Tuesday, September 12, 2017

ဦးကိုကိုလှိုင် ဆွေးနွေးပြောကြားမှု (အပိုင်း ၆)

,

" Citizenship ပြဿနာကြောင့်မို့ သူတို့အနေနဲ့ Nationality မဟုတ်တဲ့အတွက်ကြောင့်၊ တိုင်းရင်းသား မဟုတ်တဲ့ အတွက်ကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုဖို့ ဘယ်လိုမှမလွယ်ဘူး။ ဒါကြောင့် ရရာနည်းနဲ့ ဒီမှာရှိနေတဲ့ အုပ်ချုပ်မှုယန္တရားကို ဖယ်ရှားပစ်မယ်။ ဒီမှာရှိနေတဲ့ သူတို့မဟုတ်တဲ့ တိုင်းရင်းသားတွေကို ဖယ်ရှားပြစ်မယ်။ ဒီနယ်မြေတစ်ခုလုံးမှာ အစိုးရ ဒါမှမဟုတ်လို့ရှိရင် တိုင်းရင်းသား ဝင်မရအောင် လုပ်မယ်..."

ဦးကိုကိုလှိုင် ဆွေးနွေးပြောကြားမှု (အပိုင်း ၆)

ကျွန်တော်တို့ ဘာတွေကို ရင်ဆိုင်နေရတာလည်း ဆိုတော့ လက်ရှိ အခြေအနေမှာ မြင်တဲ့အတိုင်း သူတို့ကဒီလိုလုပ်တယ် အပြင်ဘက်မှာ တစ်ယောက်မှ ဒီပုံတွေ မထွက်လာဘူး။ တစ်ဖက်သတ် ကျွန်တော်တို့ ပြောခံနေရတယ်။ အဲ့တော့ နောက်ဆုံးသူတို့က ဘာကိုရည်ရွယ် တာလဲဆိုတော့ Operation Of Area Denial, Population Denial, Political Denial။အဲ့ဒီနေရာမှာCitizenship ပြဿနာကြောင့်မို့ သူတို့အနေနဲ့ Nationality မဟုတ်တဲ့အတွက်ကြောင့်၊ တိုင်းရင်းသား မဟုတ်တဲ့ အတွက်ကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုဖို့ ဘယ်လိုမှမလွယ်ဘူး။ ဒါကြောင့် ရရာနည်းနဲ့ ဒီမှာရှိနေတဲ့ အုပ်ချုပ်မှုယန္တရားကို ဖယ်ရှားပစ်မယ်။ ဒီမှာရှိနေတဲ့ သူတို့မဟုတ်တဲ့ တိုင်းရင်းသားတွေကို ဖယ်ရှားပြစ်မယ်။ ဒီနယ်မြေတစ်ခုလုံးမှာ အစိုးရ ဒါမှမဟုတ်လို့ရှိရင် တိုင်းရင်းသား ဝင်မရအောင် လုပ်မယ်။ ဒီလိုလုပ်တဲ့ နေရာမှာ ကျွန် တော်တို့ တင်ပြခဲ့သလိုပဲ တင့်ကားမလိုဘူး။ တိုက်ခိုက်ရေး ရဟတ်ယာဉ်လည်း မလိုဘူး။ ဗုံးကြဲလေယာဉ် မလိုဘူး။ ဘာလိုလဲ ဂျင်ကလိ၊ ဓား၊ သူတို့ပြတဲ့ဥစ္စာ ဒါက Insurgency ပဲ ဒါက စခန်းတွေကို တိုက်တာပဲ။ ဒါအကြမ်းဖက် မဟုတ်ဘူး။ အိမ်တွေကို မီးရှို့တာ။ အစိုးရက ရှို့တာပဲ။ စစ်တပ်ကရှို့တာပဲ။ သူတို့မဟုတ်ဘူး။ လူတွေပစ်ခံရလို့လူတွေ အုပ်လိုက်ချီပြီး ပြေးလာတယ်။ ဒါ Genocide ပဲ။ သို့သော် အားလုံးသိတဲ့ အတိုင်းပဲ။ အိမ်ကိုဘယ်သူ မီးရှို့သလဲ။ အခု ပေါ်လာပြီ။ သူတို့ဟာသူတို့ပြန်ရှို့တာ။ ဒီ Terrorist တွေကနေ ရှို့သွားတယ်။ နေစရာမရှိတဲ့လူတွေက ဟိုဘက်ကို မပြေးလို့ ဘယ်သွားပြေးရမလဲ။ ပြေးတဲ့ အခါကျတော့ ဆီးပြီးတော့မှ ဓာတ်ပုံတွေ ရိုက်တယ်။ အင်တာဗျူးတွေ လုပ် တယ်။ လုပ်ပြီးတဲ့ အခါကျတော့ ဒီလူတွေကThe most Persecuted Minority in the world ထပ်ပြီးတော့မှ လွှတ်လိုက်တယ်။ ကမ္ဘာက ယုံတယ်။ ဒီကသတင်းတွေ ထွက်မရအောင် ပိတ်ထားတယ်။ အဲ့လိုနည်းလမ်းမျိုးနဲ့ ကျွန်တော်တို့က ပူးပေါင်းကြံစည်ထားတဲ့ Plan ဒါကို ကျွန်တော်တို့ ရင်ဆိုင်နေရတာ ဖြစ်တယ်။
ဒါကျွန်တော်တို့ရဲ့ ဒီနှစ်မှာဖြစ် နေတဲ့ အနေအထား၊ အဲ့တော့ ပြန်ကြည့်လိုက်လို့ရှိရင် ဒါဟာနိုင်ငံတကာ ပုံစံတွေ။ ချေချင်းညာမှာ ဖြစ်တုန်းက တပ်ကလည်းWeak ဖြစ်တယ်၊ အစိုးရလည်း Weak ဖြစ်တယ်။ စီးပွားရေးလည်း ချွတ်ခြုံကျတယ်။ တပ်ကရဲဘော်တွေလည်း ပိုက်ဆံမပေးနိုင်လို့ မုန်လာဥကို ပေးနေရတဲ့ အချိန်မှာ ရဲဘော်တွေ ရိက္ခာမပေးနိုင်လို့ ဗလာ ဒီဗော့စတော့မှာ ရေတပ်က Cadet တွေ သေကုန်တယ်။ အဲဒီအခြေအနေမှာ ပထမချေချင်းညာ စစ်ပွဲဖြစ်တယ်။ ရှုံးတယ်။ အကုန်ထွက် ပြေးရ တယ်။ နောက်ဆုံး သူမထိန်းနိုင်တော့တဲ့ အခါကျတော့ ချေချင်းညာမှာ လွတ်လပ်ရေးက ကြေညာထားပြီးပြီ။ အစိုးရ သက်သက်ဖြစ်နေတယ်။

