Wednesday, August 23, 2017

အမျိုးသားလွှတ်တွင်ဆွေးနွေးစဉ် အပြန်အလှန်ကန့်ကွက်ပြောဆိုမှုများဖြစ် ခဲ့

,
၂၀၁၇ ဩဂုတ် ၂၂ ရက်
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီး တောင်နှင့် ရသေ့တောင်မြို့နယ် များတွင် အကြမ်းသမားများကို စိစစ်ဖော်ထုတ်ရန် အစိုးရအား တိုက်တွန်းသောအဆိုကို အမျိုး သားလွှတ်တွင် ဆွေးနွေးစဉ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ် စားလှယ်နှင့် တပ်မတော်သား ကိုယ်စားလှယ်တို့ကြား အပြန်အ လှန် ကန့်ကွက်ပြောဆိုမှုများဖြစ် ခဲ့သည်။

ရခိုင်အမျိုးသားပါတီကိုယ် စားလှယ်က တင်သွင်းထားသည့် ယင်းအဆိုကို ဩဂုတ် ၂၂ ရက်တွင် လွှတ်တော်၌ ဆွေးနွေးခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဒေါ်အိအိပြုံးက ရခိုင်အရေးတွင် တိုင်းပြည်၏ ကာကွယ်ရေးအသုံးစရိတ် မြောက်မြားစွာ အသုံးပြုနေသော်လည်း အစွန်းရောက်အကြမ်းဖက်မှုများ ကို ကာကွယ်ရန် အားနည်းနေခြင်းအပေါ် ပြန်လည်သုံးသပ်သင့် ကြောင်း ဆွေးနွေးခဲ့သည်။

‘‘ယခုဖြစ်သော ဖြစ်စဉ်များ ဟာ ပြည်တွင်းရေးမဟုတ်ဘဲ ပြည်ပမှ ကျူးကျော်စော်ကား သော အစွန်းရောက်အကြမ်းဖက် မှုများ ဖြစ်ပါတယ်။

ထိုဖြစ်စဉ်မှာ တိုင်းပြည်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို မြောက်မြားစွာ အသုံးပြုနေသော် လည်း အစွန်းရောက်အကြမ်းဖက် မှုအား ကာကွယ်ရန် အားနည်းနေ ခြင်းအပေါ်နဲ့ အခြေအနေကို ပြန် လည်သုံးသပ်သင့်ပါတယ်’’ ဟု ဒေါ်အိအိပြုံးက လွှတ်တော်တွင် ပြောသည်။

ထိုကဲ့သို့ ပြောဆိုပြီးနောက် တပ် မတော်သားလွှတ်တော်ကိုယ် စားလှယ် ဗိုလ်ချုပ်သန်းစိုးက ‘‘ဒီလို ပြောတာ တပ်မတော်ရဲ့ ဂုဏ် သိက္ခာကို ထိခိုက်ပါတယ်။ လုံးဝ ကန့်ကွက်ပါတယ်။ တပ်မတော် က တပ်စွမ်းရည် တပ်စွမ်းအားရှိ ဖို့အတွက် တပ်မတော်က ဘဏ္ဍာ ရေးကော်မရှင်ကိုတင်ပြီးတော့မှ ခွင့်ပြုချက်နဲ့ သုံးခဲ့တာဖြစ်တယ်။ အဆိုနဲ့ မဆိုင်တဲ့ ပုဒ်မ ၃၉ (ဌ) အရ အဆိုနဲ့ မဆိုင်ဘဲနဲ့ ဆွေးနွေး ချက်နဲ့ မဆိုင်တဲ့ကိစ္စ ပြောတာကို လက်မခံပါဘူး ကန့်ကွက်ပါ တယ်’’ဟု ကန့်ကွက်ခဲ့သည်။

ထို့အပြင် ဒေါ်အိအိပြုံးက ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုနောက် ကျခြင်းသည် အာဏာရှင်စနစ်ဆိုး များ၏ ဒဏ်ကြောင့်ဖြစ်ပြီး အာဏာရှင်စနစ်ကို တွန်းလှန်နေချိန်တွင် ရခိုင်တိုင်းရင်းသားများသည် အာဏာရှင်စနစ်ဆိုးနှင့် ပြင်ပမှ နယ်မြေလုနေသော အရေးတို့ကို တွန်းလှန်နေရကြောင်းလွှတ် တော်သို့ ဆွေးနွေးပြောဆိုချက် များနှင့်ပတ်သက်၍ ဗိုလ်ချုပ်သန်း စိုးက ထပ်မံကန့်ကွက်ခဲ့သည်။

