Thursday, September 14, 2017

မသီတာထွေးနဲ့ ကျောက်ဖြူ ကူမင်းပိုက်လိုင်း ရက်စွဲများ

,
၂၀၀၄မှာ ချိုင်းနားက မြန်မာ့သဘဝဓါတ်ငွေ့ကို နှစ်ရှည်ဝယ်ယူဖို့ နှစ်ဦးနှစ်ဘက် သဘောတူကြတယ်

၂၀၀၇ ဧပြီမှာကျောက်ဖြူ ကူမင်း ရေနံပိုက်လိုင်းနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းဆွဲဖို့ အစီအစဉ်တွေဆွဲကြတယ်

၂၀၀၈ နိုဝင်ဘာမှာပိုက်လိုင်းဆွဲဖို့ အစီအစဉ်တွေ အသေးစိပ် အတည်ပြုကြတယ်

၂၀၀၉ မတ်လမှာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းအတွက် လက်မှတ်ထိုးကြပြီး

၂၀၀၉ ဇွန်လမှာေ ရနံစိမ်းပိုက်လိုင်းအတွက် လက်မှတ်ရေးထိုးကြတယ်

၂၀၀၉ အောက်တိုဘာ ၃၁ ကျောက်ဖြူ မဒေးကျွန်းမှာ ပိုက်လိုင်းအလုပ် စတယ်

၂၀၁၃ ဇွန် ၁၂မှာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုပြီးတယ်

၂၀၁၃ အောက်တိုဘာ ၂၁မှာ  ရခိုင်ဒေသထွက် သဘာဝဓါတ်ငွေ့ကို ပိုက်လိုင်းကနေ စပို့တယ်

၂၀၁၄ ဩဂုတ်မှာ ရေနံစိမ်း ပိုက်လိုင်းတည်ဆောက်မှု ပြီးတယ်

.

မြစ်ဆုံဆည်တည်ဆောက်ရေး ကန့်ကွက်မှုဟာ ၂၀၁၁မှာမြန်မာနိုင်ငံအဝှမ်းပြန့်နှံ့သွားပြီး
တနိုင်ငံလုံးအတိုင်းအတာနဲ့ အရှိန်အဟုန်ကြီးလာတယ်

တိုင်းရင်းသားပြည်သူအားလုံးကတဖက်သတ်ဆန်တဲ့ မြစ်ဆုံစာချုပ်အပေါ်တအံတဩဖြစ်နေကြပြီး
ချိုင်းနားနဲ့ ချုပ်ဆိုထားတဲ့ စီမံကိန်းတွေစာချုပ်တွေကို သိချင်လာကြတယ်

ပြည်သူတွေရဲ့ ဝေဖန်မှုတွေကတဆင့်မြစ်ဆုံအတွက်ဆိုရင်တနိုင်ငံလုံးလမ်းပေါ်ထွက်လာမယ့် အနေအထားတွေကြောင့်
၂၀၁၁ စက်တင်ဘာ ၃၀မှာဦးသန်းရွှေ ကျောထောက်နောက်ခံနဲ့ နေရာရလာတဲ့ သမ္မတ ဦးသိန်းစိန်ဟာ မြစ်ဆုံဆည်တည်ဆောက်ခြင်းကိုယာယီရပ်လိုက်ပါတယ်လို့ ကြေညာချက်ထုတ်ပြန်ကာပြည်သူတွေကို အရှိန်သေအောင် လမ်းလွှဲခဲ့တယ်တည်ဆောက်မှုကို လုံးဝကန့်ကွက်နေတဲ့ပြည်သူ့ဆန္ဒကို ယာယီရပ်ဆိုင်း ဆိုတဲ့ စကားလုံးနဲ့လမ်းလွှဲခဲ့တာဖြစ်တယ်
မြစ်ဆုံဆည် ကန့်ကွက်မှုကြောင့်နိုင်ငံရေး နိုးကြားလာတဲ့ ပြည်သူတွေဟာ စီနို မြန်မာလို့ နိုင်ငံတကာမှာ အမည်ပေးထားတဲ့
ကျောက်ဖြူ ကူမင်းပိုက်လိုင်း စာချုပ်အပေါ် အာရုံစိုက်လာကြတယ်