အဲ့အခါကျတော့ ပူတင်ကို ဝန်ကြီးချုပ်ခန့်ပြီး ရှင်းခိုင်းလိုက်တဲ့ အခါကျမှ ပူတင်က အင်အားနဲ့ ဝင်ပြီးတော့ လုပ်လိုက် တဲ့အခါ အခုပုံထဲမှာ တွေ့တဲ့အတိုင်းပဲ။ ဂရော့ဇနီမြို့ကြီးလည်း တစ်ခါတည်းပြားသွားရော။ အဲဒီမှလည်း ပွဲကလည်း ပြီးသွားရော။ ကျွန်တော်ပြောချင်တာက ဒီလိုကိစ္စမျိုး ရှင်းတဲ့အခါမှာ Strong Dicision, Strong Leadership, Strong Government လိုတယ်။မျိုးစုံပြောတာပဲ။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အဲ့ဒီတုန်းက ပြောချင်တာပြော နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးအတွက်ကတော့ မျက်စိမှိတ်ပြီး လုပ်ကြရပါတယ် ဆိုတာလေးကို ဒါပြောတာ။ နောက်တစ်ခါ ကိုဆိုဗို ကျွန်တော် တင်ပြခဲ့ပြီးပြီ၊ မြင်တဲ့အတိုင်းပဲ ဆားဗီးယားတပ်ဖွဲ့တွေကို UN အမည်ခံပြီးတော့မှ ဒါ NATO အုပ်စု တွေက ဖမ်းလာတာ။ အဲ့တော့ တစ်ချိန်တုန်းက ဆားဗီးယားတွေရဲ့ ဒီပုဂံ လိုမျိုး ဖြစ်တဲ့ဟာတွေက အကုန်လုံး ပြားသွား ပြီး NATO ဗုံးကြဲလိုက်လို့ အခုဘာဖြစ်သွားပြီလည်း ကိုဆိုဗိုက သီးခြားနိုင်ငံ ဖြစ်သွားပြီ။ ဥပဒေနဲ့ ဝိုင်းကျပ်ပြီးတော့မှ လုပ်လိုက်ကြတယ်။ ကျွန်တော်စောစောက တင်ပြသလိုပဲ နိုင်ငံတစ်ခုဆိုတာ လူနဲ့နယ်မြေနဲ့ ရှိတယ်။ နယ်မြေဆိုတာ စကားမပြောတတ်ဘူး။ လူတွေက စကားပြောတတ်တယ်။  စကားပြောတတ်တဲ့လူနဲ့ ဒီနယ်မြေမှာ ဘယ်လောက်ရှိသလဲဆိုတာ အဆုံးအဖြတ်ပဲ။

