Thursday, September 7, 2017

လေရူးသုန်သုန်နှင့် မြန်မာပြည်

,
လေရူးသုန်သုန်ဆိုတာ ကျနော်သိပ်ကို ကြိုက်တဲ့စာအုပ်ပေါ့။ အမေရိကန်ပြည်တွင်းစစ်ကို နောက်ခံထားတာ။ လင်ကွန်းလက်ထက် လူမည်းတွေကို ကျွန်စနစ်က လွတ်ဖို့ လုပ်တဲ့အချိန်မှာ တောင်ပိုင်းက လယ်ပိုင်ရှင် လူဖြူသူဌေးတွေက မကျေနပ်ဘူး။ လက်နက်စွဲကိုင် တော်လှန်ဖို့လုပ်ကြတယ်။ သူတို့စိတ်ထဲ စစ်ဆိုတာ လွယ်လွယ်ပဲထင်နေတာ။ သေနတ်ကိုင်ပီး ပစ်လိုက်ရင် ပီးပီထင်နေတာ။ အဲဒီအချိန်မျာ မင်းသားက ရတ်ဘတ်တလာ။ သူက အရှိကို အရှိအတိုင်းမြင်တဲ့သူ။ သူကပြောတယ်။ ကျနော်တို့ တောင်ပိုင်းမှာ ၀ါဂွမ်းရယ်၊ ဘ၀င်မြင့်တာရယ်ပဲရှိတယ်။ စစ်တိုက်တယ်ဆိုတာ ပန်းနဲ့ပေါက်တာမဟုတ်ဘူး။ ငတ်ရတာ။ ပြတ်ရတာ။ ယန်းကီးဒေသတွေ သွားကြည့်။ လက်နက်စက်ရုံတွေ။ ကြေးစားစစ်သားတွေနဲ့ ခင်ဗျားတို့ ဘယ်လိုယှဉ်နိုင်မလဲလို့ပြောတော့ သူ့ကို သစ္စာဖောက်လို့ ဆိုကြတယ်။ ပစ်ပယ်ထားကြတယ်။ တကယ်တိုက်တော့ ယန်းကီးတွေပဲ အပြတ်နိုင်သွားတယ်။ လောကမှာ လက်ရှိအကြောင်းတရားနဲ့ ဝေးကွာခြင်းဟာ ဆုံးရှုံးရခြင်းလမ်းတခုပဲ။

အခုလဲ ဒီလိုပါပဲ။ ကျနော်တို့ဆီမှာ ဆန်မရှိ အစားကြီးတာတွေမြင်နေရတယ်။ ပထမတခု ကျနော်တို့တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေမှာ ပါတယ်။ အခုရခိုင်ဒုက္ခသည်စခန်းတွေမှာ NGO တွေ UN က အကူအညီတွေ လက်မခံဘူး။ သွေးပူနေတုန်းဆိုတော့ ထားပါတော့။ တိုင်းပြည်တခုလုံးက အလှူငွေတွေ၊ ပစ္စည်းတွေ ရိက္ခာတွေ ၀ိုင်းပံ့ပိုးကြတယ်။ ဟုတ်ပီ။ ဘယ်နှစ်လပံ့ပိုးမလဲ။ ၆လလား ၁နှစ်လား။ ဒီလောက်စီးပွားရေးကြပ်တည်းနေချိန်မှာ ဒီကိစ္စဟာ ကြာလာရင် တိုင်းပြည်အပေါ်အများကြီး ၀န်ပိစေမယ်။ ကချင်ဘက်ကစခန်းတွေတောင် ကမ္ဘာက အဓိကထောက်ပံ့နေရတာ။ နေရာသစ်မှာ အခြေကျဖို့ပဲ လုပ်ပေးရမယ်။ နောက်ဆုံးငတ်လာရင်တော့ လူဆိုတာ အကုန်စားသတဲ့။ ဒါက ပထမ အခုကြုံတွေ့နေရတဲ့ ကိစ္စ။ နိုင်ငံတော်ငွေထဲက ကျခံသုံးစွဲနေရတယ်။

