Saturday, August 19, 2017

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသက် ၆၀ ပြည့်ရင် ပင်စင်ယူရမှာဖြစ်ကြောင်း၊ ဥပဒေကခွင့်ပြုတဲ့အတိုင်းပဲလုပ်ရမှာဖြစ်ကြောင်း ကမ္ဘာသို့ပြောကြားခဲ့။

,
မေး။  ။  ဆက်မေးမှာတော့ ဒီလမ်းကြောင်းမတိုင်ခင်မှာ ပင်စင်ယူမှာလား။ ဒါမှ မဟုတ် ဒီလိုအခြေအနေတွေ ပြီးအောင် ဆောင်ရွက်ပြီးမှ ယူမှာလား။

ဖြေ။ ။ ကျနော်တို့ စစ်မှုထမ်း နိုင်ငံဝန်ထမ်း ဥပဒေအရပေါ့ အသက် ၆၀ ပြည့်ရင် အငြိမ်းစား ယူရမယ်။ အဲဒီတော့ ကျနော် အသက် ၆၀ မပြည့်ခင် ဒီကိစ္စတွေ ပြီးမယ် မပြီးဘူးဆိုတာတော့ အခြေအနေ အများကြီးအပေါ် မူတည်လိမ့်မယ်။ အဲဒီတော့ ကျနော် ပင်စင်ယူဖို့ မလိုအပ်သေးလို့ ပင်စင်မယူဘူးလို့ သွားလုပ်လို့ မရဘူး။ ဥပဒေအတိုင်းပဲ သွားရမယ်။ ဥပဒေက ခွင့်ပြုတဲ့ အတိုင်းပဲ ကျနော် သွားရမယ်။ အဲဒီတော့ အသက် ၆၀ မပြည့်ခင် ဖြစ်ချင်လည်း ဖြစ်သွားမှာပေါ့။ အသက် ၆၀ ပြည့်သွားလို့ မဖြစ်ရင်လဲ တာဝန်ရှိသူလုပ်သွားမှာပေါ့။ ကျနော်လည်း လုပ်နိုင်တဲ့ဘက်က ဝိုင်းကူပေးမှာပေါ့။ ကျနော်အနေနဲ့ ကျနော်ရှိတဲ့ အချိန်မှာ ဖြစ်ချင်တာပေါ့။

(မှတ်ချက်။  ။ ၃ ဇူလိုင် ၂ဝ၁၇ မှာအသက်၆ဝနှစ်ပြည့်ခဲ့တဲ့ ကာချုပ်ကြီးရဲ့ အမှုထမ်းသက်တမ်းမှာ ဥပဒေအရ ယခုလ ဇူလိုင်ကုန်တွင်ကုန်ဆုံးခဲ့ပါပြီ။

ဆက်လက် ၅နှစ် တာဝန်ထမ်းဆောင်ခြင်း ကို တပ်မတော် ၄လပါတ် အစည်းအဝေးအပြီး ကြေညာခဲ့ပါတယ်။  ကာချုပ်ကြီး ပြောခဲ့သည့် "... အဲဒီတော့ ကျနော် ပင်စင်ယူဖို့ မလိုအပ်သေးလို့ ပင်စင်မယူဘူးလို့ သွားလုပ်လို့ မရဘူး။ ဥပဒေအတိုင်းပဲ သွားရမယ်။ ဥပဒေက ခွင့်ပြုတဲ့ အတိုင်းပဲ ကျနော် သွားရမယ်။..." ဆိုသော အချက်နှင့် ဝိရောဓိဖြစ်နေပြီး ဥပဒေအတိုင်း သွား မသွား မေးခွန်းရှိလာပါသည်။

သမ္မတမှ ခွင့်ပြုချက်ပေးမပေး၊ ယခုထိ သတင်းထုတ်ပြန်မှု၊ကြေညာမှု မပြုသေးပါ။ အခြေခံဥပဒေ အခန်း(၇) တပ်မတော်၊ ပုဒ်မ ၃၄၂ အရ ကာချုပ် ကို သမတ မှ ခန့်အပ်တာဝန်ပေးအပ်ရမှာ ဖြစ်ပြီး၊ ကာလုံ၏ အဆိုပြုထောက်ခံချက်လည်း လိုအပ်ပါတယ်။

သက်တမ်းလွန် တာဝန်ဆက်လက် ထမ်းဆောင်ခြင်း အတွက် အငြင်းပွားဖွယ်ရာဖြစ်နေပြီး၊ယခုလို တာဝန်ထမ်းဆောင်ခြင်း အတွက် တပ်မတော်ဆိုင်ရာဥပဒေပြဌာန်းချက်များ ရှိခဲ့လျင် အခြေခံဥပဒေ အခန်း(၅)အုပ်ချုပ်ရေး၊ပုဒ်မ ၂၉၁ အရ ဥပဒေနှင့်အညီ ဆောင်ရွက် ရမှာဖြစ်ပါတယ်။

ထို့ကြောင့် လက်ရှိ ကာကွယ်ရေးဦးစီးချုပ်၏ ဆက်လက်တာဝန်ထမ်းဆောင်မှု တရားဝင်၊မဝင် ပြဌာန်းဥပဒေ များနှင့် ညီညွတ်ခြင်း ရှိ/မရှိ အငြင်းပွားဖွယ်ရာဖြစ်နေပါတယ်။   ဆက်လက်သက်တမ်းလွန် တာဝန်ထမ်းဆောင်ခြင်းအတွက် လုပ်ခ ကို လစာနှင့်ပေးချေမည်လား၊ နေ့စားဖြင့်ပေးချေမည်လား သတ်မှတ်ချက်အတွက် သက်ဆိုင်ရာ တပ်မတော်ဥပဒေပြဌာန်းချက်များ ကိုးကားပြသရန် လိုအပ်ပါတယ်။

လက်ရှိ အခြေခံဥပဒေအရ သမ္မတနှင့် ကာလုံတို့၏ Approvement Order လိုအပ်ပါတယ်
cd

https://m.facebook.com/story.php?story_fbid=1096668350466292&id=661818940617904

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသက် ၆၀ ပြည့်ရင် ပင်စင်ယူရမှာဖြစ်ကြောင်း၊ ဥပဒေကခွင့်ပြုတဲ့အတိုင်းပဲလုပ်ရမှာဖြစ်ကြောင်း ကမ္ဘာသို့ပြောကြားခဲ့။”

Post a Comment

Related Posts Plugin for WordPress, Blogger...