ဟိုတုန်းက ပါလက်စတိုင်းတွေ အစ္စရေးလို့ခေါ်တဲ့ အခုခေါ်တဲ့နေရာမှာ နှစ်ထောင်ပေါင်း ချီပြီးနေခဲ့တယ်။ ဒါပေမဲ့ ဂျူးတွေက သူတို့နယ်မြေမရှိတဲ့ အခါကြတော့ ဒါဟိုရှေးရှေးတုန်းက ငါတို့နယ်မြေဆိုပြီးတော့မှ စစ်ဝင်တိုက်လိုက်တဲ့အခါမှာ ဘာဖြစ်သွားလဲ။ ဒီပါလက်စတိုင်းပေါင်း သန်းပေါင်းများစွာ အာ ရပ်နိုင်ငံတွေမှာ ခွေးတိုး ပေါက်ဝင်တဲ့ မျိုးဆက်ဘယ်နှစ်ဆက်ရှိသလဲ။ အခုမြေးတွေ၊ မြစ်တွေအထိရောက်နေပြီ။ ပြန်လည်း မပြန်နိုင်သေးဘူး။ ပါလက်စတိုင်း နိုင်ငံထောင်တဲ့သူတွေ ပြန်လာလို့ရမလား မပြောနိုင်ဘူး။ အဲ့တော့ဘာဖြစ်လဲ။ သူတို့ကလည်း သူတို့ နည်းသူတို့ဟန်နဲ့ ပြန်ပြီးတော့မှလုပ်တာ Popular Revolt တွေ အခုမြင်တဲ့အတိုင်းပဲ Anti Fatal လို့ခေါ်တာပေါ့။  အဲဒီပုံစံမျိုးကို သူတို့ယူထားပြီး ဘူးသီးတောင်၊ မောင်တောမှာ Popular Revolt လုပ်နေတာ။ ကျွန်တော်ပြောသလို   တင့်ကားမလိုဘူး။ တင့်ကားကို ခဲနဲ့ပေါက်မယ့် လူပဲလိုတာ။ သီရိလင်္ကာမှာလည်း ဒါမျိုးဖြစ်ခဲ့တာပဲ။ ကျွန်တော်တင်ပြခဲ့ပြီး။ ဆင်ဂါလီတွေ ဒီဂျက်ဖနာမြောက်ပိုင်းမှာ ဒီအုပ်စိုးနေတဲ့ Tamil Tiger တွေကို အမျိုးမျိုး ငြိမ်းချမ်းရေးရအောင် ကြိုး စားနေတာ အနောက်အုပ်စုကဝင်ပြီးတော့ ညှိနှိုင်းပေးတဲ့ နိုဘယ်ဆုရ ပုဂ္ဂိုလ်တွေနဲ့လည်း ညှိတယ်။ ညှိလို့ရတယ်။ အပစ်အခတ်ရပ်စဲရေးရတယ်။ ရတဲ့အချိန်မှာ ဘာလုပ်သလဲဆိုတော့ ဆိုဗီယက်ကြီး ပြိုကွဲပြီးတဲ့အချိန် အပစ်အခတ် ရပ်စဲရေးကာလကို အခွင့်ကောင်းယူပြီးတော့မှ သင်္ဘောသုံးလေးစင်းစာလောက် ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ စစ်လက် နက်ပစ္စည်းတွေကို အရင် ရုရှား၊ ဆိုဗီယက် အဟောင်းနိုင်ငံတွေဖြစ်တဲ့ ယူကရိန်းတို့က နေပြီးတော့မှ သယ်လာတယ်။  လောလောဆယ် Tamil Tiger အနုကြမ်းစီးပြီးတော့ သူတို့သင်္ဘောလုပ်ထားတာ အဲ့တော့ အဲ့ဒီဟာတွေနဲ့ ပြင်ဆင်ပြီး စေ့စပ်ဆွေးနွေးရေးကိုလည်း မဖြစ်ဖြစ်အောင် အချိန်ဆွဲထားပြီးတော့ သူတို့အဆင်သင့်ဖြစ်ပြီးလည်းဆိုရော ဘူတာရုံ တွေရော၊ လေယာဉ်ကွင်းတွေပါမကျန် နောက်ဆုံး ဝန်ကြီးချုပ်ပါမကျန် ဗုံးခွဲပြီးတော့မှတိုက်တာ။ ဝန်ကြီးချုပ် မျက်စိတစ်ဖက်ထွက်သွားတယ်။ ကံေ ကာင်းလို့ မသေတာ။ နောက်ဆုံးကျတော့ ဘာဖြစ်လဲဆိုတော့ ဘာမှလုပ်လို့မရတော့ဘူး။ သူတို့မှာက လေယာဉ်ပျံတွေ ဘာတွေရှိလာပြီး ကိုလံဘိုလေဆိပ်ကို ဗုံးလာကြဲလာပြီ။ ဘာလုပ်ရလဲ။ သီရိလင်္ကာဆိုတာပိုက်ဆံမရှိဘူး။ တရုတ်ကနေပြီးတော့မှ သေနတ်အကြွေးဝယ်ပြီးတော့မှ တိုက်ပစ်လိုက်တာ။ မြင်တဲ့အတိုင်းပဲ။ အားလုံးပြီးသွားရော။ ပြီးသွားတော့ဘာဖြစ်လဲ။ ကျန်နေတဲ့သူတွေကို ဘယ်လိုထိန်းသိမ်းမှာလဲ။ အကုန်လုံးကTamil တွေပဲ။ အကုန်လုံး Camp ထဲကို ပို့ထားတယ်။ ယောက်ျားသက်သက်၊ မိန်းမသက်သက် ခွဲထားတယ်။ လေ့ကျင့်ရေး သင်တန်းဆိုပြီးတော့မှ ပေးလိုက်တယ်။ ငြိမ်သက်သွားတာ အခုဘာသံမှ မကြားရတော့ဘူး။