နောက်တခု မော်ဒိုက်က စီးပွားရေးဖြတ်တောက်တယ်။ ဒီလိုကျွန်းနိုင်ငံလေးနဲ့ အဆက်အသွယ်ဖြတ်ရတာ အရေးမကြီးပါဘူး။ ဒါပေမယ့် OIC နိုင်ငံတွေက ရေနံမရောင်းတော့ဘူးဆိုတဲ့အသံတွေကြားနေရတယ်။ ဘယ်လိုလုပ်မလဲ။ အင်ဂျင်ဝိုင်တွေ ဒီဇယ်တွေ ဓာတ်ဆီဈေးတွေ ထိုးတက်မယ်။ မတန်တဆဈေးနဲ့ဝယ်ရမယ်။ နောက်ဆုံး ကားတွေ ဆိုင်ကယ်တွေ အိမ်မှာထိုးထားပီး လမ်းဆင်းလျှောက်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီပလိုမေစီနည်းနဲ့ သွားနေတယ်။ ဒီမှာက သတ်ပါ ဖြတ်ပါ လုပ်နေတယ်။ တခုခုက လွဲနေတယ်။ ဒါကြောင့် အခု အိန္ဒိယနဲ့ ကြိုတင်ပီး စွမ်းအင်စာချုပ်ချုပ်ေ်နရတယ်။ တခါ ဘင်္ဂလားကို ချပါ နှက်ပါ အော်ကြပြန်တယ်။ စစ်လက်နက်ကြီးတွေ စာတွေနဲ့ ရေးပြတယ်။ တကယ် ယထြာဘုယျကျကျယှဉ်ပါ။ သူတို့ဆီမှာက အမေရိကန်လုပ် လေယာဉ်တွေ၊ ဒီမှာမရှိတဲ့ ရေငုတ်သင်္ဘောတွေနဲ့ စိန့်မာတင်ကျွန်းတောင် ပေးလိုက်ရပီးပီ။ ဟိုက ကူညီပီး ရှင်းလင်းမယ်ပြောလို့ ၂နိုင်ငံ အစိုးရချင်းချိတ်ဆက်လုပ်နေတုန်း ကြားထဲက ငထွားခါးမနာပါနဲံ။ ပါကစ္စတန်ဆိုတာကလဲ ကိုယ်တွေကတောင် သူတို့ဆီက လေယာဉ်ဝယ်နေရတာ။ တခါတရံမှာ လက်ရှိအခြေအနေနဲ့ကင်းကွာနေခြင်းဟာ ကိုယ့်ဒုက္ခကို ကိုယ်ရှာသလိုပါပဲ။ တခါ တူရကီက အာဒိုဂန်က မနေ့က အမေစုနဲ့ ဖုန်းပြောပါတယ်။ တူရကီစစ်တပ်ဟာ ကမ္ဘာ့အဆင့် ၇ ပါ။ တူရကီဟာ ငြိမ်းချမ်းတဲ့နိုင်ငံတခုဖြစ်ခဲ့ပေမယ့် အာဒိုဂန်ကတော့ အစ္စလာမ်ဘာသာကို အခြေပြုပီး အာဏာရှင်ဆန်ဆန်လုပ်ဖို့ ကြိုးစားနေသူပါ။ သူ့ကိုယ်သူ အစ္စလာမ်နိုင်ငံတွေရဲ့ ခေါင်းဆောင်ဖြစ်အောင် ပြုလုပ်နေသူပါ။ ဒါကြောင့် အခုလဲ ဘင်္ဂလားဒေ့ရှ်ကို အကူအညီအများဆုံး ပေးနေပါတယ်။ သူတို့နဲ့ ယှဉ်ရတာဟာ အစိုးရကော တပ်မတော်အတွက်ပါ အရာရာမှာ အတော်ချင့်ချိန်ပီး လုပ်နေရတာပါ။

