Wednesday, September 13, 2017

ရှင်းရှင်းလင်းလင်း ရှိကြပါ

,
လူတွေက ခံလာရပြီ၊ အပြစ်မဲ့တဲ့သူတွေ ခံရလာပြီ၊ ခံလာရတာ များလာတာနဲ့အမျှ သံသယ တွေက ဖြစ်လာမှာပဲ။
-
ပထမဆုံး စစ်အစိုးရကို လက်နက်ကိုင်တော်လှန်ကြတဲ့ သူတွေ တွေးတာက တုတ်၊ ဓါး၊ လေးဂွနဲ့ စခန်း ၃၀ လောက်ကို တပြိုင်နက်တည်း ၀င်သိမ်းတာဟာ ပုံမှန်မဟုတ်ဘူး၊ စစ်တပ်ပဲ ဖြစ်ဖြစ် ရဲပဲ ဖြစ်ဖြစ် ဘာကြောင့် အရှုံးကို ချက်ချင်းကြေညာရတာလည်း၊
-
တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်ရင် တသောင်းသေတောင် တယောက်လောက်ကို သတင်းစာထဲ ထည့်ပြီး ကြေညာဖို့တောင် ခွင့်မပြုတဲ့ စစ်တပ်က ဘာကြောင့် ရဲ ဘယ်လောက်သေတယ်၊ စစ်သားတွေ ဘယ်လောက်သေတယ်ဆိုတာကို မျက်၇ည်ခံထိုးဖို့ ကြေညာရတာလည်း။
-
ဒါက တချက်
-
တိုက်ပွဲတွေ ဖြစ်တယ် လူထုတွေ ထွက်ပြေးရတဲ့အချိန်မှာ စစ်တပ်ကို သွားခေါ်လာတဲ့ ANP ပါတီက တချက်ကလေးတောင် အသံမထွက်ဘဲ အသံတိတ်နေတဲ့ အဓိက အရေးကြီးတဲ့ လှည့်ကွက်။
-
ARSA  လို့ နာမည်ပေးထားတဲ့ အဖွဲ့ကလည်း တွစ်တာတော့ သုံးတယ်၊ ရိုဟင်၈ျာတွေကို ပြတ်ပြတ်သားသားတော့ သတင်းမပေးဘူး ဒါကလည်း သတိထားစရာ။
-
နောက်တချက်က တိုင်းပြည်အရေးဟာ ဆောင်ရွက်သည် ဖြစ်စေ၊ အရေးယူသည် အရေးမယူသည် ဖြစ်စေ ကုလသမဂ္ဂလို ကမ္ဘာ့အဖွဲ့အစည်းတွေ နိုင်ငံတကာမှာ ထူးထူးခြားခြား အပြစ်တင်နေတဲ့အချိန်မှာ ရခိုင်မောင်းတောဒေသမှာ စီးပွားရေးတွေက စာချုပ်တွေချုပ် ၊ စတင်ဖို့ ကြံဆောင်နေကြပါပြီ။
-
လူထုကို ဘာကြောင့် ရခိုင်အရေးကို ဖြေရှင်းဖို့ ၀င်ခွင့်မပေးတာလည်း
-
တကယ်ဖြေရှင်းနိုင်မဲ့ သူတွေကို ဘာကြောင့် မခေါ်ရတာလည်း
-
တကယ်တန်းကြတော့ ပြည်သူတွေက နာမည်ပျက်မယ်၊ ရိုဟင်ဂျာတွေ အသတ်ခံရမယ် ဆိုတဲ့ အပေါက်ကို စစ်တပ်ရော၊ အစိုးရသစ်ရော၊ အာဆာရော၊ ရခိုင်ပါတီပါ လုပ်နေလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ရတော့မဲ့ အချိန်ကို ရောက်လာပါပြီ။

#crd:Nyein Chan Aung

https://m.facebook.com/story.php?story_fbid=1116874475123813&id=100004038138294

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ရှင်းရှင်းလင်းလင်း ရှိကြပါ”

Post a Comment

Related Posts Plugin for WordPress, Blogger...