ထိုင်းတောင်ပိုင်း ကျွန် တော်အစကတည်းက ပြောတယ်။ ဒီအောက်တိုဘာလ ၁၆ ရက်နေ့ ၂ဝ၁၆ မှာကတည်းက အောက်တိုဘာ ၁ ရက်နေ့ မှာကတည်းက ဒါဒီလိုဖြစ်တော့မယ်။ ထိုင်းတောင်ပိုင်းလို ပုံစံဖြစ်တော့မယ်။ ကျွန်တော် အမှိုက်ကစ ပြာသာဒ်မီးမလောင်စေချင်ပါဆိုတဲ့ ဆောင်းပါးရေးခဲ့တယ်။ ဒါရေရှည်စစ်ပွဲဖြစ်လိမ့်မယ်။ ပြောက်ကျားစစ်ပွဲ ဖြစ်လိမ့်မယ်။ ဒါဘုန်းကြီးတွေ Escort နဲ့သွားနေရသလို ဖြစ်လိမ့်မယ်။ သူရဲ့နောက်ကွယ်မှာကြည့်လေ တစ်ဖက်က မလေးရှားက ဘာသာတူ၊ လူမျိုးတူ တစ်ပုံစံတည်းပဲ။ ကျွန်တော်တို့ ဘူးသီးတောင်၊ မောင်တောပုံစံနဲ့ တစ်ပုံစံတည်းပဲ။ ဘယ်လိုလုပ်မလဲ။ သူတို့လည်းပဲ ခြံစည်းရိုးခတ်နေတာပဲ။ ခြံစည်းရိုးလည်း မရဘူး။ သူကဘေးမှာလည်း ပင်လယ်ရှိနေတယ်။ ပတ်ဝင်ပတ်ထွက်လို့ရတယ်။ အချို့က မှတ်ပုံတင်နှစ်ခုရှိတယ်။ ဒီလိုလူမျိုးတွေနဲ့ နောက်ကဝင်နေသ၍ ကာလပတ်လုံး ဒါ ကြီးက ဘယ်တော့မှပြီးမလဲ။ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ နာရာသီဝပ်ပြည်နယ်မှာ ရှိနေတဲ့ အင်ဂျင်နီယာ တပ်ရင်းဗဟိုကင်းကို ဝင်စီးသွားတယ်။ M-16 အလက် ၁ဝဝ ပါသွားတယ်။ ခုထိ တစ်လက်မှ ပြန်မရသေးဘူး။ နှစ် ပေါင်းဘယ်လောက်ရှိနေပြီလဲ။ ခုချိန်ထိမပြီးသေးဘူး။ အမျိုးမျိုးလုပ်တယ်။ စေ့စပ်ညှိနှိုင်းမှုလုပ်တယ်။ အင်အားသုံး တယ်။ ဖွံ့ဖြိုးရေး လုပ်ပေးတယ်။ ခုချိန်ထိမရဘူး။ ခုချိန်ထိလည်း ဖောက်ခွဲနေတုန်းပဲ ခုမာရာဝီ။ နောက်ဆုံးပေါ် နိုင်ငံတ ကာ အကြမ်းဖက် အုပ်စုတွေက IS ပေါ့။ ဆီးရီးယားနဲ့ အရှေ့အလယ်ပိုင်းမှာ အခြေအနေ မကောင်းဘူး။ ပြိုကွဲနေတယ်။ သူတို့ နေစရာရှာနေကြပြီ။ ၂ဝ၁၂ ခုနှစ်ကတည်းက လာကြည့်သွားတယ်။ ဘင်္ဂလားဒေ့ရှ်က နေပြီးတော့မှ ဘူးသီးတောင်၊ မောင်တောဘက်ကို လာကြည့်သွားတယ်။ နောက် မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား သုံးပွင့်ဆိုင်နေရာ အဲ့နေရာကို သူပိုသဘောကျတယ်။ အဘူဆေယက်က ပိုမာတယ်။ တိုက်ပွဲအတွေ့အကြုံလည်း အများကြီးရှိတယ်။ အဘူဆေယက်ကို သူကခေါင်းဆောင် ခန့်လိုက်တယ်။ အရှေ့တောင်အာရှ IS ရဲ့ခေါင်းဆောင်က အဘူဆေယက်ပဲ။ အဲဒါတွေက အဘူဆေယက်နဲ့တွဲပြီးတော့မှ ဘာဖြစ်လာသလဲဆိုတော့ ဒီမှာ မာရာဝီလာပြီ။ လူလေး ၃ဝဝ နဲ့လုပ်ထား တာ ဘယ်လောက်ကြာနေပြီလဲ။ ၃ လကျော်နေပြီ။ အခုမှ ဒါနောက်ဆုံးအဆင့်ကို တစ်ထစ်ချင်း တစ်ထစ်ချင်းကူးနေ ရတာ ဝင်သွားလို့ရှိရင် မလွယ်တော့ဘူး။   သူတို့က ဘာလုပ်သလဲဆိုတော့ သူတို့ရဲ့ ဒေသခံတွေရဲ့ စိတ်ထဲကို အစွန်းရောက်တဲ့ Idea တွေကို တဖြည်းဖြည်း ချင်း Indoctrination ခေါ်တာပေါ့။ Brainwash လုပ်ပလိုက်တာ။ အဲဒီ Brainwash  က သိပ်ကုရခက်တယ်။အဲ့တော့ ကျွန်တော်တို့ ဒါတွေကို ဘယ်လိုများ Counter ပြန်ပြီးတော့ လုပ်မလဲ။ လုံခြုံရေးအမြင်ပေါ့။ Muti Dimensional Warfare နဲ့လာနေတာ။ ဒါတွေကို ကျွန်တော်တို့မြင်ဖို့တော့ လိုတယ်။