နောက်ဆုံး အခု မြန်မာပြည်တွင်း မြို့ကြီးတွေမှာ အကြမ်းဖက်တာတွေ ဖြစ်လာနိုင်လို့ သတိထားကြဖို့ ထုတ်ပြန်ရပီ။ လွန်ခဲ့တဲ့တချိန်က အစွန်းရောက်အဖွဲ့တခုက တခြားဘာသာတွေကို ဖိနှိပ်နေထဲက အမျှော်အမြင်ရှိတဲ့ ဗုဒ္ဒဘာသာဝင်တွေ။ အများစုသော ပြည်သူတွေက တချိန်မှာ အကြမ်းဖက်တာတွေ ဖြစ်လာရင် သူတို့အပြစ်ပဲလို့ သတိပေးခဲ့ကြဖူးပါတယ်။ အခု သူတို့မွှေးတဲ့မီးက ပိုပီးကြီးလာတဲ့အခါ တချိန်လုံး ကုလား ကုလားနဲ့ အစိုးရကို တိုက်ခိုက်ခဲ့တဲ့သူတွေက မသိသလိုလုပ်ပီး အသံမထွက်ရဲတော့ပါဘူး။ တကယ်ဖြစ်လာရင် ခံရမှာက တတိုင်းပြည်လုံးက အေးအေးချမ်းချမ်းနေထိုင်လိုတဲ့ ပြည်သူတွေပါ။ မောင်တောသွားပီး ရဲကားကြီးစီး ကုလားတွေကိုပဲ တရားပြမလိုလုပ်တဲ့ မန်းမြို့က ၀ီဝီခေါ်တဲ့ကတုံးကြီးလဲ ခုကျ ဘာအသံမှ မထွက်ပါဘူး။ ပရဟိတသမားတွေ မောင်တောမှာ သွားရောက်ကူညီနေတုန်း မကြာမကြာသွားနေတဲ့ ဆြာဒေါ်ဂျီးက မောင်တောဆိုတာကို အသံကျယ်ကျယ်တောင် မပြောရဲတော့ဘူး။ သိပ်စိတ်ပျက်ဖို့ကောင်းတဲ့ မျိုးချစ်တွေပါ။ အခု ပြသနာဖြစ်တော့ အမေစုနဲ့ အစိုးရခေါင်းပေါ် ပုံချပီး သူတို့ကြောင့် မဟုတ်သလိုလို ထိုင်အပြစ်တင်နေပါတယ်။ ၀ီဝီကို ဆရာတင်ခဲ့တဲ့ ရခိုင်တချို့လဲ နားလည်သင့်ပါပီ။

ကျနော်ကတော့ ကျနော့်သူငယ်ချင်းတွေကို အဖြစ်မှန်ကို သေချာစဉ်းစားချင့်ချိန်နိုင်တဲ့သူတွေပဲ ဖြစ်စေချင်ပါတယ်။ တဖက်ပိတ်တွေ မဖြစ်စေချင်ပါဘူး။ ဒါကြောင့် အမုန်းခံပီး စေတနာနဲ့ ဒီစာကို ရေးလိုက်ပါတယ်။ အစိုးရဟာ အလွန်နွမ်းပါးတဲ့တိုင်းပြည်ကို မနည်းထူထောင်ဖို့ လုပ်နေရတာပါ။ ဒီကြားထဲ ဒီလိုကိစ္စတွေနဲ့ဆို တိုးတက်ဖို့မလွယ်ပါဘူး။ စီးပွားရေးထိရင် အားလုံး အခက်တွေ့ကြမှာပါ။ အခုအချိန်မှာ လုပ်ရမှာက တတ်နိုင်သလောက် ဘယ်သူက အကြမ်းဖက်လဲ။ ဘယ်လိုကြောင့် ဘယ်လိုဖြစ်လာသလဲဆိုတာ ကမ္ဘာကသိအောင် တဆင့်ချင်းတင်ပြရမှာပါ။ နောက်ပီး ဒါက အကြမ်းဖက်တွေကို တိုက်ခိုက်နေတာဖြစ်ကြောင်း ကမ္ဘာကနားလည်လာပီး ပူးပေါင်းလာအောင် ဆောင်ရွက်ကြရမှာပါ။ ပေ့ခ်ျတကာလိုက်ပီး ဆဲနေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ လက်ရှိအချိန်မှာ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားနဲ့ စဆရက လုပ်မနေပဲ အစိုးရကို ယုံကြည်ချက်ထားပီး တိုင်းပြည် တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ ကိုယ်တတ်အားသလောက် ၀ိုင်းဝန်းကူညီကြရမယ့်အချိန်လို့ပဲ ပြောချင်ပါတော့တယ်။

https://m.facebook.com/story.php?story_fbid=1435318279879085&id=100002027817121

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ လေရူးသုန်သုန်နှင့် မြန်မာပြည်”

Post a Comment

Related Posts Plugin for WordPress, Blogger...