၂၀၁၂ ဧပြီ ၁ရက်ကြားဖြတ်ရွေးကောက်ပွဲမှာပြည်သူတွေဟာ မဲပေးခွင့်ရတဲ့နေရာ အားလုံးမှာ
အာဏာရူးတွေကို မောင်းထုတ်နိုင်ခဲ့တယ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်မှုကပြည်သူတွေအတွက် မတရားမှုဆန့်ကျင်ရာမှာ
စိတ်အားထက်သန်စေခဲ့တယ်
ကျောက်ဖြူ ကူမင်း ပိုက်လိုင်းစာချုပ်ထဲမှာ မြစ်ဆုံတုန်းကလို တဖက်သတ်ချုပ်ဆိုတာတွေပါနေသလား ဘာတွေပါသလဲလို့
ပြည်သူအားလုံးက သိချင်လာခဲ့တယ်

အထူးသဖြင့်အုတ်တံတိုင်းခတ်ထားတဲ့ စစ်တပ်ဝန်းထဲမှာ နေနေရတဲ့စစ်သည်မိသားစုတွေကြားထဲအထိ
ကျောက်ဖြူ ကူမင်းစာချုပ်အကြောင်းဝေဖန်ဆွေးနွေးမှုတွေ ရှိလာခဲ့တယ်
၂၀၁၂ မြန်မာ့နှစ်ဦး အတာသင်္ကြန်ပွဲတော်မှာပြည်သူတွေအတွက် အမှန်တရားပြန်လာပြီအာဏာရူးသူခိုးတွေ မောင်းထုတ်ကြ ဆိုတဲ့
တီးတိုးပြောဆိုမှုတွေ ကျယ်လောင်လာခဲ့တယ်
ကျောက်ဖြူအပိုင် ရမ်းဗြဲဒေသဟာ ရခိုင်ပြည်နယ်အလယ်ပိုင်းမှာရှိပြီးဘူးသီးတောင် မောင်တော ဒေသတွေနဲ့
ခရီးမိုင် ၂၀၀ကျော် အကွာအဝေးရှိတယ်

၂၀၁၂ မေလ ၂၈ရက်မှာကျောက်ဖြူအပိုင် ရမ်းဗြဲဒေသသပြေချောင် ရွာသူ သမီးငယ် မသီတာထွေး
ကျောက်နီမော်ရွာမှာ စက်ချုပ်သွားသင်ရာကအပြန်မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီးအသတ်ခံခဲ့ရပါတယ်
၂၀၁၂ မေလ ၃၀ရက်နေ့မသီတာထွေး ဈာပန အထိရဲစခန်းက တရားခံ ၃ယောက်ကိုဖမ်းထားတယ် ဆိုတာကလွဲပြီး သက်ဆိုင်ရာက
ရေရာတဲ့ သတင်းထုတ်ပြန်မှု မရှိခဲ့ဘူး

၂၀၁၂ မေလ ၃၁ရက်မှာရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်မှုကို မကျေနပ်ကြတဲ့ဒေသခံတွေဟာ ရမ်းဗြဲမြို့ပေါ်မှာ
အုပ်ချုပ်ရေးမှူးရုံးအထိ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်

အဲဒီအချိန်က နာမည်ရ သတင်းဌာနတခုရဲ့ သတင်းဖော်ပြချက်အချို့ကိုပြန်လည်ဖော်ပြပါမယ်

" ကျွန်တော်တို့ တောင်းဆိုတာက အခု ဖမ်းဆီးထားတဲ့ ကုလား ကောင်လေးတွေဟာ အမှန်တကယ် တရားခံ အစစ်အမှန်တွေ ဟုတ်မဟုတ် လူထုကို ပြသရန်၊ ဘာဖြစ်လို့ ဒီလိုတောင်းဆိုရသလဲ ဆိုရင် ဒီက အာဏာပိုင်တွေဟာ အမှန်

