Wednesday, August 23, 2017

မွတ်စလင်တွေကို ရခိုင်တွေ ပိတ်ဆို့ထား

,
RFA(23.8.2017)
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် စေတီပြင်ရွာမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို အဲဒီဒေသမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ ရခိုင်တိုင်းရင်းသားတွေက ရွာပြင်ထွက်ခွင့်မပေးပဲ ပိတ်ဆို့ထားတယ်လို့ အင်္ဂါနေ့ မနေ့က ရတဲ့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

အဲဒီရွာသားတွေကို အစာရေစာ ရှာဖွေခွင့်နဲ့ ရွာပြင်ထွက် အလုပ်လုပ်ခွင့်မပေးတာ ၃ ပတ်ရှိသွားပြီဖြစ်ပြီး  အစားအစာတွေကိုတော့ အကန့်အသတ်နဲ့ ဝယ်ခွင့်ပြုတယ်လို့ ဆိုပါတယ်။  မြန်မာရဲတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး မျိုးသူစိုး က ရွာသားတွေဟာ ရွာပြင်ထွက်ရမှာကို ကြောက်လို့ အပြင်မထွက်တာပဲဖြစ်လိမ့်မယ်လို့ သူထင်မြင်ကြောင်း ပြောပါတယ်။

အဲဒီ စေတီပြင်ရွာမှာ လူ ၅ ထောင်ခန့်ရှိပြီး ရခိုင်လူမျိုးတွေကော ရိုဟင်ဂျာတွေပါ နေထိုင်ကြတဲ့အတွက် ဘုန်းတော်ကြီးကျောင်းတခုနဲ့ ဗလီတခုလည်း ရှိကြောင်း၊ ဇူလိုင်လကစပြီး ရိုဟင်ဂျာရွာသား ၇ဝဝ ခန့်ကို ရခိုင်ရွာသားတွေက ခြံစည်းရိုးကာပြီး အဝင်အထွက်ပိတ်ထားကြောင်း၊ ရခိုင် ဗုဒ္ဓဘာသာဝင်တဦး ပျောက်ဆုံးကာ တပြိုင်နက်ရက်ပိုင်းအတွင်း မွတ်စလင် ၃ ဦး သတ်ဖြတ်ခံရပြီးနောက်မှာ တင်းမာမှုတွေ စတင်ခဲ့ကြောင်း စသဖြင့် ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မွတ်စလင်တွေကို ရခိုင်တွေ ပိတ်ဆို့ထား”

Post a Comment

Related Posts Plugin for WordPress, Blogger...