Monday, August 21, 2017

ရခိုင္တိုင္းရင္းသားေတြအတြက္ လံုျခံဳေရးစိတ္ခ်ေအာင္လုပ္ေပးမယ္

,
ေအာက္တိုဘာ - ၁၇၊ ၂၀၁၆

ရခိုင္တိုင္းရင္းသားေတြ အေနနဲ႔ ေနရပ္ကိုစြန္႔ခြာမသြားဖို႔အတြက္
လိုအပ္တဲ့ လံုျခံဳေရးနဲ႔ စိတ္ခ်ရတဲ့ အေျခအေနျဖစ္ေအာင္ လုပ္ေပးမယ္ ပိုင္ဆိုင္တဲ့ေျမကို တစ္လက္မမွ အက်ဴးေက်ာ္မခံဘူးလို႔
ျပည္ထဲေရးဝန္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြက ယေန႔ ေမာင္ေတာၿမိဳ႕မွာ မီဒီယာေတြ နဲ႔ေတြ႕ဆံုစဥ္ ေျပာၾကားခဲ့ပါတယ္။ ဖမ္းဆီးမိထားတဲ့ အၾကမ္းဖက္သမား ၁၆ေယာက္ကို အက်ဥ္းေထာင္မွာ ထိန္းသိမ္းထားေၾကာင္း၊ႏွိပ္စက္ညႇဥ္းပန္းမႈ မရွိဘဲ ဥပေဒနဲ႔အညီ အျပစ္ေပးမွာျဖစ္ေၾကာင္း၊ICRC အဖြဲ႕ကဲ့သို႔ ႏိုင္ငံတကာအဖြဲ႕အစည္းေတြလဲ အခ်ိန္မေရြး လာေရာက္ ၾကည့္ႏိုင္တယ္လို႔ ဒုတိယဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။ ဒီအၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္အေပၚ မွာ ေမာင္ေတာေဒသက တာဝန္ရွိေခါင္းေဆာင္ပိုင္းကို စစ္ေဆးေရးအဖြဲ႕ ဖြဲ႕ၿပီးလုပ္ေဆာင္မယ္ ေအာက္ေျခရဲတပ္ဖြဲ႕ဝင္ေတြ စိတ္ဓာတ္ျပန္တက္ေအာင္လုပ္မယ္ လို႔လည္း ေျပာၾကားခဲ့ပါတယ္။

ရုပ္သံသတင္းေထာက္ - ျမတ္သီဟေမာင္

#ရခိုင္ျပည္နယ္ #ေမာင္ေတာေဒသ #LocalNews #7DayNews #7DayTV

(7Day News ဂ်ာနယ္နဲ႔ 7Day Daily သတင္းစာရဲ႕ ႐ုပ္သံတင္ဆက္မႈေတြကို 7Day TV ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ၀င္ေရာက္ၾကည့္႐ႈႏိုင္မွာျဖစ္ပါတယ္။)

ေအာက္ပါလင့္ခ္မ်ားတြင္လဲ ၀င္ေရာက္ၾကည့္႐ႈႏုိင္ပါတယ္

http://www.7daydaily.com/video/78489

https://youtu.be/uAFX5cZn-tU

(Unicode)

ရခိုင်တိုင်းရင်းသားတွေအတွက် လုံခြုံရေးစိတ်ချအောင် လုပ်ပေးမယ်

အောက်တိုဘာ - ၁၇၊ ၂၀၁၆

ရခိုင်တိုင်းရင်းသားတွေ အနေနဲ့ နေရပ်ကိုစွန့်ခွာမသွားဖို့အတွက်
လိုအပ်တဲ့ လုံခြုံရေးနဲ့ စိတ်ချရတဲ့ အခြေအနေဖြစ်အောင် လုပ်ပေးမယ် ပိုင်ဆိုင်တဲ့မြေကို တစ်လက်မမှ အကျူးကျော်မခံဘူးလို့
ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ယနေ့ မောင်တောမြို့မှာ မီဒီယာတွေ နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ ဖမ်းဆီးမိထားတဲ့ အကြမ်းဖက်သမား ၁၆ယောက်ကို အကျဉ်းထောင်မှာ ထိန်းသိမ်းထားကြောင်း၊နှိပ်စက်ညှဉ်းပန်းမှု မရှိဘဲ ဥပဒေနဲ့အညီ အပြစ်ပေးမှာဖြစ်ကြောင်း၊ICRC အဖွဲ့ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းတွေလဲ အချိန်မရွေး လာရောက် ကြည့်နိုင်တယ်လို့ ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အပေါ် မှာ မောင်တောဒေသက တာဝန်ရှိခေါင်းဆောင်ပိုင်းကို စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးလုပ်ဆောင်မယ် အောက်ခြေရဲတပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ပြန်တက်အောင်လုပ်မယ် လို့လည်း ပြောကြားခဲ့ပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

#ရခိုင်ပြည်နယ် #မောင်တောဒေသ #LocalNews #7DayNews #7DayTV

(7Day News ဂျာနယ်နဲ့ 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။)

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ရခိုင္တိုင္းရင္းသားေတြအတြက္ လံုျခံဳေရးစိတ္ခ်ေအာင္လုပ္ေပးမယ္ ”

Post a Comment

Related Posts Plugin for WordPress, Blogger...