Wednesday, August 16, 2017

ပြည်ဖျက်သူခိုးတွေနေတဲ့တိုင်းပြည်

,
ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့စာတွေထဲမှာ
ဝေသာလီပြည်ကြီးဘီလူးတွေဝင်စီးတာ
ကိုယ်တွေ့မဟုတ်လို့ လက်ခံလို့မရခဲ့ဘူး

ကိုယ်တွေကြီးပြင်းခဲ့ရာ ဒီနိုင်ငံမှာ
စစ်ဘီလူးဆိုတာကြုံ တွေ့လိုက်တော့မှ
လူ့အသက်တွေတွေတင်မက
တိုင်းပြည်က ရှိသမျှ အကုန်မောင်ပိုင်သိမ်းတဲ့
ပြည်ဖျက်သူခိုးအာဏာရူးတွေ ကိုယ်တိုင်တွေ့ရတော့တယ်

မြေကြီးလည်းခိုးတယ်
ကျောက်စိမ်းလည်းခိုးတယ်
ကြေးနီ ရွှေ ရေနံ  ဂတ်စ် အကုန်ခိုးတယ်
သစ်မှန်သမျှလည်းခိုးတယ်
ကုန်ကုန်ပြောမယ် ကိုယ့်လူမျိုးမိန်းကလေးမှန်သမျှတောင်
တရုတ်ကိုအကုန်ရောင်းစား ဖာဖြစ်အောင်လုပ်တယ်
ရော်ဘာခြံတွေခိုးတယ်
လယ်ယာမြေတွေအကုန်မတရားသိမ်း
တစ်ဖက်လှည့်နဲ့ဘိန်းစိုက်ရောင်းချတယ်
ပြည်ဖျက်သူခိုးတွေက
မဟုတ်တာမှန်သမျှ မကောင်းတာမှန်သမျှအကုန်လုပ်တယ်
မိရင်လည်း ကားကြုံ စီးခဲ့တာလို့ အရှက်မဲ့မဲ့ပြောဆ်ုတတ်တယ်

ဒီ ပြည်ဖျက်သူခိုးတွေက
လူမျိုးချင်းသတ်ဖြတ်မှုတွေဖန်တီးတယ်
စစ်ပွဲတွေနဲ့ အာဏာကိုတည်ဆောက်ခဲ့ကြတယ်

ပြည်ဖျက်သူခိုးတွေကြောင့်
လယ်ယာမြေတွေ တောင်ယာစိုက်ခင်းတွေကစစ်တလင်းဖြစ်ခဲ့ရတယ်
လင်သေမုဆိုးမတွေပေါများတဲ့တိုင်းပြည်
အမိမဲ့ အဖမဲ့ မိဘမဲ့ကလေးတွေပေါများလာနေတဲ့တိုင်းပြည်
လူငယ် လူရွယ်တွေ ဒုက္ခိတ ဘဝအရောက်မြန်တဲ့တိုင်းပြည်
စာသင်ကျောင်းတွေသော့ခတ်ပြီး
စာကြည့်တိုက်တွေဖွင့် စာအုပ်ကောင်းတွေထောင်ချပစ်နေတဲ့တိုင်းပြည်

ဒီ တိုင်းပြည်ကို ဒီလိုပျက်ဆီးယိုယွင်းအောင်
စနစ်တကျဖန်တီးနေတဲ့ ပြည်ဖျက်သူခိုးတွေရှိနေခဲ့တယ်
သားပျောက်တဲ့အမေတွေ
အမေပျောက်တဲ့သားတွေ
မိသားစုမစုံတော့တဲ့ ထမင်းဝိုင်းတွေနဲ့ပြည်သူတွေဟာ
ဒီ ပြည်ဖျက်သူခိုးတွေကို ရွံနေတယ်

မှန်တာ ထပ်ပြောကြည့်မယ်
ခင်ဗျားတို့ကိုယ်တိုင်လက်ခံနိုင်မှ လက်ခံလိုက်ပါ
လူမသေပဲ နာမည်သေနေတဲ့ ပြည်ဖျက်သူခိုးတွေရှိနေတဲ့
ဒီ တိုင်းပြည်ငယ်လေးမှာ
အခုလည်း ကလိန်ဆန်တဲ့ ဇာတ်အိမ်တွေက
က လို့ ကောင်းနေဆဲပါပဲ။            ။

ဥာဏ်လှိုင်(ခ)ရန်ငြိမ်းသူ
15"8"2017

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပြည်ဖျက်သူခိုးတွေနေတဲ့တိုင်းပြည်”

Post a Comment

Related Posts Plugin for WordPress, Blogger...