Monday, September 4, 2017

သမိုင်းကြောင်းမှန်ပြောခွင့် ပေးပါ...

,
ရိုဟင်ဂျာဆိုတာက  ဘင်္ဂလားဒေ့်ရှ်ဘက်မှာရော (အထူးသဖြင့် စစ်တကောင်းဒေသ) မြန်မာပြည်ဘက်မှာရော (အထူးသဖြင့် စစ်တွေ ဒေသ) မူလကတည်းကပေါက်ဖွားဆင်းသက်နေထိုင်ကြတဲ့ လူမျိုးစုတစုဖြစ်တယ်။
မြန်မာမင်းတိုက်ခိုက်သိမ်းပိုက်ထားတဲ့ရခိုင်ပြည်ကို  ၁၈၂၆ မှာ အင်္ဂလိပ်က ထပ်ဆင့်သိမ်းပိုက်တယ်။ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲလို့ နှောင်းခေတ်သမိုင်းဆရာတွေက မှတ်တမ်းတင်တယ်(ရန်တပိုစာချုပ်) ။စစ်တကောင်းဒေသ နဲ့စစ်တွေ ဒေသ၂ခုလုံး ကို အင်္ဂလိပ်ပိုင်ဆိုင်ထားတဲ့ကာလမှာ နှစ်ဘက်လုံးကလူမျိုးစုအသီးသီး နယ်နိမိတ်အကန့်အသတ်မရှိ ကူးလူးသွားလာ ရွှေ့ပြောင်း လုပ်ကိုင်နေထိုင်ကြတယ်။ ဘဂ်လီ တမျိုးထဲမဟုတ်ဘူး။ ဒီဘက်မှာအခြေအနေမကောင်းရင် ဟိုဘက်ကူးပြီး ဟိုဘက်မှာအခြအနေဆိုးတဲ့အခါ ဒီဘက်ကူးကြတာက လူသားတိုင်းရဲ့ ရေကြည်ရာမြက်နုရာရှာတဲ့ မိုင်ဂရေးရှင်း သဘာဝပါဘဲ။၁၉၄၈ မှာ အမေရိကန်က အတ္တလန်တိတ်ချာတာကိုင်ပြီး အင်္ဂလိပ်ကို ဖိအားပေးမှုအဓိက တွန်းအားကြောင့် အင်္ဂလန်ကနေပြီး ဖဆပလ ကို နိုင်ငံလွှဲအပ် လိုက်တယ်။ ဘဂ်လားဒေံ့ကိုလဲ ပါကစ္စတန်အဖြစ် လွှဲပြောင်းပေးလိုက်တယ်။ (ဒါကိုလွတ်လပ်ရေးလို့သတ်မှတ်တယ်) ပြင်သစ်နဲ့ အင်္ဂ လိပ် ကိုလိုနီနယ်မြေတွေ အားလုံးလွတ်လပ်သွားကြတဲ့အခါ အဲဒီ၂နိုင်ငံလုံး အားနဲ သွားပြီး အမေရိကန်က ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံစဖြစ်လာတယ်။ (အမေရိကန်က အဲဒီရလဒ်အတွက် လုပ်ဆာင်ခဲ့တာပါဘဲ။ အင်္ဂလိပ်ပိုင်ရခိုင် ပြည်လဲ ပါကစ္စတန်နဲ့ ဘော်ဒါလိုင်းပိုင်းခြားသတ်မှတ်လိုက်တာမို့ တိုင်းတခုအဖြစ် ဗမာပြည်ဘက်ပါသွားခဲ့တယ်။ ၁၉၄၈ ကနေ ၁၉၆၀ နားနီးအထိ ဖဆပလအစိုးရအာဏာရှိခဲ့တဲ့ ၁၀နှစ်ကျော်ကာလမှာ မြန်မာပြည်ဘက်ပိုင်းက ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားလူမျိုးစုတစုအဖြစ် တရားဝင်ထည့်သွင်းထားခဲ့သလို အရှေ့ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့် ဖြစ်လာတဲ့ နိုင်ငံကလည်း သူ့နယ်ဘက်ကရိုဟင်ဂျာလူမျိုးစုကို ဘင်္ဂလားဒေ့် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားခဲ့တယ်။ ထိုင်းနိုင်ငံပေါက် ရှမ်း၊ ကရင် နဲ့မွန်လူမျိုးစုတွေကို ထိုင်းတိုင်းရင်းသားအဖြစ်တရားဝင်အသိအမှတ်ပြုထားတဲ့နည်းအတိုင်းပါဘဲ။
၁၉၈၂ နေ၀င်းစစ်အစိုးရ အာဏာသိမ်းလိုက်ပြီးနောက်မှာ ရိုဟင်ဂျာလူမျိုးစုကို မြန်မာတိုင်းရင်းသားအဖြစ်က ထုတ်ပယ်တယ်။ ဟစ်တလာက ဂျူးတွေကိုလုပ်တဲ့နည်းနဲ့ခပ်ဆင်ဆင်ဖြစ်ပေမဲ့ အဲလောက်များများစားစား အစုလိုက်အပြုံလိုက်သတ်ဖြတ်ပစ်တဲ့အထိလောက်မဆိုးဝါးခဲ့ဘူး။ ဘင်္ဂလားဒေ့်ဘက်ချမ်းက ရိုဟင်ဂျာတွေလဲ မြန်မာပြည်ဘက်မှာလိုဘဲ ခွဲခြားမှုခံရတယ်။ ခိုးဝင်ဗမာပြည်သားလို့တောင် တချို့မီဒီယာတွေခေါ်ဆိုကြတယ်။ တင်စားပြောရရင် တချို့ရိုဟင်ဂျာ အိုးအိမ်တွေဟာ အိမ်ရှေ့တခါးဝက ဗမာပြည်ဘက်မှာရှိနေပြီး နောက်ဖေးပေါက်က ဘင်္ဂလားဒေ့်မှာဖြစ်နေတာမျိုး။ ဒီအဖြစ်မျိုးနဲ့ ခပ်ဆင်ဆင် ကရင်ရွာတွေ ထိုင်းမြန်မာနယ်စပ်မှာ တချို့ရှိခဲ့ဘူးတယ်။ ကြာလာတော့ လဲခပ်လှမ်းလှမ်းကိုရွှေ့သွားနိုင်ကြပြီပေါ့။

