Monday, September 4, 2017

စစ်တစ်ပိုင်းအစိုးရ ဦးသိန်းစိန်သိစေရန်

,
တခါလာလည်း ပြည်သူက တိုင်ကြားပါတဲ့။ တခါလာလည်း ပြည်သူက တိုင်ကြားပါတဲ့။ စည်းကမ်းချိုးဖောက်တဲ့ကိစ္စကို ဖမ်းတဲ့လူတွေ မရှိဘူးလား။ ရှိအောင် တမင်တကာ နိုင်ငံခြားမှာ လစာပေး၊ သင်တန်းပေးပြီး ခန့် ထားကြတယ်။ ကားပါကင်စစ်တဲ့ ၀န်ထမ်း။ လမ်းပေါ်မှာ အမှိုက်ပြစ်တာကို ဖမ်းတဲ့ဝန်ထမ်း။ ကျောင်းတွေကို သူခိုးမကပ်အောင်စစ်တဲ့ ၀န်ထမ်း။

အဲလို စည်းကမ်းထိမ်းသိမ်းရေး ၀န်ထမ်းတွေကို ခန့် ထားကြတယ်။ မြန်မာနိုင်ငံလို သူတို့ အစိုးရတွေက တခါလာလည်း တိုင်ကြားပါဆိုပြီး မပြောကြဘူး။ အစိုးရကို အခွန်ပေးထားတဲ့လူက အစိုးရကို ပြန်တိုင်ရအုံးမှာလား။ အဲဒါ ခင်ဗျားတို့ အလုပ်မဟုတ်ဘူးလား။

ခင်ဗျားတို့ ကိုလစာပေးပြီး အဲဒိအလုပ်ကို လုပ်ဖို့ ခန့် ထားတာဗျ။ အခုဟာက ကားနှစ်ထပ်ရပ်ရင် တိုင်ကြားပါ၊ အမှိုက်ပစ်ရင် တိုင်ကြားပါ၊ လာဘ်စားရင် တိုင်ကြားပါဆိုတော့ ခင်ဗျားတို့ အစိုးရဟာ တကယ့်ကို စောက်သုံးမကျတဲ့အစိုးရပဲ။ မလုပ်တတ်ရင် ဆင်းဗျာ။ လုပ်တတ်တဲ့လူတွေရှိတယ်။

အခုဟာက ပြည်သူကို အလုပ်လာပေးတုန်းပဲ။ ကိုယ့်အလုပ်ကို ကိုယ်နိုင်အောင်လုပ်။ မလုပ်တတ်ရင် ဘယ်သူ့ မှအားမနာနဲ့ ။ ဆင်း။


https://m.facebook.com/story.php?story_fbid=10208317690638389&id=1187865888

0 ယောက်မှတ်ချက်ပြုခဲ့သည် to “စစ်တစ်ပိုင်းအစိုးရ ဦးသိန်းစိန်သိစေရန်”

Post a Comment

Related Posts Plugin for WordPress, Blogger...