Monday, August 14, 2017

ရိုဟင်ဂျာ ဖြစ်ပေါ်လာမှု

,
ထိုင်းနိုင်ငံ ဘန်ကောက်မြို့  မဟီတော တက္ကသိုလ် မှာ ၂၀၁၆ ခုနှစ် မတ်လ ၉ ရက်နေ့ တွင် ရခိုင်သမိုင်း ဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပြောကြားချက်များ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတကာ ပညာရှင်များ ပြောကြားချက် အရ မြန်မာနိုင်ငံ မှာ ရိုဟင်ဂျာ ဆိုသည့် လူမျိုး (တိုင်းရင်းသားများ) မရှိခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ကြပါတယ်။
ရိုဟင်ဂျာလို့ ဆိုသူများသည် ဘင်္ဂါလီများသာဖြစ်ကြောင်း အတည်ပြုရှင်းလင်းပြောကြားခဲ့ ပါတယ်။
ပြင်သစ်နိုင်ငံအာရှလေ့ လာရေးဌာနမှ ဒေါက်တာ ဂျက်(စ်)ဘလိုက်တာ၊နယ်သာလန်နိုင်ငံ ဟိုက်ဖူးဒေသ ဒက်(စ်)ဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိုနှိုင်းဆောင်ရွက်ရေးမှုး လိုက်(ဖ်)တင်း တက္ကသိုလ် မှ ပါမောက္ခ ဒေါက်တာ စတက်(ဖ်)ဖန် ဘင်ဂလန်၊ဂျပန်နိုင်ငံ ကန်တာ တက္ကသိုလ် နိုင်ငံတကာ လေ့ လာရေး ဌာနမှ ပါမောက္ခ ဒေါက်တာအေးချမ်း တို့ မှရှင်းလင်းခဲ့ ကြပါတယ်။
၁၅ ရာစုနှင့် ၁၈ ကြားစုအကြား ရခိုင်ဒေသ နှင့် ဘင်္ဂဒေ့(စ်)နိုင်ငံ ဒေသအကြား ဆက်ဆံရေး အခြေနေများကို ဘလိုက်တာ၊နယ်သာလန်နိုင်ငံ ဟိုက်ဖူးဒေသ ဒက်(စ်)ဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိုနှိုင်းဆောင်ရွက်ရေးမှုး လိုက်(ဖ်)တင်း တက္ကသိုလ် မှ ပါမောက္ခ ဒေါက်တာ စတက်(ဖ်)ဖန် ဘင်ဂလန်မှရှင်းလင်းခဲ့ ပြီး ရိုဟင်ဂျာ ဆိုသည့် အသုံး အနှုန်း မတွေ့ ရှိခဲ့  ဘူးကြောင်း၊ ၁၇ ရာစု လောက်တွင် မွတ်စလင် လူမျိုး စုများ ရခိုင်ပြည်နယ် မြောက်ဦးမြို့ နယ် များတွင်တွေ့ ရှိခဲ့ ရပြီး ဖြစ်ကြောင်း၊ထို ကာလများတွင် ၎င်း မွတ်စလင် များသည် မိမိကိုယ်ကိုယ် ရိုဟင်ဂျာ ဟု သတ်မှတ်ထားခြင်း မရှိခဲ့ ပေ။ ၁၆၀၈ ခုနှစ်တွင် ပထမဦးဆုံး ဒက်(စ်) လူမျိုး တစ်ဦး မြောက်ဦးသို့ ရောက်ရှိခဲ့ သည်။ ၁၆၄၀ တွင် ရခိုင်လူမျိုး မိခင်နှင့် ရရှိသည့် ကလေးများ များစွာရှိနေပြီ ဖြစ်ကြောင်းပြောရှင်းလင်းခဲ့ ပါတယ်။ ရိုဟင်ဂျာ အသုံးနှုန်း သုံးစွဲမှု ခေါ်ဝေါ်မှု နှင့် ပါတ်သတ်ပြီး ပါမေက္ခဒေါက်တာ စတက်(ဖ်)ဖန် ဘင်ဂလန် မှ အထက်ပါတိုင်းဖြေကြားခဲ့ ခြင်းပဲ ဖြစ်ပါတယ်။
ဘင်ဂလန်၊ဂျပန်နိုင်ငံ ကန်တာ တက္ကသိုလ် နိုင်ငံတကာ လေ့ လာရေး ဌာနမှ ပါမောက္ခ ဒေါက်တာအေးချမ်း မှ ရခိုင်နယ်စပ်ဖြတ်ကျော် ရွှေ့ ပြောင်းနေထိုင်မှု မှ သည် လူမျိုးစု အကြမ်းဖက် မှု ခေါင်းစဉ် အား ရှင်းလင်းခဲ့ ပါတယ်။ ရိုဟင်ဂျာ စကားလုံးကို မည်သည့် အချိန်မှ စတင်သုံးစွဲ ခေါ်ဝေါ်ခဲ့ မှု ကိုရှင်းလင်းရာတွင် ၁၉၅၁ ခုနှစ်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင် မှ အဒူးက(စ်)ဖာ ဆိုသူမှ စတင် တီထွင်ခဲ့ ကြောင်း၊ ထိုသူသည် ရိုရှန်ခေါ် ရိုဟန် ဆိုသည့် စကားလုံးမှ စွဲယူသုံးစွဲ ခြင်းဖြစ်ကြောင်း ထိုစကားရပ်သည် ဘင်္ဂလီ စကားရပ်ဖြစ်ပြီး ဘင်္ဂါလီ များမှ ရခိုင် လူမျိုးများကို ခေါ်ဝေါ်သည့် စကားရပ် ဖြစ်ကြောင်း ရှင်းလင်းခဲ့ ကြခြင်းဖြစ်သည်။

FB

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရိုဟင်ဂျာ ဖြစ်ပေါ်လာမှု”

Post a Comment

Related Posts Plugin for WordPress, Blogger...