တကယ် ပြစ်မူ ကျူးလွန်သူတွေဆီက ပိုက်ဆံတွေ အမြောက်အမြား ယူပြီး သူတို့ကို မဖမ်းဘဲ ပြစ်မူ မကျူးလွန်တဲ့ သူတွေကို ဖမ်းပြီး တရားစွဲဆိုတတ်တဲ့ အကျင့်ရှိတဲ့ အတွက် ဒီလူငယ် သုံးဦးဟာ အမှန်တကယ် ပြစ်မူ ကျူးလွန်တဲ့ သူ

တွေ ဟုတ်မဟုတ်ကို သူတို့ကို သိရှိထားတဲ့ ဒေသခံ ပြည်သူတွေကို ထုတ်ဖေါ်ပြသပေးပါဆိုပြီး ပထမ အချက် အနေနဲ့ တောင်းဆိုပါတယ်။"

"ကျွန်တော်တို့ ဒုတိယ တောင်းဆိုတာက ဒေသက အာဏာာပိုင်တွေရဲ့ ဥပဒေကို မလိုက်နာတဲ့ အတွက် ခုလို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာရတယ်။ ဒါကြောင့် အနာဂတ်မှာ ဒါတွေကို မပြုလုပ်ဖို့ တောင်းဆိုကြတယ်။ ခုလိုြ

ကီးကျယ်တဲ့ မုဒိမ်းမူ၊ လူသတ်မူ မဖြစ်ခင်မှာ လမ်းသွားလမ်းလာ မိန်းခလေးတွေ၊ ကျောင်းသူတွေကို ဒီဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကုလားရွာတွေက တချို့ ဆိုးသွမ်းတဲ့ လူတွေဟာ အမျိုးမျိုး နှောင့်ယှက်တာတို့၊ စော်ကားတာတို့ အကြိ

မ်ကြိမ် ရှိခဲ့တယ်။ ဒါကို ဒေသမှာ ရှိတဲ့ အာဏာပိုင်တွေကို တိုင်ကြားကြတယ်။ ဒါပေမယ့် သူတို့က ပိုက်ဆံတွေယူပြီး အရေးမယူဘဲ လျစ်လျူရှု့ခဲ့ကြတဲ့ အတွက် အမူအငယ်ကနေ ခုလို အမူကြီးထိ ဖြစ်လာရတာ ဖြစ်ပါတယ်။ ဒါမျိုး တွေကို

အာဏာပိုင်တွေ အနေနဲ့ နောက်ထပ် မပြုလုပ်ကြဖို့ တောင်းဆိုကြပါတယ်။" ဟု သူက ပြောသည်။

ယခုအခါ ပြစ်မူကျူးလွန်သူဟု စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီးထားကြောင်း သိရသည်။
၂၀၁၂ ဇွန်လ ၃ရက် တောင်ကုတ်မသီတာထွေး အသတ်ခံရအပြီး ၆ရက်အကြာမှာသံတွဲက ရန်ကုန်ကိုမောင်းလာတဲ့
ရိုးမသစ္စာခရီးသည်တင် ဘတ်စကားဟာတောင်ကုတ်မြို့အနီးမှာ လူအုပ်စုတစုကရုတ်တရက်တိုက်ခိုက်မှု ဖြစ်ခဲ့တယ်
ကားပေါ်ပါလာသူ အစ္စလာမ်ဘာသာဝင် ၁၀ဦးကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တယ် ကြိုတင်ကြံစည်မှုလား အကွက်ချစီစဉ်မှုလားမေးစရာဖြစ်ခဲ့တယ်
အလေးထား စဉ်းစားရမယ့် အချက်ကတောင်ကုန်အုပ်စုဖွဲ့လူသတ်မှုအပြီး နောက်တရက်
၂၀၁၂ ဇွန်လ ၄ ရက်ထုတ် သတင်းစာတွေမှာတောင်ကုတ် အုပ်စုဖွဲ့ လူသတ်မှုနဲ့သမီးငယ် မသီတာထွေးကို
အုပ်စုဖွဲ့ မုဒိမ်းကျင့်အသတ်ခံရမှုကိုအချိတ်အဆက်ရှိသယောင်ဆိုက်ဝါး သတင်းဖြန့်ရေးသားမှုကို တွေ့ရတယ်
အဲဒီ အကြမ်းဖက်လူသတ်မှု ၂မှုအပေါ်ရဲတပ်ဖွဲ့ရဲ့ တာဝန်ယူဆောင်ရွက်မှုတွေဟာမီးလောင်ရာ လေပင့် ဓါတ်ဆီလောင်းသလို ဖြစ်ခဲ့တယ်