တကယ်တော့ သမိုင်းကြောင်းက ဒါ့ထက်ရှည်ပါတယ်။ မပြောပြနိုင်တော့ဘူး။ ရခိုင် မင်းနဲ့ မြန်မာမင်းတွေရဲ့ နှစ်ပေါင်းရှည်ကြာအပြန်အလှန်တိုက်ခိုက် ပွဲကာလတချို့မှာ ရခိုင်ဘုရင်တွေ ဘင်္ဂလီ စူလတန်မင်းနယ်မြေတွေကို တိမ်းရှောင်ခိုလှုံခဲ့ရတဲ့ကာလတွေရှိခဲ့တယ်။ တချို့စူလတန်တွေနဲ့ မဟာမိတ်တွေဖြစ်ခဲ့ပြီး မြန်မာဘုရင်လက်ကနေ ရခိုင်ပြည်ကိုပြန်သိမ်းပိုက်နိုင်ခဲ့ကြတဲ့ခေတ်ကာလများလဲရှိခဲ့တယ်။ စူလတန်နဲ့ပေါင်းတဲ့ကာလတုန်းက အစ္စလန်ကိုးကွယ်တဲ့ရခိုင်များပြီး မြန်မာမင်းတွေလက်အောက်ကျရောက်တဲ့ ခေတ်တွေမှာတော့ ဗုဒ္ဒဘာသာကိုးကွယ်သူတွေပိုများလာခဲ့တယ်။ ထားလိုက်တော့ ရိုဟင်ဂျာဆိုတာကလည်း ရှေးကမှည့်ခေါ်ခဲ့တဲ့နာမယ်မဟုတ်ဘူး။ မျက်မှောက်ခေတ်မှာ သူ့လူမျိုးစုနာမယ် ကိုသူတို့ဖါသာပြောင်းလိုက်တာဖြစ်တယ်။ ဒီအကြောင်းကို အရင်က ရေးတင်ခဲ့ဘူးတယ်။ အခုခန မေ့နေလို့ ပြန်မပြောပြနိုင်ဘူး။ နောက်သတိရတဲ့အခါ ပြောမယ်။
ဒီသမိုင်းအကွေ့ကြောင်းတွေအရ လက်ရှိကာလမှာ   ဘင်္ဂလားဒေ့် နဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံအကြား သဘာဝအလျှောက်ဖြစ်ပွားနေတဲ့ ဘတ်ဖါနေးရှင်း(Buffer nation) တွေအဖြစ်ကျရောက်နေကြတယ်။ နှစ်ဘက်လုံးလိုအပ်ရင်လိုအပ်သလို သူတို့ရဲ့ ကိုယ်စား စစ်အင်အား(Proxy war forces) တွေအဖြစ်လဲ အကွက်ဆင် အသုံးချကြတယ်။

