Saturday, September 23, 2017

ရွှေ ဝယ်​ရင်​ ဘာ​ကြောင့်​ ရှုံးလည်း .?

,
ရွှေဈေး ၁၅ဲ ရည် 885,000 ပေါက်တယ် ဆိုပါစို့ .

၁ကျပ်သား=၁၆ပဲ=၁၂၈ရွေး
ငါးမူးသား=၈ပဲ=၆၄ရွေး
တစ်မတ်သား=၄ပဲ=၃၂ရွေး
တစ်မူးသား=၂ပဲ=၁၆ရွေး
တစ်ပဲသား=၈ရွေး
နှစ်ပြားသား=၄ရွေး
တစ်ပြားသား=၂ရွေး
နောက်မှတစ်ရွေးတို့တစ်ခြမ်းတို့ပေါ့

 ကိုယ်ဝယ်မှာ ၂ ပဲ ၅ ရွေး ဆိုပါစို့ . .
လက်​စွပ်​ပဲ ဆိုပါစို့.....❀ ❀ ❀ ❀

 ၁ကျပ်သားမှာ ၁၆ ပဲ ။
 885000 ÷ 16=55300 ks
 ပျမ်းမျှ ၁ ပဲ တန်ဖိုး =55300 ks
 ၁ ရွေး တန်ဖိုး = 6921 ks
 ကိုယ်ဝယ် မှာ ၂ဲ ၅ ရွေး
 ၂ဲ = 2ဲ× 53750=110600 ks
 ၅ ရွေး = 5°×6718=34605 ks
 ၂ဲ ၅ရွေး =၂ခုပေါင်းပါ =(145205 ks )ထားပါ

 ဒါက ရွှေတန်ဖိုးပါ.
 ရွှေတန်ဖိုး သိပြီဆိုတော့
 သူတို့မှာ အလျော့တွက် လက်ခ ဆိုတာ ပေးရပါတယ် ။

 Design တွေ ပေါ်မူတည်ပြီး
 လက်ခ အလျော့တွက် ပေးရတာများပါတယ်။

 ၂ဲတန်ဖိုး ရှိတဲ့အထည်ကို
 လျော့တွက် + လက်ခ ၅ ​ရွေး  ထိပဲတန်ပါတယ် ။
 ရွှေတန်ဖိုး ခုန 140000ks ထားပါတော့
 လျော့တွက်လက်ခ 5 ​ရွေး 34000ks = ထား
 ၂ခု ပေါင်း =179200 ks သာ တန်ပါတယ်။

 ဒါ အသစ်ရွှေထည် တွက်ပြတာပါ ။

 အလျော့တွက်လက်ခ ဆိုတာက
 ပြန်သွင်းရင် ကိုယ်ရှုံးမဲ့ငွေပါ။

ဘာ​ကြောင့်​ အ​လျော့တွက်​ လက်​ခ ယူသလည်း ။

ရွှေ ထည်​ တခု လုပ်​မယ်​ဆိုရင်​ ...
ရွှေ တကျပ်​သားလုပ်​ဖို့... ​ရွှေ တကျပ်​ခွဲသား​လောက်
ပန်းထိမ်​ကို ​ပေးရပါတယ်​။
ရွှေဆိုတာ ပန်းထိမ်​မှာလုပ်​ရင်​ အမှုန်​​လေး​တွေထွက်​သွား
ပါတယ်​။ ပြန်​ရှာလို့မရပဲ ​လျော့သွားတာပါ။
ဥပမာ ...အကျီင်္ချုပ်​ရင်​ အပိုစ​တွေ ထွက်​သလို​ပေါ့။
အပိုထွက်​တဲ့ အစကို အမှိုက်​အ​နေနဲ့ပဲ ဘာမှ ချုပ်​မရ​တော့ပါဘူး။ အဲ့လိုပဲ...  ​ရွှေ ထည်​ တခုလုပ်​တိုင်း
လျော့​လျော့ သွားတဲ့ ​ရွှေကို အ​လျော့တွက်​လို့
ခေါ်ပါတယ်​။

အ​လျော့တွက်​ = အထည်​ လုပ်​ခပါပဲ။

ပန်းထိမ်​သမားတ​ယောက်​က ​လုပ်​အားခကို
အ​လျော့တွက်​နဲ့ ပဲ ရှင်းယူရပါတယ်​၊

ရွှေထည်​ တခုလုပ်​မယ်​ဆိုရင်​ အ​လျော့တွက်
ဘယ်​​လောက်​လည်း လို့​မေးလို့ရပါတယ်​။

ရွှေ ထည်​ လုပ်​တဲ့ အခါမှာ .. အ​လျော့တွက်​ ​ပေးထားရပီး
ပြန်​သွင်းတဲ့အခါ ... ​ရွှေတန်​​ကြေးသာ ပြန်​ရပါတယ်​။

ဒါ​ကြောင့်​ ​ရွှေ​ဈေးတက်​ရဲ့သားနဲ့ ဘာ​ကြောင့်​ ရှုံးတာလည်း
ဆိုတဲ့ အ​ဖြေ ရှင်းမယ်​ထင်​ပါတယ်​။

အထည်​​သေး​လေ ​ရွှေ​ဈေး တက်​လည်း မမြတ်​​နိုင်​ပါဘူး။

တကျပ်​သား အထက်​ဆိုရင်​​တော့ မြတ်​နိုင်​တယ်​။
မြတ်​​အောင်​ ဝယ်​ဝတ်​မယ်​ဆိုတဲ့ အပိုင်းကို​တော့
နောက်​တပိုင်း​ရေးတဲ့အခါ ရှင်း​ပြ​ပေးပါမယ့်​​နော်​။

