Friday, September 29, 2017

မန္တလေး ဘုရားပွဲတွင် ပေါက်ကွဲမှု၊ လက်လုပ်မိုင်းဟု တိုင်းအစိုးရ အတည်ပြု

,
29-Sep-2017  tagged as မန္တလေး

မန္တလေး၊ စက်တင်ဘာ ၂၉

မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ရပ်ကွက်ဘုရားပွဲအတွင်း စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က အတည်ပြု ပြောကြားလိုက်သည်။

“ပေါက်ကွဲသွားတာကတော့ ဆိုင်ကယ်နဲ့ လက်ကိုင်ဖုန်းတစ်ခုပါ။ လက်ကိုင်ဖုန်းမှာက ဝါယာကြိုး နီနက်တစ်စုံ တပ်ဆင်ထားတာ ဖြစ်တဲ့အတွက် သာမန်ဖုန်းတစ်လုံးတော့ မဟုတ်ဘူး။ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတာလား ဖုန်းမှာပါတဲ့ နာရီနဲ့ အချိန်ကိုက်ပြီး ဖောက်ခွဲတာလား ဆိုတာကတော့ မသိရသေးပါဘူး။ ရဲတပ်ဖွဲ့က သူ့တာဝန်နဲ့သူ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်တင်က ပြောကြားသည်။

စက်တင်ဘာ ၂၈ ရက် ည (၉) နာရီ ၄၅ မိနစ် အချိန်ခန့်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ (၇၄) လမ်း၊ (၂၈) လမ်းနှင့် (၂၉) လမ်းမှာရှိ သုံးဆယ်ဝင်း ဓမ္မာရုံဘုရားပွဲတွင် ပွဲဦးမင်း ဇာတ်ကပြနေစဉ် ဆိုင်ကယ်တစ်စီး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ယင်းပေါက်ကွဲမှု ဖြစ်ပွားရာအနီးတွင် တန်းဖိုးနိမ့် လက်ကိုင်ဖုန်း (ခလုတ်နှိပ်) တစ်လုံးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီိး ယင်းလက်ကိုင်းဖုန်းတွင် ဝါယာကြိုးတစ်စုံ တပ်ဆင်ထားသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းပေါက်ကွဲမှုဖြစ်ရာ နေရာအနီးတွင်ရှိသူ ကိုဇော်ဟိန်း အသက် (၂၈) နှစ်မှာ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသနေကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်ကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈) မြို့မရဲစခန်းမှ (ပ)၄၅၇/ ၂၀၁၇၊ ၁၉၀၈ ခုနှစ်၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ အက်ဥပဒေပုဒ်မ-၃ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိသည်။

The Voice

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မန္တလေး ဘုရားပွဲတွင် ပေါက်ကွဲမှု၊ လက်လုပ်မိုင်းဟု တိုင်းအစိုးရ အတည်ပြု”

Post a Comment

Related Posts Plugin for WordPress, Blogger...