Thursday, September 14, 2017

မြန်မာကွ

,
* မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး၍ အိမ်သာတက်ခဲ့သော ဘုရင်မှာဘိုးတော်ဦးဝိုင်း (၁၇၈၂-၁၈၁၉) ဖြစ်သည်။

* ၁၈၈၅ တွင် သူ့ကျွန်ဘ၀ကျရောက်ပြီး ၁၈၈၆ ခုနှစ်တွင် စဖွင့်ခဲ့သောစက်ရုံသည် မန္ကလေး ဘီယာနှင့် အရက်ချက်စက်ရုံဖြစ်သည်။

* ဖုန်းကိုလေပေါ်မြှောက်ကာ ဝှေ့ယမ်း၍လိုင်းရှာသော နည်းပညာကိုမြန်မာနိုင်ငံမှ စတင်တီထွင်ကျင့်သုံးခဲ့သည်။

* သတင်းစာကို နောက်ဆုံးမှ လှန်ဖတ်ကြသော ဓလေ့စရိုက်သည်မြန်မာနိုင်ငံတွင်သာရှိသည်။

* ကမ္ဘာပေါ်တွင် ဆောင်ပုဒ်အများဆုံးနိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည်။

* ခြင်တောင်လှန်၍သန်းခေါင်စာရင်းစစ်သောအလေ့အထသည်ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌သာရှိသည်။

* ကမ္ဘာပေါ်တွင်ဝါးတားဂိတ်(၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိတ်)အများဆုံး တိုင်းပြည် မှာ မြန်မာပြည်ဖြစ်သည်။

* လေအေးစက်တပ်ထားသောအခန်းများတွင်နောက်မှီကုလားထိုင်ပေါ်ထိုင်၍ တောင်းစားသောသူတောင်းစားများမှာမြန်မာနိုင်ငံ တခုတည်းတွင်သာရှိသည်။

* နောက်ဖေးလမ်းကြားထဲသို့ တိုက်ပေါ်မှအမှိုက်ပစ်ချသောအမှိုက်စွန့် စံနစ်သည် မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။

* ဒီမိုကရေစီပါလီမန်ဟုဆိုသော လွတ်တော်ထဲတွင် (၂၅%) သောစစ်ယူနီဖေါင်းဝတ်ထားသူများ မျက်နှာမာများနှင့် မျက်နှာပြောင်တိုက်ထိုင်နေသော ဒီမိုကရေစီလွှတ်တော်သည် ကမ္ဘာ့ပထမဆုံးသော ဒီမိုကရေစီလွှတ်တော်ဖြစ်သည်။

*အိမ်သာများတွင် နိုင်ငံခြားသားအတွက်သီးသန့် (Foreigner Only)ဟုခွဲခြားသောဆိုင်းဘုတ်များသည်
မြန်မာတနိုင်ငံတည်းတွင်သာရှိသည်။

* မြို့ လည်ခေါင်တွင် ခရီးသည်တင်ကားများကို လက်တား၍ပိုက်ဆံတောင်းသော ဓါးပြများကိုမဖမ်းပဲခွင့်ပြုထားသောတိုင်းပြည်သည်မြန် မာပြည်ဖြစ်သည်။

* ကမ္ဘာပေါ်တွင် မီးအားမြှင့်စက်အရောင်းရဆုံးတိုင်းပြည်မှာမြန်မာပြည် ဖြစ်သည်။

* ကမ္ဘာပေါ်တွင်အင်တာနက်အနှေးဆုံးနှင့် Overseas Phone Call ဈေးအကြီးဆုံးမှာ မြန်ပြည်ဖြစ်သည်။

* ဈေးဝယ်ပြီး ငွေအကြွေ မအမ်းနိုင်၍ပစ္စည်းနှင့်လဲလှယ်သောစနစ်သည်ကမ္ဘာပေါ် တွင် မြန်မာပြည်၌သာ ရှိသည်။

* အာဏာရူးလောဘရူးများကို တရိုတသေဖြင့် "အဘ" ဟုခေါ်ရသော ကမ္ဘာ့အယဉ်အကျေးဆုံး တိုင်းပြည် သည် မြန်မာပြည်ဖြစ်သည်။

