Monday, August 21, 2017

ဖမ်းဝရမ်းထုတ်ခံထားရသော သံဃာတော်များ ဖမ်းဆီးနိုင်ခြင်း မရှိသည့်အပေါ် ဝန်ကြီး သူရဦးအောင်ကို မေးခွန်း ထုတ် .....

,
By ငြိမ်းချမ်း On  Mon, 2017-08-21

ဖမ်းဝရမ်းထုတ်ခံထားရ သော သံဃာတော်များ တရားခံ ပြေး၊ ဝရမ်းပြေးဘဝနှင့် တစ်သက်လုံး နေနိုင်မည်လားကို စောင့် ကြည့်မည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင် ကိုက ပြောသည်။

မင်္ဂလာတောင်ညွန့် ပဋိပက္ခ ဖြစ်စဉ်နှင့် အစိုးရဖြုတ်ချရေး ရန် ကုန်နှင့် မန္တလေးတို့တွင် သပိတ် စခန်းဖွင့် ဆန္ဒပြတောင်းဆိုရာ၌ ပါဝင်သော သံဃာတော်များကို သက်ဆိုင်ရာတရားရုံးများက ဖမ်း ဝရမ်း အသီးသီးထုတ်ထားပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခြင်းမရှိသေး သည့်အပေါ် 7Day Daily သတင်း စာက မေးမြန်းရာ ဝန်ကြီးသူရဦးအောင်ကို က အထက်ပါ အတိုင်း ဖြေကြားသည်။

 ‘‘ဖမ်းဝရမ်းထုတ်ထားပြီးမှ ရှောင်တိမ်းနေတဲ့ လူပုဂ္ဂိုလ်တွေ၊ သံဃာတော်တွေရဲ့ ကိစ္စကတော့ ပြည်ထဲရေးရဲ့ကိစ္စ ဖြစ်ပါတယ်။ တရားရုံးတွေရဲ့ကိစ္စဖြစ်ပါတယ်။

ဘာမှ ကျွန်တော် ပြောစရာမရှိပါ ဘူး။ တစ်သက်လုံးပေါ့၊ တရားခံပြေး၊ ဝရမ်းပြေးဘဝနဲ့ နေနိုင်မလားဆိုတာ စောင့်ကြည့်လိုက်ပါ ဦး။ တရားဥပဒေစိုးမိုးရေးကတော့ အရှိန်မြှင့်သွားဖို့ ရှိပါတယ်လို့ ပြောချင်ပါတယ်’’ ဟု ဝန်ကြီးသူရဦးအောင်ကိုကပြောသည်။

မေလ ၁၁ ရက် ညက ဖြစ်ပွားခဲ့သော မင်္ဂလာတောင်ညွန့်မြို့ နယ် မြယာကုန်းလမ်း ပဋိပက္ခဖြစ် စဉ်တွင် ပါဝင်သော သံဃာနှစ်ပါး နှင့် လူပုဂ္ဂိုလ်ငါးဦးကို မင်္ဂလာ တောင်ညွန့်မြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်။ ဖမ်းဝရမ်း ထုတ်ခံရသော လူပုဂ္ဂိုလ်ငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး သံ ဃာနှစ်ပါးဖြစ်သော ဆရာတော် ဦးသုစိတ္တနှင့် ဦးပညာဝံသတို့ကို ဖမ်းဆီးရန် ကျန်ရှိနေသည်။

ဆရာတော် ဦးပညာဝံသ သည် မင်္ဂလာတောင်ညွန့်ဖြစ်စဉ် နှင့် သပိတ်မှောက်မှုဖြစ်စဉ်တွင်ပါ ဝင်ခဲ့သောကြောင့် တရားရုံးနှစ်ခု က ဖမ်းဝရမ်းထုတ်ခံထားရသော ဆရာတော်ဖြစ်သည်။

ထို့အပြင် သြဂုတ် ၃ ရက်၌ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အစိုးရဖြုတ်ချရေးဟုဆိုကာ သ ပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆို သော သံဃာအချို့နှင့် လူပုဂ္ဂိုလ် အချို့တို့ကို သက်ဆိုင်ရာ တရား ရုံးများက ဖမ်းဝရမ်းထုတ်ခဲ့သည်။

ရန်ကုန်သပိတ်စခန်းတွင် ပါ ဝင်သော သံဃာနှစ်ပါး အပါအ ဝင် လူပုဂ္ဂိုလ် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့သည်။

မန္တလေးသပိတ် စခန်းတွင် ပါဝင်သော သံဃာ ခြောက်ပါးကို ဖမ်းဆီး၍ လူဝတ်လဲကာ အိုးဘိုထောင်သို့ ပို့ဆောင် ထားပြီး သံဃာနှစ်ပါးအား ဖမ်းဝရမ်းထုတ်ထားသည်။

ထို့အပြင် ရန်ကုန်မြို့ အမေ ရိကန်သံရုံးရှေ့တွင် ဆန္ဒပြသူများ ထဲမှ ဖမ်းဝရမ်းထုတ်ခံရသော သံ ဃာနှစ်ပါး အပါအဝင် စုစုပေါင်း ဖမ်းဝရမ်းထုတ်ခံရသော သံဃာ ခုနစ်ပါးကိုလည်း ဒီချုပ်အစိုးရက လက်တွေ့ဖမ်းဆီးအရေးယူခြင်း မရှိခဲ့ပေ။

ထို့ကြောင့် မန္တလေး သပိတ်မှ ခြောက်ပါးသည် လက်ရှိ အစိုးရလက်ထက် ပထမဆုံးဖမ်းဆီးခံရသော သံဃာများဖြစ် သည်။

7daydaily

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဖမ်းဝရမ်းထုတ်ခံထားရသော သံဃာတော်များ ဖမ်းဆီးနိုင်ခြင်း မရှိသည့်အပေါ် ဝန်ကြီး သူရဦးအောင်ကို မေးခွန်း ထုတ် .....”

Post a Comment

Related Posts Plugin for WordPress, Blogger...