Thursday, August 10, 2017

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ အရ အရေးယူပေးရန် အဆို အမျိုးသားလွှတ်တော်၌ တင်သွင်း

,
မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ်  နေရပ်စွန့်ခွာထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးပါရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်က ယနေ့ကျင်းပသည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

အဆိုတင်သွင်းစဉ် အဆိုရှင်ဦးခင်မောင်လတ်က ရခိုင်ပြည်နယ် မေယု နယ်ခြားဒေသ၌ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ကျီးကန်းပြင် နယ်ခြား စောင့်ရဲဌာနချုပ်၊ ကိုးတန်ကောက်စခန်းနှင့် ငါးခူရစခန်းများကို အစွန်းရောက် အကြမ်းဖက်များ တိုက်ခိုက်ခြင်းသည် စနစ်တကျ ပြင်ဆင်ခဲ့သည်ကို ပေါ်လွင် ထင်ရှားနေပါကြောင်း၊ ထို့နောက် အစွန်းရောက်အကြမ်းဖက်သမားများသည် ယင်းဒေသရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအား စည်းရုံးသိမ်းသွင်းပြီး အမာခံအဖြစ် ခြေကုပ်ယူလျက် စည်းရုံးသိမ်းသွင်းမရသူများကို သစ္စာဖောက် အဖြစ်သတ်မှတ်၍ နေ့စဉ်နှင့်အမျှ သတ်ဖြတ်ဖမ်းဆီးမှုများ ဖြစ်ပေါ်လျက်ရှိပါ ကြောင်း။
၂၀၁၇ ခုနှစ် ဇွန်လ ၂၀ ရက်တွင် မေယုတောင်ကြောတစ်လျှောက် လျှို့ဝှက်စခန်းနေရာများ၊ လိုဏ်ခေါင်းများ၊ အကြမ်းဖက်သင်တန်းပေးမှုများကို တွေ့ရှိခြင်း၊ သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်နေခြင်းတို့ကြောင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များမှ ရခိုင်မျိုးနွယ်စုဝင် လူနည်းစုများ ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းအခြေအနေများ ဆိုးရွားကျဆင်းလျက် နေရပ်စွန့်ခွာ ထွက်ပြေးသည့်အခြေအနေသို့ ရောက်ရှိနေပါကြောင်း။
ဤအခြေအနေများသည် ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ်တွင် ရခိုင်မျိုးနွယ်များ သတ်ဖြတ်ခြင်းခံခဲ့ရသော အကြိုကာလ အဖြစ်အပျက်များနှင့် ထပ်တူကျနေသည်ဟု ဒေသခံသက်ကြီးများက ပြောဆိုကြပါကြောင်း၊ ဘူးသီး တောင်နှင့် မောင်တောဒေသ၌ လွန်ခဲ့သော နှစ်လ၊ သုံးလအတွင်း ဖြစ်စဉ်များကို ကြည့်ပါက တိုင်းရင်းသားလူနည်းစုများ၏ စိုးရိမ်ကြောက်လန့်မှုသည် အကြောင်း မဲ့သက်သက်မဟုတ်ဘဲ အကြမ်းဖက်လုပ်ရပ်များ အရှိန်မြှင့်လာပြီး အခြေအနေ ပိုဆိုးရန် အလားအလာရှိသည့်အတွက်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့ပြင် ဘူးသီးတောင်နှင့် မောင်တောဒေသကို ဖိလစ်ပိုင်နိုင်ငံ မာရာဝီ ဒေသကဲ့သို့ ဖြစ်လာနိုင်သည်ဟု နိုင်ငံတကာပညာရှင်အချို့က သုံးသပ်ထားကြောင်း၊ အယ်လ်ခိုင်ဒါ၊ တာလီဘန်စသော အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက် နယ်မြေသစ်သည် အရှေ့တောင်အာရှဖြစ်ပြီး အယ်လ်ခိုင်ဒါခေါင်းဆောင် ဇဝါဟာရီက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များ မှ မူဆလင်များအတွက် အယ်လ်ခိုင်ဒါအိန္ဒိယ မူဆလင်အဖွဲ့ခွဲကို ဖွဲ့စည်းထား ပြီးဖြစ်ကြောင်း တရားဝင်ကြေညာထားပါကြောင်း၊ ၂၀၁၆ ခုနှစ် ကမ္ဘာ့အကြမ်း ဖက်မှု အညွှန်းကိန်း (Glသဘal Tနမမသမငျာ Iညိနထ) အရ မြန်မာနိုင်ငံသည် အဆင့် ၄၅ သို့ ရောက်ရှိနေပြီး ဘူးသီးတောင်နှင့် မောင်တောဒေသ၏ အကြမ်း ဖက်ခံရနိုင်မှု အခြေအနေမှာ အလွန်မြင့်မားနေပါကြောင်းဖြင့် အဆိုတွင်ဖော်ပြ ထားသည်။