ဗမာပြည်ဘက်ကနိုင်ငံရေးက ၂ထပ်ကွမ်းဒါမှမဟုတ် နှစ်ကွက်ကျော် ကျားဖြစ်တယ်။ ဘင်္ဂလားဘက်ကတော့ ရိုးရိုးတစ်ကွက်ကျားလို့ဘဲမြင်ရတယ်။ ၂ကွက်ကျော်ဆိုတာက ရိုဟင်ဂျာကို ခြေမှုန်းဖို့ မြန်မာတပ်အင်အား ၄-၅ ဆလောက်တိုးလိုက်နိုင်တဲ့အခါ ရိုဟင်ဂျာပြုတ်မယ် မပြုတ်ဘူးဆိုတာထက် ရခိုင်ပြည်တပြည်လုံးကို မြန်မာစစ်တပ် ကွက်စိနေရာယူ ထိမ်းချုပ်လိုက်နိုင်မှာကတော့ အလွန်သေချာတယ်။ ဒီတော့ ရခိုင့်မျိုးချစ်တွေ ဘယ်မှာသွားခြေကုတ်ယူကြမလဲ။ အဲဒါလေးကိုဝိုင်းစဉ်းစားကြည့်ဦး။ ဆိုလိုတာက ၂ကွက်လုံးမသေချာပေမဲ့ ကျားတကွက်ကတော့ သေချာပေါက်ဝါးနိုင်မှာပါ။ စစ်တပ်နဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အစိုးရ ပူးပေါင်းရွှေ့နေကြတဲ့ ဒီကျားကွက်ကတော့ ဒီလိုဘဲ ပေါ်လွင်နေတာပါ။
မြောက်ကိုးရီးယားနဲ့တိုက်ဖို့ အမေရိကန်အကူအညီကို တောင်ကိုရီးယားက ညင်းဆန်နေတာဟာလဲ ဒီ ၂ကွက်ကျားစားကိန်းကိုမြင်လို့ပါဘဲ။ မြာက်ကို မနိုင်ခင် တောင်ကိုးရီးယားမြေပြင်ပေါ်မှာ အမေရိကန်စစ်စခန်းတွေ မှိုလိုထပေါက်လာဖို့ရှိနေတာကို တွက်မိကြလို့ပါ။ စစ်နိုင်လို့ရလာမယ့် လျှောေ်ကြးလဲ အမေရိကန်ကို တစ်ဝက်မကခွဲပေးရဖို့ရှိတယ်။ သူပါဝင်တိုက်ခိုက်ပေး လို့ ကျဆုံးသွားတဲ့စစ်သည်တွေနဲ့ လက်နက်ခဲယ်းမီးကျောက်ဆုံးရှုံးမှုတွေအားလုံကို ပြန်တောင်းမှာပါ။ အလကားတော့ မကူနိုင်ပါဘူး။ ခုလောလောဆယ်တော့ အမေရိကန်က ထိုင်းနဲ့ မြန်မာပြည်ကို ဆွဲစိနေလေရဲ့။ ဆိုးတယ်လို့တော့ မပြောပါဘူး။ မြောက်ကိုးရီးယားဆိုတာကလဲ သိတဲ့အတိုင်း န၀တ နအဖထက် ၂ ဆလောက်ဆိုးတဲ့ အာဏာရှင်စနစ်နဲ့ ပြည်သူတွေကိုနင်းထားတဲ့ တိုင်းပြည်မဟုတ်လား။


https://m.facebook.com/story.php?story_fbid=1430096667074023&id=100002211100945

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သမိုင်းကြောင်းမှန်ပြောခွင့် ပေးပါ...”

Post a Comment

Related Posts Plugin for WordPress, Blogger...