Monday, August 21, 2017

ကျားကြောက်​၍ဆင်အားကိုး ၊ ဆင်​ကြီးကျားထက်​ဆိုး

,
သြဂုတ်​ ၂၁ ရက်
စေတီပြင်​နယ်​မြီ၊ မယူကမ်း​ဒေသ

မေယူ​တောင်​တန်း​ပေါ်တွင်​ ခို​အောင်းလျှက်​ရှိ​သော ဘင်္ဂလီအကြမ်းဖက်​များကို တိုက်​ခိုက်​နှိမ်​နှင်းရန်​ဟု အ​ကြောင်းပြကာ ​စေတီပြင်​နယ်​​မြေ ချွတ်​ပြင်​​ကျေးရွာ၊ ပြင်​ရှည်​​ကျေးရွာ၊ ပိ​တောက်​မြိုင်​​ကျေးရွာ၊ သဇင်​မြိုင်​​ကျေးရွာတို့တွင်​ ​ရောက်​ရှိ​နေကြ​သော ​​တပ်​မ(၃၃)မှ ကွန်မန်ဒိုအထူးတပ်​ဖွဲ့ဝင်​များသည်​ ယ​နေ့အချိန်​ထိ မည်သည့်​ ဘင်္ဂလီအကြမ်းဖက်​တစ်​ဦးတစ်​​ယောက်​ကိုမှ တိုက်​ခိုက်​နိမ်​နှင်း ဖမ်ဆီး ​ဖော်​ထုတ်​မှု မရှိ​သေးသည့်​အပြင်​ ​​ဒေသခံရခိုင်​တိုင်းရင်​သားတို့၏ ​နေအိမ်​များ၌ စခန်းချတည်းခိုကာ ရပ်​ရွာအတွင်းရှိ ကြက်​၊ ဘဲ ၊ ဆိတ်​တို့ကို သတ်​ဖြတ်​စား​သောက်​ခြင်း၊ ​နေအိမ်​ ခြံစည်းရိုးများကို ဖျက်​ဆီး၍ ထင်းအဖြစ်​အသုံးပြုခြင်း၊ ည​နေဖက်​​ရောက်​လျှင်​ ​သောက်​စားမူးယစ်​ ဆူပူကြခြင်းတို့ကို ပြုလုပ်​​နေကြ​သော​ကြောင့်​ ​ဒေသခံရွာသူ/သားများအတွက်​ များစွာစိတ်​အ​နှောင့်​အယှက်​​များဖြစ်​​နေရသည်​ဟု ​ဒေသခံရွာသားများ သတင်း​ပေးပို့ချက်​မှ သိရပါသည်​။

ခိုင်​ပြည်​ထွန်း(ရခိုင်​ပြည်​)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကျားကြောက်​၍ဆင်အားကိုး ၊ ဆင်​ကြီးကျားထက်​ဆိုး”

Post a Comment

Related Posts Plugin for WordPress, Blogger...