ဟုတ်​ကဲ့... ကျ​နော်​တို့ဆိုင်​မှာ အ​လျော့တွက်​ကို
အသက်​သာဆုံး ထား​ပေးထားပါတယ်​။ :-D :-D
ဒါက ​ကြော်​ငြာပါ ....:-P :-P :-P

ဆွဲသီး ​သေး​သေး​လေး​တွေက
အ​လျော့တွက်​ ယူမထားပါဘူး။
လက်​ခပဲ ယူထားပါတယ်​။

ရွှေသား ၆ ​ရွေး အထက်​ကိုပဲ အ​လျော့တွက်
ယူထားပါတယ်​။

တမတ်​သား ကြိုးတကုံးဆိုရင်​ ...
ပုံမှန်​ အ​လျော့ တပဲယူကြပါတယ်​။
ကျ​နော့်​ဆိုင်​မှာ အ​လျော့ ၇ ​ရွေးနဲ့ ထား​ပေးပါတယ်​​နော်​။

၃ပဲ သား ၂ ပဲသား ကြိုးများကို ...
အ​လျော့. ၆ ​ရွေး နဲ့ ​ရောင်း​ပေးပါတယ်​။

တမတ်​သားအထက်​ ၊ တကျပ်​သား အထိက
အ​လျော့တွက်​ တပဲ ယူပါတယ်​။

တကျပ်​သား အထက်​ လုပ်​ချင်​သူများအတွက်
အသက်​သာဆုံး ထား​​ပေးပါတယ်​​နော်​၊

 💍ရွှေသားထည်​အားလုံးကို >>​ရွှေရည်​ ၁၅ပဲရည်​ ...သုံးပါတယ်​။
💍​ကျောက်​ထည်​ ဆိုရင်​ >>>> ​ရွှေရည်​ ၁၄ပဲရည်​ ...သုံးပါတယ်​။

ဘာ​ကြောင့်​ ​ကျောက်​ထည်​က ​ရွှေရည်​ ၁၄ပဲရည်​ သုံးရသလည်းဆိုတာ.... ရှင်းပြချင်​ပါတယ်​။

စိန်ထည်ကို ဘာလို့ ၁၄ ပဲရည်​ နဲ့ လုပ်သလဲ။
အခေါက်ရွှေနဲ့ လုပ်လို့ရသလား။

★ ★ လုပ်လို့ရပါတယ်။
★ ★ ★ ★ ★ မလုပ်သင့်ပါ။
အခေါက်က ပျော့လွန်းတော့
စွန်ကုတ်အထိမခံဘူး
အင်္ကျီစသဖြင့် ညိတာထိတာနဲ့
လန်ထွက်တော့ စိန်ပျောက်မစိုးလို့
၁၄ ပဲ ရည်​ ...လုပ်တာ။
၁၄ ပဲရည်​ က ရွှေနည်းတော့ မာတယ်မလား။

အခေါက်ရွှေ စစ်စစ်နဲ့
တကယ်လုပ်ထားမိရင်
ဝတ်တဲ့အခါ အလွန်သတိထားပါ။
စိန်အလုံးကြီးရင် ပိုသတိထားပါ။

အခေါက်ဈေးပေးပြီး
အခေါက်ရွှေရရင် ဘာမှ မဖြစ်ပါဘူး။
အခေါက်ဈေးပေးခဲ့ပြီး ....အခေါက်မဟုတ်ပဲ
၁၃/၁၄/၁၅ပဲရည်ပစ္စည်းဆိုင်ကလုပ်ပေးရင်တော့
ဂျင်းထဲ့ခံရပြီပေါ့။:-P :-P :-P :-P :-P

1997 ထဲက​နေ ယ​နေ့အထိ စဉ်​ဆက်​မပြတ်
အား​ပေးလာတဲ့ ... ​ရွှေချစ်​သူ ပျဉ်းမနား မြို့မှ
မိတ်​​ဆွေ များအားလုံး စီးပွား​ဥစ္စာ ဒီ​​ရေအလား
တိုးတက်​ကြပါ​စေ။

ရွှေရည်​ပြည့်​ဝ အ​လျော့သက်​သာ ဝယ်​သူစိတ်​တိုင်းကျ
စေမယ့်​.... ​မေသဇင်​ ​ရွှေဆိုင်​ကို
ရွှေချစ်​သူမိတ်​​ဆွေများ လာ​ရောက်​အား​ပေးဖို့
ဖိတ်​​ခေါ်လိုက်​ပါတယ်​ရှင်​.....။

ဆိုင်​လိပ်​စာက
ဆိုင်​ ၁ ..... ၂/၄၂ ၊ ၈လမ်း၊ မင်္ဂလာရပ်​ကွက်​၊ ပျဉ်းမနား ။
(စံပြဓာတ်​ပုံတိုက်​ မျက်​​စောင်းထိုး)

ဆိုင်​ ၂ >>> ပြည်​စံ​အောင်​​ဈေး ၊ ​ဇေယျာသီရိ မြို့နယ်​။

နောက်​ Post ​တွေမှာ... ​ရွှေ နဲ့ ပတ်​သတ်​တာ​တွေ
ဗဟုသုတ အ​နေနဲ့ ​ရေးပြ​ပေးသွားပါမယ်​။

ဒါ​ကြောင့်​ Page ကို Like ထားဖို့ ​တော့လိုပါတယ်​​နော်​။

https://m.facebook.com/story.php?story_fbid=363157847468340&id=169767800140680

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ​ရွှေ ဝယ်​ရင်​ ဘာ​ကြောင့်​ ရှုံးလည်း .?”

Post a Comment

Related Posts Plugin for WordPress, Blogger...