Tuesday, August 15, 2017

"ရခိုင်ပြည်နယ်အရေး နိုင်ငံရေးပါတီ ၂၀ က ပူးတွဲကြေညာချက်ထုတ်ပြန်"

,
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လက်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအပါအဝင် ပါတီ(၂၀)က ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာအမည်နဲ့ တိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိ တရားဝင်ထုတ်ပြန်ပေးဖို့ အပါအဝင် အချက်လေးချက်ကို ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တောင်းဆိုထားတာကို အဲဒီ ထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။ အဲဒီ့အချက်တွေထဲမှာ လတ်တလော လိုအပ်နေတဲ့ ထိရောက်လုံလောက်သောဒေသ လုံခြုံရေးစနစ် အမြန်ဆောင်ရွက်ပေးဖို့၊ မြေပြင်မှာ ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို ဥပဒေအရ အာမခံချက်ပေးဖို့၊ အကြမ်းဖက်မှု ကျူးလွန်သူတွေနဲ့ အဖွဲ့အစည်းတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့အညီ ထိရောက်ပြင်းထန်စွာ အရေးယူပေးဖို့ အချက်တွေ ပါဝင်ပါတယ်။

ဒီကနေ့ သြဂုတ်လ၁၄ရက်က ရန်ကုန်မြို့သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးမှာ ပြည်ခိုင်ဖြိုးပါတီ အပါအဝင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်စတဲ့နိုင်ငံရေးပါတီ ၂၀တွေ့ဆုံဆွေးနွေးပြီး အခုလို ဆုံးဖြတ်ချက်ချ သဘောထားထုတ်ပြန်လိုက်တာပါ။ အဲဒီ့ သဘောထားထုတ်ပြန်ချက်ကို နိုင်ငံတော်သမ္မတထံ ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

0 ယောက်မှတ်ချက်ပြုခဲ့သည် to “"ရခိုင်ပြည်နယ်အရေး နိုင်ငံရေးပါတီ ၂၀ က ပူးတွဲကြေညာချက်ထုတ်ပြန်"”

Post a Comment

Related Posts Plugin for WordPress, Blogger...