အဲ့တော့ ပထမဦးဆုံး ဘယ်လိုနည်းလမ်းနဲ့ ဖြစ်ဖြစ် ဒါကိုလုံခြုံရေး၊ တည်ငြိမ်ရေး၊ ဥပဒေစိုးမိုးရေး ဒါဖြစ်အောင်ကို လုပ်မှရမယ်။ မလုပ်လို့မရဘူး။ နောက်ပြီးတော့ တစ်ဖက်က လေလှိုင်းထဲက နေပြီးတော့မှ ကမ္ဘာ့ Opinion နိုင်ငံရေးဆိုတာက စိတ်ခံစားမှုပဲ၊ သဘောထားပဲ။ ကုန်ပ စ္စည်းတွေ၊ မြေကြီးတွေ၊ လက်နက်ကိရိယာတွေ ဒါတွေက ဒီလောက်မဟုတ်ဘူး။ လူတွေက စိတ်က ပါသွားလိုရှိရင် မှန်တာပဲ။ လူရဲ့စိတ်က မှန်တာမှန်လည်း မဟုတ်ဘူးလို့ ထင်လို့ရှိရင် မှားတာပဲ။ အဲတော့ဘာလဲဆိုတော့ နိုင်ငံရေးမှာ Perception လို့ခေါ်တဲ့ ဒီသဘောထား ခံယူချက်က အရေးကြီးတယ်။ World Perception ကမ္ဘာကြီးရဲ့ ခံယူချက်က တော့ ဘယ်လိုဖြစ်နေသလဲ။ မြန်မာ တပ်မတော်က ဒီအားနည်းနေတဲ့ အုပ်စုတွေကို လာတိုက်ခိုက်၊ သတ်ဖြတ်၊ မီးရှို့၊ အဓမ္မကျင့် ဒါကြောင့်မို့လို့ ပြေးလာရသည်ဆိုတော့ ဒါတွေအကုန်လုံးက တပ်မတော်ပေါ်မှာ လုံခြုံရေးတပ်ဖွဲ့တွေ အ ပေါ်မှာ ထိုးချနေပြီ။ ဒါကို ကျွန်တော်တို့ ဘယ်လိုသဘောထား ထုတ်ပြန်မလဲ။ ဒီသဘောထားကို ကျွန်တော်တို့က  ပြောင်းပစ်ရမယ်။  ဒါအင်မတန်ခက်တဲ့ ကိစ္စဒါ PSYOP၊Information Warfare ပဲ။ ကျွန်တော်တို့ ရနိုင်သလောက်နဲ့ အခုဒါ ကြိုးစားနေတာပဲ။ ရနိုင်သလောက်နဲ့ ကြိုးစားနေတယ်ဆိုတာက ဒါကိုဟိုနင်း ဖြစ်ဖို့က အခုကဘာကို ကျွန်တော်တို့ဘက်က ဘာအားသာချက် ရှိသလဲဆိုတော့ ဒီ Online ဖြစ်တဲ့အတွက်ကြောင့် ဆိုရှယ်မီဒီယာတွေက ဘယ်ကမှ အဆီးအတား မရှိတဲ့ အတွက်ေ ကြာင့် ကျွန်တော်တို့ တကယ့်ကို အင်တိုက်အားတိုက် တပ်တစ်ခုတည်းနဲ့လည်း မရဘူး။ အားလုံးသော တစ်တိုင်းပြည်လုံး ပေါင်းပြီးတော့ အင်တိုက်အားတိုက် Facebook ပဲ သုံးလို့တော့မရဘူး။ Facebook