* "လာဘ်ပေးရန်မလို" (လာဘ်ပေးလျှင် ရန်မလို)"လာဘ်ပေး ရန်မလို"ဟူသော အဓိပ္ပါယ်ရသည့် ဆိုင်းဘုတ်များကိုရုံးဌာနများတွင် ပြောင်ပြောင်တင်းတင်းကပ်ထားသည့် ကမ္ဘာတွင်တခုတည်းသော တိုင်းပြည်ဖြစ်သည်။

* ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပိုင်ရှင်ရှိနေသည့်ကမ္ဘာ့အရှ ည်ကြာဆုံးပြည်တွင်းစစ်ဖြစ်နေသော
တိုင်းပြည်ဖြစ်သည်။

* ဖိနပ်များကိုသဲကြိုးပြန်တပ်၍ စီးခြင်း၊ တခါသုံးဓါတ်ငွေ့ မီးခြစ်များကိုဓါတ်ငွေ့ နှင့်မီးခြစ်ကျောက်များပြန်ထည့် ၍ အသုံးပြုသော စံနစ်တို့ အား မြန်မာနိုင်ငံမှ စတင်ခဲ့သည်။

* အကြော်များအား တာရှည်ခံရန်အတွက် ပလတ်စတစ်ကြွတ်ကြွတ်အိတ်များအား အကြော်ဆီအိုးထဲတွင် ထည့်ကြော်သော နည်းစံနစ်ကို မကြောက်မလန့် - မြန်မာနိုင်ငံတွင် ပထမဆုံးတီထွင်ကြံဆ အသုံးချခဲ့သည်။

* တတိုင်းပြည်လုံးနီးနီးမှောင်နေသော်လည်း လျှပ်စစ်ဓါတ်အားများပိုလျှံနေ၍ နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေ သည့် ထူးခြားသောတိုင်းပြည်ဖြစ်သည်။

* တိုင်းပြည်တွင် ရေနံ နှင့် သဘာဝဓါတ်ငွေတို့ အလျှံပယ်ထွက်ရှိနေသော်လည်း နိုင်ငံခြားမှ ဒီဇယ်ဆီဝယ်သုံးနေသည့် အလွန် ချမ်းသာသောတိုင်းပြည်ဖြစ်သည်။(မှတ်ချက်။ ဒီဇယ်ဆီကို အန္ဒိယမှဝယ်ပါသည်)

* ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့်အာဏာရသွားသော အစိုးရအုပ်ချုပ်သည့် ကမ္ဘာပေါ်တွင်တစ်ခုတည်းသော ဒီမိုကရေစီတိုင်းပြည်။

* လက်မူ့ လယ်ယာမှစက်မူ့ လယ်ယာသို့ဟုကြွေးကြော်ကာဘိုးဘွားပိုင်ဓါးမဦးချလယ်ယာမြေများကို ခရိုနီများနှင့်အာဏာပိုင်များပေါင်းကာ သိမ်းယူ၍ စက်မူလယ်ယာစံနစ်ကိုအကောင်အထည်ဖေါ်သော ထူးခြားသည့်နိုင်ငံဖြစ်သည်။

*နိုင်ငံအတွင်း ဆင်းရဲမှူ့ ပပျောက်ရေးဟု ကြွေးကြော်ပြီးအခြေခံလူတန်းစားများ နေထိုင်ပိုင်ဆိုင်သော အိမ်ယာမြေများကိုဥပဒေအသစ် ပုဒ်မအသစ်များတပ်၍ သိမ်းယူကာ ဆင်းရဲမူပပျောက်အောင် ဖေါ်ဆောင်သော စံနစ်သည် ကမ္ဘာပေါ်တွင် မြန်မာ တစ်နိုင်ငံတည်း၌သာရှိသည်။

* ကုန်း/ရေ နှစ်မျိုးသွား (Amphibian) လူစီးဘတ်စ်ကားများအားကမ္ဘာပေါ်၌ မြန်မာနိုင်ငံတွင် ပထမဆုံး အသုံးပြုနိုင်ခဲ့သည်။

*" မြေကြီးက ရွှေသီးလို့ ပြည်ဝမ်းဝနေဆိုတဲ့" သီချင်းအားရုပ်မြင်သံကြားတွင် သတိယတိုင်းလွှင့်နေပြီး ပညာတတ်များနှင့်အရွယ်ရောက်သူ (၅) သန်း ကမ္ဘာပတ် ကျွန်ခံနေရသောတိုင်းပြည်ဖြစ်သည်။

