Wednesday, August 23, 2017

ရခိုင်ပြည်နယ်(မြောက်ပိုင်း)အရေးNLD ကိုယ်စားလှယ်ဆွေးနွေးမှု တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုး ပြင်းထန်စွာကန့်ကွက်

,
နေပြည်တော် သြဂုတ် ၂၂
====================
လက်ရှိဖြစ်ပေါ်နေသည့် ရခိုင်ပြည်မြောက်ပိုင်း အကြမ်း ဖက်မှုများနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈) NLD  ပါတီ လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေး ပြောကြားမှုများနှင့်ပတ်သက်၍ လွှတ်တော်တွင်း ပွတ်တိုက်မှု များဖြစ်ပေါ်ခဲ့ရာ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက ဆွေးနွေးချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ပြီး ယင်းဆွေးနွေးချက်များအား ပယ်ဖျက် ပေးရန် လွှတ်တော်သို့ တောင်းဆိုလိုက်သည်။
ယနေ့ပြုလုပ်သည့်အမျိုးသား လွှတ်တော်အစည်းအဝေး ၄၇ ရက် မြောက်နေ့က အမျိုးသားလွှတ်တော် ၌ ဆွေးနွေးနေဆဲဖြစ်သည့် ရခိုင် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)  ဦးခင်မောင်လတ်တင်သွင်းသည့် မောင်တောနှင့်ဘူးသီးတောင်ဒေသ အကြမ်းဖက်အဖွဲ့များအား အကြမ်း ဖက်ဥပဒေအရ အရေးယူပေးရန်၊ ၄င်းတို့ခြိမ်းခြောက်မှုကြောင့် နေရပ် စွန့်ခွာတိုင်းရင်းသားကျေးရွာများ ဆက်လက်ရပ်တည်ရေး ဆောင်ရွက် ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းခဲ့သည့်အဆိုအား ဒေါ်အိ အိပြုံးက  ဆွေးနွေးခဲ့ရာတွင် တပ်မတော်ဂုဏ်သိက္ခာနှင့်အစိုးရ အဆက်ဆက်တို့အပေါ် အာဏာရှင် ဟူသည့် စကားရပ်တို့သုံးနှုန်းခဲ့ ခြင်းကြောင့်  ဗိုလ်ချုပ်သန်းစိုးက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
''တပ်မတော်က ရခိုင်အရေး ကိစ္စမှာ ဒီလိုပြောတာ တပ်မတော် ရဲ့ဂုဏ်သိက္ခာကို ထိခိုက်ပါတယ်။ လုံးဝလက်မခံပါဘူး။ ကန့်ကွက် ပါတယ်။ ဘဏ္ဍာငွေမြောက်မြား စွာ အသုံးပြုတယ်ဆိုတဲ့ဟာက ဒါ ဘဏ္ဍာရေးကော်မရှင်ကိုတင်ပြပြီး တော့မှ ခွင့်ပြုချက်နဲ့ သုံးခဲ့တာ အဆိုနဲ့မဆိုင်တဲ့ ပုဒ်မ ၃၉(ဌ) အရ အဆိုနဲ့ ဆွေးနွေးချက်နဲ့မဆိုင်တဲ့ ကိစ္စပြောတာကို လုံးဝလက်မခံပါ ဘူး။ ကန့်ကွက်ပါတယ်။ နောက် တစ်ခုရှိပါသေးတယ်။ အာဏာရှင် စနစ်ဆိုးဆိုတာ ဘာကိုဆိုလိုတာ လဲ၊ ဘယ်သူ့ကိုဆိုလိုတာလဲ ပွင့် ပွင့်လင်းလင်းသိချင်ပါတယ်။ ဒီ အစိုးရအဆက်ဆက်ကိုအာဏာရှင် စနစ်လို့ပြောတဲ့ဟာကို လက်ခံစရာ အကြောင်းမရှိပါဘူး။ ဒါက ဖွဲ့ စည်းပုံအခြေခံဥပဒေ ၁၂၅ အရ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက် နာပါမယ်လို့ ကိုယ်စားလှယ်တွေ က အားလုံးဇယား ၄ အရ သစ္စာ ပြုပြီးသားဖြစ်ပါတယ်။ ဒီဖွဲ့စည်း ပုံအခြေခံဥပဒေကနေပြီး ရိုင်းပျ တဲ့စကားလုံးမသုံးပါနဲ့ဆိုပြီးတော့ ဒါကိုလိုက်နာမှုမရှိတာကိုလည်း ကန့်ကွက်ပါတယ်။ ဒီစကားရပ် ကိုလည်း ပယ်ဖျက်ပေးဖို့ တောင်း ဆိုပါတယ်'ဟု တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဗိုလ်ချုပ်သန်းစိုးက ဒေါ်အိ အိပြုံး၏ဆွေးနွေးမှုအား ပြင်းထန် စွာ ကန့်ကွက်ခဲ့သည်။
ကိုကိုလွင်

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင်ပြည်နယ်(မြောက်ပိုင်း)အရေးNLD ကိုယ်စားလှယ်ဆွေးနွေးမှု တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုး ပြင်းထန်စွာကန့်ကွက်”

Post a Comment

Related Posts Plugin for WordPress, Blogger...