မှာပါတဲ့ ဘာရှိလဲဆိုတော့ ဆယ်ဖီရိုက်ပြီးတော့ ပုံတွေတင်ပြီးတော့မှ ကိုယ်ဟာကိုယ် ကျေနပ်ေ နလို့မရဘူး။ အဲလိုမျိုးမဟုတ်ဘူး။ တွစ်တာတို့ဘာတို့မှ တစ်ကမ္ဘာလုံးပျံ့မှာ။ ဒါမျိုးကို ကျွန်တော်တို့က တကယ်မီးရှို့တာ ဘယ်သူလဲ။ တကယ်သေနေတာက ဘယ်သူလဲ၊ တကယ် ဒုက္ခရောက်နေတာ ဘယ်သူလဲ ဆိုတာကို ကျွန်တော်တို့က ပြဖို့လိုတယ်။ တာဝန်ရှိတဲ့သူတွေက ဒါကိုသေချာပြောဖို့ လိုတယ်။ ကျွန်တော်ဘေးက ထိုင်ပြောနေရတဲ့ လူတွေက သိပ်ပြီးထိရောက်တာ မဟုတ်ဘူး။ တာဝန်ရှိသူတွေက တစ်ခွန်းပြောရင် တစ်ခွန်းထိရောက်တာတွေရှိတယ်။ ဒါတွေက ကျွန်တော်တို့က ပြန်ပြီးတော့ လုပ်နိုင်သလောက်လုပ်။Image Recovery ကျွန်တော်တို့ရဲ့ တိုင်းပြည်ရဲ့၊ ကျွန်တော်တို့ရဲ့ တပ်မတော် ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးတော့မှ ဆယ်တင်မှရတော့မယ်။ မဟုတ်ဘဲနဲ့ ပြောခံနေရတယ်။ ကျွန်တော် ၉ဝ ပြည့်လွန်နှစ်တုန်းက ဒီလိုအခြေအနေမျိုး ရှိခဲ့တယ်။ ကျွန်တော်အဲဒီတုန်းက ကကကြည်း (သုတေသန)မှာ ဆောင်းပါးတွေ ရေးရတယ်။ ဆောင်းပါးရေးလို့လည်းပဲ ပါကစ္စတန် သံရုံးက ကျွန်တော့်ကို တရားစွဲမယ် လုပ်တာခံရသေးတယ်။ ဘာကြောင့်လည်း  ISI အကြောင်း ရေးလို့။ အဲတော့ ကျွန်တော်ရေးတဲ့ ဆောင်းပါးထဲမှာ ကျွန်တော်မှတ်မိတယ်။ ရှေးက ကဗျာလေးတစ်ပုဒ် ဘာလဲဆို တော့ ''ကာလနှယ်ဆိုးပါဘိ၊ သူခိုးက လူလူ'' သူခိုးကလူဟစ်တာ ခံနေရတယ်။ ဆိုးလွန်းလို့၊ နောက်အပြည့်အစုံတော့ ကျွန်တော်မမှတ်မိ၊ နောက်ဆုံးတော့ နောက်တစ်ခုက ''တောင်ယာရှင်၊ မျောက်မောင်း'' ဆိုတာ ဒီတောင်ယာလုပ်တဲ့ ဒီတောင်ယာရှင်ကို အချောင်ဝင်နှိုက်တဲ့ မျောက်ကနေပြီးတော့မှ မောင်းထုတ်နေတာ။ အဲဒီကဗျာ ခုထိမှန်နေတုန်းပဲ။