အကြမ်းဖက်အဖွဲ့ဝင်များကို အမြစ်ပြတ်ရှာဖွေဖော်ထုတ်ရာတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဝိုင်းဝန်းတိုက်ခိုက် အကြမ်းဖက်ရန်ရှာသူများနှင့် လတ်တလော ဩဂုတ် ၄ ရက် ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ် အောက်နန်းရာကျေးရွာတွင် RSဥ အကြမ်းဖက်များအား ဖမ်းဆီးသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန်ပြုသူများအား ထိရောက်စွာ တားဆီးနိုင်ရေးအတွက် ထိရောက်သော လုပ်ပိုင်ခွင့်အစီအမံများ ချမှတ်ပေးသင့်ကြောင်း နိုင်ငံတော်အစိုးရအား အကြံပြုလျက် ယခုအဆိုကို တင်သွင်းရခြင်းဖြစ်ပါကြောင်း အဆိုရှင် ဦးခင်မောင်လတ်က ပြောကြားသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေက ထောက်ခံဆွေးနွေးရာတွင် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်အပါအဝင် ကျေးရွာများမှ ပြည်သူများ၏ အသက် အန္တရာယ်များနှင့် အေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်စားသောက်ရေးကို ထိထိ ရောက်ရောက် ကာကွယ်မှုပြုနိုင်ရန်အတွက် လုံခြုံရေးအင်အား တိုးမြှင့် ဆောင်ရွက်ပေးရန်၊ တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ အား ကာကွယ်မှုတိုးမြှင့်ဆောင်ရွက်ပေးရန်နှင့် အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်နေကြသော အကြမ်းဖက်အဖွဲ့များအား အစီအစဉ်များ စနစ်တကျစီမံ၍ ထိထိရောက်ရောက် အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် ယနေ့အချိန်သည် အရေးတကြီးလိုအပ်နေပါကြောင်း။

ထို့ကြောင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များ အပါအဝင် ကျေးရွာများတွင် နေထိုင်လျက်ရှိသော အပြစ်မဲ့တိုင်းရင်းသား များအတွက် လုံခြုံရေးအင်အားကို ယခင်ကထက် တိုးမြှင့်ဆောင်ရွက်ပေးရန်၊ နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားရန်နှင့် အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်နေကြသော အကြမ်းဖက်အဖွဲ့များအား အစီအစဉ်များ စနစ်တကျစီမံပြုလုပ်၍ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်အတွက် ရခိုင် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ် တင်သွင်းသည့် အဆိုအား လေးလေးနက်နက် ထောက်ခံပါကြောင်း ပြောကြားသည်။

အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သဘောထား ရယူရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာသည်။

(သူရဇော်၊ မီမီဖြိုး)
https://m.facebook.com/story.php?story_fbid=1280224775438719&id=318455204949019

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ အရ အရေးယူပေးရန် အဆို အမျိုးသားလွှတ်တော်၌ တင်သွင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...