‘‘အာဏာရှင် စနစ်ဆိုးဆို တာ ဘာကိုဆိုလိုတာလဲ။ ဘယ် သူ့ကို ဆိုလိုတာလဲ။ ပွင့်ပွင့်လင်း လင်းသိချင်ပါတယ်။ ဒီလိုမျိုး အစိုးရအဆက်ဆက်ကို အာဏာရှင် စနစ်ဆိုပြီး ပြောတဲ့ကိစ္စကို လက် ခံစရာအကြောင်းမရှိပါဘူး။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၂၅ အရ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာပါမယ်လို့ ကိုယ်စားလှယ်အား လုံး ဇယား (၄)အရ ကတိသစ္စာ ပြုပြီးသားဖြစ်ပါတယ်။ ဒီဖွဲ့စည်း ပုံအခြေခံဥပဒေကနေပြီး ရိုင်းပျ တဲ့ စကားလုံးမသုံးပါနဲ့ဆိုပြီးတော့ ဒါကို လိုက်နာမှုမရှိတာကိုလည်း ကန့်ကွက်ပါတယ်။ ဒီစကားရပ်ကို လည်း ပယ်ဖျက်ပေးဖို့ တောင်းဆို ပါတယ်’’ဟု ဗိုလ်ချုပ်သန်းစိုးက လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

သို့သော် အထက်ပါတပ် ကိုယ်စားလှယ်၏ ကန့်ကွက်ချက် ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးဥက္ကာမင်းက လွှတ် တော်တွင် ထပ်မံကန့်ကွက်ခဲ့ သည်။

‘‘တပ်မတော်က အာဏာရှင် စနစ်ဆိုတာ ဘာကိုပြောတာလဲ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျမ်းကျိန်ပြီးတော့မှ ဝင်လာရတဲ့ သူတွေဖြစ်တယ်။ မဟုတ်တာ မပြောနဲ့ဆိုပြီးပြောတယ်။ အဲဒီ တော့ ကျွန်တော်တို့ပြောချင်တာ က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကျမ်းကျိန်ပြီး ဝင်လာတဲ့လွှတ် တော်ကိုယ်စားလှယ်တွေသည် ၂၀၁၀ ကနေစပြီး ပါလီမန်ဒီမိုက ရေစီကို သွားနေတဲ့စနစ်မှာ ဒါကို လက်ခံတယ်။ တိုင်းပြည်က ဒီမို ကရေစီကူးပြောင်းရေးနိုင်ငံဖြစ် တာကို ကျွန်တော်တို့ လက်ခံ တယ်။ ရှေးရှေးက ဖြစ်ခဲ့တဲ့ အာ ဏာရှင်စနစ်ဆိုတာ ဘာလဲဆို တာ ပြည်သူအားလုံး သိတာပဲ။ ကျွန်တော်တို့ အဖြေရှာစရာမလို ဘူး’’ဟု ၎င်းက လွှတ်တော်အပြီး မီဒီယာများအား ပြောသည်။

အထက်ပါ ဆွေးနွေးမှုများ နှင့်ပတ်သက်၍ အဆိုနှင့် မသက် ဆိုင်သော အကြောင်းအရာများ၊ ကန့်ကွက်ချက်များ အားလုံးကို ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင် သန်းက အစည်းအဝေးတွင် ပြော ကြားသည်။

 ထို့နောက် ရခိုင်အ ရေးကိစ္စအဆိုနှင့် စပ်လျဉ်းပြီး ဆွေးနွေးရန် ကျန်ရှိသည့် လွှတ် တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင် စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်းကိစ္စ ဆောင်ရွက်မည့်နေ့ရက်ကို ကြို တင် အကြောင်းကြားမည်ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့ သည်

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အမျိုးသားလွှတ်တွင်ဆွေးနွေးစဉ် အပြန်အလှန်ကန့်ကွက်ပြောဆိုမှုများဖြစ် ခဲ့”

Post a Comment

Related Posts Plugin for WordPress, Blogger...