* မြန်မာနိုင်ငံသည်လျှပ်စစ်မီးသီးကိုတီထွင်ခဲ့သောအမေရိ ကန်နိုင်ငံသား သောမတ်စ်အက်ဒီဆင်အားဂုဏ်ပြုဆုံးသောတိုင်းပြည်အြ ဖစ် မှတ်တမ်းတင်ထားခြင်းခံရသည်။

(အက်ဒီဆင်အားဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ တွင်အမေရိကန်နိုင်ငံ၌ လျှပ်စ်မီးကိုငါးမီးနစ် တိတိ ဖြတ်တောက်ထားခဲ့ဖူးပါသည်)။

*ငွေမပေးနိုင်လျှင်အကူအညီမပေးသော၊ ဘာတစ်ခုမှစေတနာဖြင့်ကူညီဖေါ်မရသောသူများက "ကူညီပါရစေ" ဆိုင်းဘုတ်အား မူပိုင်ယူထားသည်မှာလည်း မြန်မာနိုင်ငံတခုတွင်သာရှိပါသည် ။

* (၂၁) ရာစုတွင် ကျောင်းသားများအားတန်းစီ၍(ဘယ်ပြန်ညာပြန် ဒုတိယကမ္ဘာစစ်က ဖက်ဆစ်ဂျပန်စတိုင်) ပါးရိုက်သော ဆရာမမျိုး သည်လည်းကမ္ဘာတွင် မြန်မာနိုင်ငံမှ ပထမဆုံးပေါ်ထွန်းခဲ့သည်။ (မှတ်ချက်။ ရန်ကုန် TTC ကျောင်းဆရာမ)

* ကမ္ဘာပေါ်တွင် တက္ကသိုလ်ကျောင်းပညာရေးအား ဂရုတစိုက်အရှိဆုံးသောနိုင်ငံ။ (မြို့ပြ ဧရိယာများအတွင်း ရှိတက္ကသိုလ်များကိုပိတ်ပြီးမြို့ ပြများနှင့်ဝေးရာဒေသများသို့ ပို့ ၍ ဒေသန္တရ ဗဟုသုတရရန်၊ အေးချမ်းဆိတ်ငြိမ်စွာ ပညာသင်ကြားနိုင်ရန်၊ ကိုယ်ခံစွမ်းအား များမြင့်မားလာရန် ဘေးအန္တရာယ်လုံခြုံစိတ်ချစေရန် စေတနာ များဖြင့် မြို့ပြင် စစ်တပ်များနှင့်နီးရာ လူမနီးသူမနီးလွင်တီးခေါင်များ တွင်တက္ကသိုလ်များ ဆောက်လုပ်ပြီး ပညာသင်ကြားစေသောနိုင်ငံ)။

* အတန်းပိုင်ဆရာ/ဆရာမများ ကိုယ်တိုင်သင်သော ဝိုင်းကျူရှင်တက်မှစာမေးပွဲအောင်ပြီး ၀ိုင်းကျူရှင်မတက်ပဲ စာတော်နေသောကျောင်းသား/ကျောင်းသူအား တုတ်ဖြင့် အချက်ရာကျော်ရိုက်၍ မှတ်လောက်သားလောက် ဆုံးမတတ်သည့် ဆရာမ/ဆရာမများထွန်းကားသည့် တခုတည်းသောနိုင်ငံ။

* ကျောင်းများတွင် ကျောင်းအပ်ဖို့ ကျောင်းဝင်ခွင့်ရဖို့ ဆရာ/ဆရာမကြီးများအား ဆန်အိတ်၊ ဆီပုံးများဖြင့် တရိုတသေ ညွှတ်ကျိုးပူဇော်ရသော ဓလေ့ရှိသည့် ပညာရေးဝန်ထမ်းများအကြီးအကျယ်လာဘ်စားသည့် ကမ္ဘာ့တခုတည်းသောနိုင်ငံ။

* "စရိတ်မျှပေးကျန်းမာရေး" ဟူသောဆောင်ပုဒ်ကြီးဖြင့်ပေးစရာ စရိတ်မရှိသော ဆင်းရဲကျောမွဲလူနာ များ ဆေးရုံများမှ နှင်ထုတ်ခံရသည့် တခုတည်းသောနိုင်ငံ။

* အစိုးရကိုယ်တိုင်က ငြိမ်းချမ်းရေးကိုကျုံးအော်နေသလိုဘာသာစုံငြိမ်းချမ်း ရေးဆုတောင်းပွဲများ မပြတ်ကျင်းပနေပြီးစစ်ပွဲများရပ်နားခြင်းမရှိသေးသည့်နိုင်ငံ။ ငြိမ်းချမ်းရေးကိုကျုံးအော်နေသူများအချင်းချင်း ရန်ဖြစ်နေသောနိုင်ငံ။