သမီးငယ်မသီတာထွေးကိုအုပ်စုဖွဲ့မုဒိမ်းကျင့် သတ်ဖြတ်မှု အတွက်တရားခံအဖြစ် ခေါင်းစဉ်တပ် ဖမ်းဆီးချုပ်နှောင်ထားတဲ့
လူငယ် ၃ ယောက်ဟာ အချုပ်ထဲမှာပဲ ကိုယ့်ကိုယ်ကို သတ်သေသွား သလိုနဲ့တရားခွင်မှာ စစ်ဆေးမေးမြန်းတဲ့ အဆင့် မရောက်ခဲ့ဘူး
ထင်သာမြင်သာတဲ့အချက်ဖြစ်တယ်

၂၀၁၂ ဇွန်လ ၈ရက် နေ့မှာမသီတာထွေး အခင်းဖြစ်ပွားရာနဲ့ခရီးမိုင် ၂၀၀ ကျော်အကွာမှာရှိတဲ့
မောင်တောဒေသမှာ အုပ်စုဖွဲ့ အကြမ်းဖက်မီးရှို့မှုတွေ စတင်ဖြစ်လာခဲ့ပါတယ် မိုင် ၂၀၀ ကျော် ဝေးတဲ့နေရာမှာဖြစ်တာ
၂၀၁၂ ဇွန်လ ၁၀ရက်နေ့မှာရခိုင်ဒေသကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်

စဉ်းစားစရာကောင်းတဲ့ တိုက်ဆိုင်မှုတွေဖြစ်တယ်
အရေးပေါ်ကာလစစ်အုပ်ချုပ်ရေးကြောင့်ကျော်ဖြူဒေသ မဒေကျွန်းတဝိုက်မှာတည်ဆောက်နေဆဲဖြစ်တဲ့
သဘာဝဓါတ်ငွေ့ပိုက်လိုင်းရေနံစိမ်းပိုက်လိုင်းတည်ဆောက်မှုစီမံကိန်းကိုသွားရောက် သတင်းရယူတာတွေဘယ်သူမှ မလုပ်နိုင်တော့ဘူး

ပြည်သူတွေ ကန့်ကွက်နေတဲ့ကျောက်ဖြူ ကူမင်းပိုက်လိုင်းတည်ဆောက်မှုကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြီးမြောက်အောင်
ရခိုင်အရေးအခင်းက စတေးလိုက်ရသလိုမျိုးဖြစ်တယ်

ပြည်သူတွေအကြားကျောက်ဖြူ ကူမင်းပိုက်လိုင်းမဒေးကျွန်းတည်ဆောက်ရေး နဲ့ရခိုင်အရေးအခင်းဆက်စပ်စဉ်းစားနေချိန်မှာ
လက်ပံတောင်းကြေးနီတူးဖော်ရေးမတရားမှု ကိစ္စက ကြားဝင်လာပါတယ်
၂၀၁၂ နိုဝင်ဘာ ၂၉လက်ပံတောင်းကြေးနီစီမံကိန်းအနီးသပိတ်စခန်းမှာသံဃာတွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ်ဖြိုခွင်းမှုက
ကျောက်ဖြူကူမင်း ပိုက်လိုင်းသတင်းကို လုံးဝ အာရုံလွှဲလိုက်သလို ဖြစ်ခဲ့တယ်

၂၀၁၂ ဇွန်လဆန်းကနေ၂၀၁၂ နိုဝင်ဘာလကုန်အတွင်းပြည်သူတွေကိုရခိုင်ကနေ လက်ပံတောင်းရောက်သွားအောင်
ဇာတ်အတင်းနာ ဇတ်အတင်းကြမ်းပြီးအာရုံရွှေ့လိုက်တာဖြစ်တယ်ြ ဖစ်စဉ်တွေနဲ့ ရက်စွဲတွေကိုဘေးချင်းယှဉ်တန်းစီချရေးလိုက်ရင်
ရှင်းရှင်းကြီးပေါ်လာလိမ့်မယ် အခုလည်းကာလုံခေါ်ပေးအရေးပေါ်အခြေအနေကြေညာပေးစစ်အုပ်ချုပ်ရေးလုပ်ပေးစတာတွေ ကြားလာရပြန်ပြီ ရခိုင်ဒေသမှာချိုင်းနားစီမံကိန်းအသစ်လုပ်ဖို့ရှိနေပြန်ပြီလား

