Tuesday, August 22, 2017

မောင်တောမြို့တွင်း ရပ်ကွက်တစ်ခုမှ အကြမ်းဖက်သမားဟု ယူဆရသူတစ်ဦးကို ဖမ်းဆီးမိ

,
နိရဉ္စရာ၊ သြဂုတ် ၂၂

မောင်တောမြို့ အရှေ့မြောက်ဘက် ၁ မိုင်ခန့် အကွာ ရွာသစ်ကေရပ်ကွက် (အရှေ့ရွာ) မှ ဟာမစ်ဟူဆောင်း (၂၅)နှစ် (ဘ)နာဇီအူဆောင်းကို ဓါးမျိုးစုံ ၅ လက်အပါအ၀င် စစ်အသုံးဆောင် ပစ္စည်းတစ်ချို့နှင့်အတူ ဖမ်းဆီးရမိသည်ဟု သတင်းရရှိသည်။

သတင်းအရ မောင်တောမြို့နယ်မှူးကျော်မြဝင်းဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် ရွာသစ်ကေ ရပ်ကွက် (အရှေ့ရွာ)နေ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တို့လိုက်ပါပြီး သြဂုတ်လ ၂၁ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် ရွာသစ်ကေ ရပ်ကွက် အရှေ့ ရွာနေ ဟာမစ်ဟူဆောင်း(၂၅) နှစ်(ဘ)နာဇီအူဆောင်း နေအိမ်သို့ ရှောင်တခင် ဝင်ရောက် စီးနှင်း ရှာဖွေခဲ့သည်ဟု သိရသည်။

ထိုသို့ရှာဖွေစဉ် အိမ်၏ အိပ်ခန်းခေါင်းရင်းမှ အနက်ရောင် ဂျာစီ အကျီတစ်ထည်၊ နက်ပြာရောင် သရေစည်း ဘောင်းဘီတိုတစ် ထည်၊ နက်ပြာရောင်ဘောင်ဘီတိုတစ်ထည်၊ တရုတ်နိုင်ငံလုပ် နံပါတ် (၇) တောစီး အရှည် စစ်သုံး အစိမ်းရောင် ဖိနပ်တစ်ရံ၊ အစိမ်းရောင်ခြေအိပ် တစ်စုံ၊ စစ်သုံး ဒန်သောက် ရေဗူးခွံတစ် ဗူး၊ ဓါးမျိုးစုံ ၅ လက်အပြင် တစ်ခြားအသုံးအဆောင်များအား ဟာမစ်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း မောင်တော ရဲစခန်းမှ အတည်ပြုပြောကြားသည်။

ရဲအုပ်ရွှေထွန်းလူမှ ၎င်းအမှုအား တရားလိုပြုလုပ်ပြီး ၁၉၄/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၁၄၀) အရ အမူဖွင့်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရပါသည်။

အောင်ကျော်မင်း(မောင်တော)

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မောင်တောမြို့တွင်း ရပ်ကွက်တစ်ခုမှ အကြမ်းဖက်သမားဟု ယူဆရသူတစ်ဦးကို ဖမ်းဆီးမိ”

Post a Comment

Related Posts Plugin for WordPress, Blogger...