးတုတ်တပည့် ဂန္ဓမာဆောင်းရင် က
ဦးဝိသာလ အသတ်ခံရတဲ့ ကိစ္စ နဲ့ အာဠာဝက
ကို သတ်လိုက်ပြန်ပါတယ်။

မွေးစားသားအသတ်ခံလိုက်ရတဲ့
ပုဏ္ဍားဘထွန်းကြီးက သူ့သားအလောင်းကို
ထမ်းပြီး တပည့်တပန်းတွေနဲ့ တာမွေကနေ
လမ်းမတော်ဖိုးတုတ်အိမ်အထိ ချီတက်လာပါတယ်။

နောက်ဆုံး လမ်းတလျှောက်မှာတင်
ဂိုဏ်းအချင်းချင်း သတ်ပွဲဖြတ်ပွဲတွေ
ပြင်းထန်လာလို့ ရန်ကုန်ပုလိပ်မင်းကြီးကိုယ်တိုင်
ဆင်းပြီး နှစ်ဖွဲ့လုံးကို ရပ်ဖို့ တားယူရတဲ့အထိပါပဲ။

ဒီပြသနာက ဒီမှာတင် ရပ်မသွားပဲ
ဆိပ်ကမ်းကုန်တင်၊ ကုန်ချ သပိတ်မှောက်ထားတဲ့
ကုလားကူလီပြသနာထဲ အထိ ရိုက်ခတ်ပါတယ်။

ကုလားကူလီတွေ သပိတ်မှောက်ထားတဲ့အချိန်မှာ
ဦးဖိုးတုတ်ဦးစီးမှု နဲ့ ဗမာအလုပ်သမားတွေက
ဝင်လုပ်ကြတော့ ကုလားကူလီတွေက
မကျေမနပ်ဖြစ်နေချိန်ပါ။

ဒါပေမယ့် ဖိုးတုတ်ကြီးကို ကြောက်လို့
ဘာမှ စောဒကမတက်ရဲတဲ့အခြေအနေမှာ...
ခုန မတ်စတီးခန်း တို့ ပုဏ္ဍားတို့အုပ်စုက
ငါတို့ရပ်တည်မယ်။
ဘာမှမကြောက်နဲ့ ဆိုပြီး
ဝင်မြှောက်ပေးရာက ကုလား ဗမာ ရိုက်ပွဲဖြစ်ပြီး
တပြည်လုံးကို ကူးစက်သွားတော့တာပါပဲ။

တလိုင်းလေးကျော်သင်းကတော့
အဲ့ဒီကတည်းက ပျောက်သွားလိုက်တာ
လမ်းမတော်ဘိုးတုတ် ထောင်ကျပြီး
ပုသိမ်ညွန့်ဘဘိုး လူမိုက်ခေါင်းဆောင်ဖြစ်တဲ့
အချိန်မှ ဘဘိုးဘေးနား ပြန်ပေါ်လာတော့တာပဲ။

ဘာရယ်..မဟုတ်။
တလောလေးက..ဆရာတော်ဦးဝီရသူ နဲ့
တွဲပြီး ငြိမ်းချမ်းရေးလုပ်နေပါတယ်ဆိုတဲ့
မွတ်ဆလင်တစ်ယောက်အကြောင်း ဖတ်ရင်း
ဖတ်ဖူးခဲ့တဲ့ တလိုင်းလေးကျော်သင်း အကြောင်း
သတိရသွားလို့

creditး ဗြိတိသျှကိုကိုမောင်

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တချိန်ကရန်ကုန်”

Post a Comment

Related Posts Plugin for WordPress, Blogger...