ကျောက်ဖြူကူမင်း ပိုက်လိုင်းစာချုပ်ဘာတွေ ထည့်ရေး ထည့်ချုပ်ထားသလဲပိုက်လိုင်း နဲ့ ပိုက်လိုင်းအတွက် စီမံအုပ်ချုပ်မှုကို
ဒေသခံတိုင်းရင်းသားပညာရှင်တွေဦးစီးလို့မရဘူးလား ပိုက်လိုင်းကနေဘာတွေ ဘယ်လောက်ပို့နေသလ ဘယ်လို စစ်ဆေးကြမှာလဲ
ပိုက်လိုင်းဆွဲထားတဲ့ မြေတွေကဘယ်သူ့အပိုင်ဖြစ်သွားပြီလဲ မြန်မာမြေကို ချိုင်းနားက ပိုက်ဆံပေးရင် အပိုင်ဝယ်လို့ရသွားပြီလား
စာချုပ်ထဲမှာ ဘာတွေ ပါသလဲ ချိုင်းနားနဲ့ ဘယ်နေရာတွေမှာ ဘာတွေလုပ်ဖို့ စာချုပ်ထားတာတွေရှိသေးလား

ဝန်ကြီးဌာန စီမံကိန်းခေါင်းစဉ်မဟုတ်ပဲ စစ်တပ်ခေါင်းစဉ်နဲ့ ရော ချိုင်းနားနဲ့ စာချုပ်ထားတာတွေအားလုံးပြည်သူတွေကို ချပြ အဆုံးဖြတ်ခံသင့်တယ် တိုင်းပြည်နိုင်ငံကို လက်သိပ်ထိုးရောင်းစားနေတာတွေရပ်ပါတော့နှ စ်ပေါင်းများစွာ ငြိမ်သက်နေတဲ့
ရခိုင်နယ်စပ်ဒေသဟာလက်သိပ်ထိုးအရောင်းအဝယ်ဖြစ်အောင် စတေးလိုက်ရတာလား

.

၂၀၁၃ ဇွန် ၁၂မှာသဘာဝဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုပြီးတယ်

၂၀၁၃ အောက်တိုဘာ ၂၁မှာ ရခိုင်ဒေသထွက် သဘာဝဓါတ်ငွေ့ကို ပိုက်လိုင်းကနေ စပို့တယ်

၂၀၁၃ မတ်လမှာ မိတ္ထီလာ

၂၀၁၃ ဧပြီလမှာ ဥက္ကံ

၂၀၁၃ မေလမှာ လားရှိုး

၂၀၁၃ ဩဂုတ်လမှာ ကန့်ဘလူ

၂၀၁၃ အောက်တိုဘာမှာ သံတွဲ

ဆက်တိုက်ဖြစ်ခဲ့တာတွေလေ

ဒါတွေအားလုံးဟာ တိုက်ဆိုင်သွားတာတွေပဲလား

ပြည်သူတွေ စဉ်းစားတတ်ကုန်ပြီ

သူခိုးတွေအတွက် နေရာမရှိတော့ဘူး

(ရှယ်နိုင်ပါတယ်
ကော်ပီယူနိုင်ပါတယ်)

3.9.2017
Ven Sein Titaဆရာ​​တာ်​ရေးသားမှု့ အာြး​ပန်​လည်​မျှ​ဝေပါသည်​။

ဥာဏ်လှိုင်(ခ)ရန်င်ြမ်းသူ

https://m.facebook.com/story.php?story_fbid=1811455505812547&id=100008443454549

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မသီတာထွေးနဲ့ ကျောက်ဖြူ ကူမင်းပိုက်လိုင်း ရက်စွဲများ”

Post a Comment

Related Posts Plugin for WordPress, Blogger...