၉ဝ ပြည့်နှစ်တုန်းက ဒီပုံစံဒီအခြေအေ နကြုံခဲ့ပြီး အခုလည်း ဒီအခြေအနေမျိုးကြုံတယ်။ ပိုဆိုးတာက Pressure Group တွေရဲ့ Pressure တွေက ပိုများတယ်။ ဒါက နေရာတိုင်းမှာ ဒါကိုကျွန်တော်တို့က ရင်ဆိုင်ရမယ်။ ဒါက ကျွန် တော်တို့ရဲ့ Mission ဖြစ်လာပြီဆိုတော့ အကုန်လုံးကို ပြန်ကြည့်ရမယ်။ အစောက INGO တွေဆိုလို့ရှိရင်လည်း သိပ် သဘောကောင်းတယ်။ ကျွန်တော်တို့က အကုန်လာ၊ မှတ်ပုံတင်ချင်တင် မတင်ချင်နေ။ သူများနိုင်ငံ အတွင်းမှာ ဒါမျိုးမရဘူး။ INGO Law တွေမှာ ရုရှားဆိုရင် အကုန်မောင်းထုတ်ပြီးပြီ။ ကမ္ဘောဒီးယားဆိုရင် American Democratic Institute တောင်မှ မောင်းထုတ်လိုက်ပြီ။ ကျွန်တော်တို့က အဲလိုမျိုး ဝင်ပြီးတော့မှ မမျှမတပေါ့၊ တစ်ဖက်သတ်လုပ်နေတဲ့ သူမျိုးဆိုရင်တော့ ကျွန်တော်တို့က ထိန်းချုပ်နိုင်တဲ့ မူဝါဒတော့ရှိဖို့လိုပြီ။ ဒါကျွန်တော်ပွင့်ပွင်လင်းလင်းပဲ မေတ္တာရပ်ခံပါ တယ်။ တစ်ဖက်မှာလည်း သံရုံးတွေ၊Diplomatic Corps ဒါတွေကလည်း တက်ကြွဖို့လိုတယ်။ Proactive ဖြစ်ဖို့လို တယ်။ ဘာမဆို တံခါးပိတ်ပြီးတော့မှ သံရုံးရှေ့ဆန္ဒလာပြရင် တံခါးပိတ်ပြီးတော့မှ ဘာမှမလုပ်ဘဲ နေလို့မရဘူး။ ကိုယ့်ဆိုင်ရာဆိုင်ရာ ကိုယ့် တိုင်းပြည်တွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို၊ ဒါတွေကို အခြေအနေတွေကို ရှင်းပြဖို့လိုတယ်။ ဒါတွေကို အချိန်ကိုယူပြီးတော့ လုပ်ရမယ်။ ပိုက်ဆံသုံးရမယ်။ ဒီနယ်မြေအတွင်းမှာ ထိရောက်တဲ့ အာဏာစက်၊ အစိုးရရဲ့ အာဏာစက်ရနိုင်အောင် ထူထောင်ပေးရမယ်။ ထိထိရောက်ရောက် ပြန်လည်ထူထောင်ရေးတွေ လုပ် ပေးရမယ်။ ကိုယ်ကစိုးမိုးထားမှရမယ်။ ကိုယ်ကမစိုးမိုးထားရင် အနက်ရောင်နယ်မြေ ဖြစ်သွားမယ်။ အခုအနက်ရောင် နယ်မြေနီးပါး ဖြစ်နေပြီ အဖြူရောင်နယ်မြေ ဖြစ်အောင် ပြန်လည်လုပ်ယူရမယ်။ ဒီလိုလုပ်တဲ့ နေရာတွေမှာ တပ်တစ်ခု တည်းနဲ့မရဘူး။ Civil Service တစ်ခုတည်းနဲ့လည်း မရဘူး။ ပြည်သူတွေ အားလုံးဝိုင်းရမယ်။ ပြည်တွင်းက မျိုးချစ်စိတ်ရှိတဲ့ အမျိုးသားရေး စိတ်ဓာတ်ရှိတဲ့။NGO တွေ၊ လူမှုအဖွဲ့အစည်းတွေ အကုန်လုံး ဝိုင်းထားပြီးတော့မှ လုပ်ပေးကြရမယ်။ ဒါတွေက ပြည့်စုံတဲ့ ကောင်းမွန်တဲ့ အမြော်အမြင်ရှိတဲ့ Comprehensive မဟာဗျူဟာ ရှိရမယ်။ အဲ့ဒါကို အကောင်အထည် ဖော်တဲ့အခါမှာ တကယ့်ကိုပဲ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ထိရောက်တဲ့ အကောင်အထည် ဖော်မှုတွေ ရှိရမယ်။ အဲ့တော့သွားရမယ့် လမ်းကြောင်းက တစ်ဖက်သတ်ချည်းလည်းပဲ ကျွန်တော်တို့က အစွန်းရောက် ပြီးတော့ ရှိသမျှ ဘင်္ဂါလီတွေ အကုန်လုံး ရှင်း ထုတ်ပစ်ပါ ဆိုတာလည်း မဖြစ်နိုင်ဘူး။

