Wednesday, September 6, 2017

ဒါလားဧည့်သည်တဲ့လား

,
ဥတည်ဘွား ထုံးရစ်တား၍  ဗမာမင်းအား တိုင်းတပါးသားများ ဖိန့်ဖိန့်တုန်စေ
ပုပ္ပားတောင်တက် နေ့စဉ်ပန်းဆက်
ကျရာနေရာ တာဝန်ကျေပွန် ထိုလူချွန်လည်း ခုချိန်ဧည့်သည်ဖြစ်လေပြီး။
.
နုပျိုကာလ ပြုခဲ့လေသမျှ  တွေးမိလေတိုင်း ကျောချမ်းအိပ်ပျက် နေ့တစ်ရက်ဝယ် ရှင်အရဟံဖြင့် မွန်တို့ဌာနီ သထုံပြည်မှ ကြည်ညိုလွန်းစွာ သာသနာအား သဝဏ်ပဏ္ဌာ ဆက်သ,တောင်းခံ
ရာမညပြည့်ရှင် မနုဟာမင်းမှ  အရိုင်းတို့၏ အရာလောသို့ တုန့်ပြန်လေရာ ပေါကံ္ကပြည့်ရှင် ထိုပုဂံမင်း ဒေါသပုန်ထ ရာဇသံပြ၍ မှုးမတ်ဗိုလ်ပါ စုံလင်စွာဖြင့် သုံးကြိမ်တိုင်တိုင် ကျုးကျော်စစ်ထိုး မရရိုး၍ ညီနောင်ကုလား ကူပါကယ်မှ မြန်မာပြည်ဝယ် ဗုဒ္ဓသာသနာ တည်အံ့စေသည်။
.
ထိုမျှ မှုထမ်း ကျေပွန်တာမို့ မလိုတမာ လူငနာ၏ မရှု့မုန်းထား ချွန်စကားကြောင့် ဘုရားတည်ဝယ် နှစ်ချပ်အုပ်လပ် ကွက်ကွက်ကျန်မို့
သည်မောင်သုတ်သင် သတ်စေသည်။ထိုလူချွန်မျိုး လေးစားရိုး၍ မျက်မှောက်ကာလ သမယထိ
သက်ဝင်သူတို့ လက်အုပ်မိုးသည်
မင်းကြီးမင်းလေး အမည်တွင်သတည်း။
.
ထို့နောက်မကြာ များကာလဝယ် ဘုရားဖူးရာ နေ့မကြာဖို့ နယ်ချဲ့ရန်စွယ်ရှောင်ရန်တစ်လမ်း တံတားဆောက်လုပ် ပညာထုတ်၍  ကမ္ဘာအလည် မြန်မာ့ပညာ ဝင့်ထည်စေသည့် ဦးပိန်တံတား အမည်တွင်ငြား ကုလားဧည့်သည် ဖြစ်ရလေသည် ကျေးစွတ်ရုံမက ကန်းသူတည်း။
.
အင်္ဂလိပ်လက်အောက် ငါးပါးမှောက်ချိန် ဗမာအမျိုး ရေသာခို၍ မနေမတတ် ဘုရားပေါ်တက် ဖိနပ်စီးသည့် မျက်နှာဖြူအား ပိတ်ကန်ခဲ့သည်။
.
အနှီသူကား ဘုရင်မအား ချီးမြှောက်ဂုဏ်ပြု မျက်နှာရူးသည့် ထိုသီချင်းအား မဆိုရစေ မဆိုစေသည့် ထိုသူသည်လည်း ခုချိန် ဧည့်သည်ဖြစ်လေပြီး။
.
ပင်လုံစာချူပ်အရလုပ်ဖို့ မျိုးစေ့ကိုချ ဗမက နှင့် ပင်လုံဖခင်ဦးဖေခင် အမျိုးသားရေး သွေးအားမွေး၍ တက်လာကျောင်းသား အချောင်မစားနှင့် ဘုရားရှိမခိုး ထိုသူမျိုးအား အပစ်ဒဏ်ပေး အမျိုးသားရေး သွပ်သွင်းလေသည် အနှီကျောင်းအုပ် အာဇာနည်လည်း ခုခါ ဧည့်သည်ဖြစ်ချေပြီး။
.
ကျောင်းသားဥက္ကဌကိုရာရှစ်နှင့် ဗိုလ်ချုပ်ဘိုးကာ ဗိုလ်ချုပ်ချုံ စာဆိုတော်ဦးနု ရွှေဆိုင်းရွှေမှိုင်း ဒေါ်စောရွှေနှင့် ဟာဂျီမပု ပါဋိဆရာ အဟ်မဒ်ကာစင် ဗိုလ်မှုးဘရှင် ဗိုလ်ဘသော် ပင်လုံဖေခင် ဦးကျော်ဝင်းမောင် ဦးဘိုးချယ် မှတ်မိသမျှ ရေတွက်ရပင် သမိုင်းတွင်သည့် ကဝိကျော်ရှင် တော်ဝင်ပုဂ္ဂိုလ်ဖြစ်လင့်ကစား
အနှီလူကား ပြောထွက်လှသည်။
.
ဒို့ဘိုးဘေးများ ကမျင်းကြောထ၍ သေရသည်မဟုတ် ပေးဆပ်ရင်းဖြင့် စွန့်ကြခြင်းသာ
ဧည့်သည်ကုလား ထိုသမိုင်းမပါပဲ ထွင်လို့ရက သမိုင်းပြင်၍ ရေးကြစေသတည်း။
#မူရင်းရေးသူမသိ
crd #ရာဇာ


https://m.facebook.com/groups/744771108988849?view=permalink&id=1112385168894106

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒါလားဧည့်သည်တဲ့လား”

Post a Comment

Related Posts Plugin for WordPress, Blogger...