Monday, September 11, 2017

“ရဲအင်အားနဲ့မထိန်းနိုင်တော့ဘူးဆိုတာသေချာတယ်”တောင်တွင်းကြီးဒေသခံတစ်ဦး

,
ဟိန်းအောင်
Myanmar Muslim Media
စက်တင်ဘာ ၁၀၊ ၂၀၁၇

တောင်တွင်းကြီးတွင် ဒုတ် ဓားလက်နက်ကိုင်ကာ နိုင်ငံတော်သီချင်းနှင့် အမျိုးသားရေးသီချင်း(၉၆၉)သီချင်းများသီဆိုသည့် လူအုပ်စုက အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်နှင့် ဆိုင်ခန်းများကို စတင်ဖျက်ဆီးနေပြီဖြစ်ကြောင်း အဆိုပါဖြစ်ရပ်ကို မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးကပြောသည်။

“မွတ်စလင်မ်အိမ်နဲ့ ဆိုင်တွေကို စာရင်းနဲ့အော်ပြီး ဒါပြီးရင်ဘယ်သွားဆိုပြီးလိုက်ဖျက် နေတာပါ။ရဲစခန်းကို ဖုန်းဆက်တော့လည်း သူတို့လည်း တခြားတစ်ဖွဲ့ကို ထိန်းနေရလို့မနိုင်တော့ဘူးလို့ပြောတယ်။ဒီပုံစံအတိုင်းဆို ရဲအင်အားနဲ့မထိန်းနိုင်တော့ဘူးဆိုတာသေချာတယ်”ဟု လုံခြုံရေးအရ အမည်မဖေါ်လိုသည့် ဒေသခံတစ်ဦးက Myanmar Muslim Media သို့ ည ၈နာရီ ၅၀ မိနစ်အချိန်တွင်ပြောသည်။

တောင်တွင်းကြီးမြို့တွင် ဒုတ် ဓားလက်နက် ကိုင်ဆောင်ထားသည့် အင်အား ၅၀ ထက်မနည်း လူအုပ်စုသည် နိုင်ငံတော်သီချင်း သီဆိုခြင်း၊ ၉ ၆၉  သီချင်းသီဆိုခြင်းများကို တောင်တွင်းကြီး မကွေးကားလမ်းမကြီးတစ်လျှောက် ပြုလုပ်နေပြီး အစ္စလာမ်ဘာသာဝင် ဈေးဆိုင်များကိုလည်း ဂဲများဖြင့် ပစ်ပေါက်ရန်စခြင်းများကို စက်တင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် စတင်ပြုလုပ်နေခြင်းဖြစ်သည်။

တောင်တွင်းကြီး ဗလီဝတ်ကျောင်းတော်ကိုစတင်ဖျက်ဆီးနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း Myanmar Muslim Media  အနေဖြင့် ည ၉  နာရီ ၁၀ မိနစ်အထိ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

https://m.facebook.com/story.php?story_fbid=468669866848165&id=100011154662687

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ “ရဲအင်အားနဲ့မထိန်းနိုင်တော့ဘူးဆိုတာသေချာတယ်”တောင်တွင်းကြီးဒေသခံတစ်ဦး”

Post a Comment

Related Posts Plugin for WordPress, Blogger...