အားလုံးကို လက်လျှော့ပြီးတော့မှ လုပ်ချင်တာသာ လုပ်ကြပါတော့ ဆိုပြီးတော့ လစ်ဘရယ်တိုင်းပဲ နေကြပါတော့မယ်ဆိုပြီးတော့လည်း ထိုးအပ်လိုက်လို့လည်းမဖြစ်ဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသား လုံခြုံရေးကတော့ တကယ့်ကို အင်မတန် အရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီ။ ဒါကိုလျှော့ပေးလိုက်လို့ရှိရင် Domino Effect အကုန်လုံးက ဒါတွေကို ကျွန်တော်တို့က ပြဿနာပေါင်း မြောက်မြားစွာရရှိမှာ။ ဖဲချပ်တွေစီပြီးတော့မှ လဲသလို အကုန်လုံး ဖယိုဖရဲ ဖြစ် သွားနိုင်တယ်။ ဒါကြောင့်မို့လို့ အားလုံး အလေးအနက် ထားဖို့ တင်ပြတာဖြစ်ပါတယ်။ တော်ရုံတန်ရုံဆိုရင် ကျွန်တော် မြန်မာနိုင်ငံရေးအကြောင်း၊ ပြည်တွင်းနိုင်ငံရေးအကြောင်း မပြောပါဘူး။ ရှောင်ပါတယ်။ ကျွန်တော် ဒီလောဘ၊ ဒေါသ၊ မောဟတွေကို ကျွန်တော် မကြိုက်ဘူး။ နိုင်ငံတကာရဲ့ နိုင်ငံရေးကိုပဲ ကျွန်တော် သုံးသပ်ပြီးတော့မှ ရေးပါတယ်။ ဒါကလည်း ပြည်တွင်းနိုင်ငံရေးကို မသိလို့ မဟုတ်ဘူး။  ဒါတွေကို အကုန်လုံး ကျွန်တော်သိတယ်။ သိသော်ငြားလည်းပဲ  ဒီထဲမှာ ကျွန်တော်ပြောတဲ့အတိုင်း ကျွန်တော်ကိုယ်တိုင် ပါပြီးတော့မှ စိတ်အရှုပ်အထွေး မခံချင်တဲ့အတွက်ကြောင့် ကျွန်တော်မရေးဘဲနဲ့ နိုင်ငံတကာ ရေးရာကိုပဲ သုတေသန လုပ် တာပဲ ဖြစ်တယ်။ သို့သော် ဒီအချိန်မှာတော့ လာဆုံ နေပြီ။ နိုင်ငံတကာရော၊ ပြည်တွင်းရော ကိုယ့်ရဲ့ နိုင်ငံရဲ့ လုံခြုံရေး၊ အမျိုးသား အကျိုးစီးပွားပါ အရေးကြီးလာတဲ့အ ချိန်ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော် ဒီမှာ တပ်မတော်က  Myawaddy Media Group ကနေပြီးတော့မှ  ကျွန်တော့်ကို Request လုပ်လာတာ။ လက်ခံပြီးတော့မှ စိတ်ရောကိုယ်ပါ ပါဝင်ပူးပေါင်းပြီးတော့မှ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ရဲ့ တိုင်းပြည်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် လုပ်ဆောင်ချက်လေးပဲ ဖြစ်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် တပ်မတော်စစ်သမိုင်းပြတိုက်ရှိ Mini Theatre Room ၌ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် Myawaddy Media Group မှ စီစဉ်ပြုလုပ်သည့် ရခိုင်ပြည်နယ်အရေးနှင့် လုံခြုံရေးအမြင် Talk on Rakhine Issue and Security Outlook စကားဝိုင်းဆွေးနွေးပွဲမှ နိုင်ငံတကာသူတေသီ ဦးကိုကိုလှိုင် ၏ ဆွေးနွေးပြောကြားမှုဖြစ်ပါသည်။


https://m.facebook.com/story.php?story_fbid=1452117914909069&id=526503167470553

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးကိုကိုလှိုင် ဆွေးနွေးပြောကြားမှု (အပိုင်း ၆)”

Post a Comment

Related Posts Plugin for WordPress, Blogger...