*လမ်းအသုံးပြုကြေးများကို အဓမ္မတရားဝင်ကောက်ခံပြီးလမ်းများကို လမျက်နှာပြင်ကဲ့သို့ နောက်ဆုံးပေါ် ဒီဇိုင်းဖေါ်ပေးသည့် ကမ္ဘာပေါ်ရှိ တခုတည်းသောနိုင်ငံ။

*ဗုဒ္ဓဘာသာတိုင်းပြည်များအကြား - ဗုဒ္ဓသားတော်ရဟန်းသံဃာများကို ဗုဒ္ဓဘာသာဝင်ဆိုသူများကိုယ်တိုင် ထုနှက်ကန်ကျောက် ပစ်ခတ် ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ထောင်ချသည့်ကမ္ဘာပေါ်ရှိ တခုတည်းသော ဗုဒ္ဓဘာသာနိုင်ငံ။

*Hand Phone များနှင့်စကားပြောရာတွင်အော်ကြီးဟစ်ကျယ်နှင့် "ဟဲလိုဂျားလား" "ဟဲလိုဂျားလား" ဟူသောဝေါဟာရကိုကမ္ဘာတွင်အသုံးအများဆုံးသောနိုင်ငံ။ (မှတ်ချက်။ ကမ္ဘာအရပ်ရပ်ရှိ အခြားသောတိုင်းပြည် များတွင် "Hello!" နှင့် "OK" ဟူသောစကားလုံးနှစ်လုံးသည် အသုံးအများဆုံးဖြစ်ကြောင်းသိရှိရသည်)။

*အိမ်ရှိ Remote Control အမျိုးမျိုးကို ပလတ်စတစ် cover များဖြင့်ဖုံးပြီး၊ ဧည့်ခန်းရှိရုပ်မြင်သံကြားများအား အင်္ကျီဝတ်ပေးခြင်းပိတ်စလှလှများဖြင့်အုပ်ထားခြင်းကို ပြုလုပ်သည့် အလေ့အထရှိသည့် တခုတည်းသော တိုင်းပြည်။

*ကိုရီးယားလိုထမင်းစားရေသောက်မပြောတတ်လျှင်အင်္ဂလိပ်လို ကြားညှပ်မပြောတတ်လျှင် လူရာအသွင်း မခံရသောတိုင်းပြည်ဖြစ်သည်။

* ကမ္ဘာပေါ်တွင် ကော်ပီသံစဉ်အခိုးဆုံးတိုင်းပြည်။
(မှတ်ချက်။ အဆိုပါကော်ပီအဆိုတော်များသည် သူတို့ စီဒီများကိုခိုးကူးခွေလုပ်ပြီးလမ်းဘေးတွင်ရောင်းသော အခါ ဘ၀မေ့ပြီးဒေါသအမြက်ချောင်းချောင်းထွက်လေ့ရှိကြသ ည်)။

* မိန်းကလေးအများစုသည် ဒီမိုကရေစီလွတ်လပ်ခွင့်နှင့်လူ့ အခွင့်အရေး (အမျိုးသမီးအခွင့်အရေး) တို့ ၏အဓိပ္ပါယ်သည်ဒူးပေါ်ပေါင်ပေါ် စကတ်တိုနှံ့ နှံ့ များဝတ်ခြင်း မလုံ့ တလုံဝတ်ခြင်းများဟု အဓိပ္ပါယ်ကောက် ကြသောတိုင်းပြည်ဖြစ်သည်။

* ကမ္ဘာပေါ်တွင် - နှစ်လုံး၊ သုံးလုံး၊ "ရှစ်လုံး" နှင့်ဘောလုံးစသည့် "အလုံး"များ အလွန်ခေတ်အစားဆုံးသော တိုင်းပြည်ဖြစ်သည်။

*ကမ္ဘာပေါ်တွင် ရဟန်းသံဃာငါးသိန်းနှင့် လက်နက်ကိုင်ငါးသိန်းရှိသော ထူးခြားသည့်တိုင်းပြည်ဖြစ်ပြီး တခါတရံလက်နက်ကိုင်များ သည်လှပစွာချီတက်သောအခမ်းအနားကြီးများပြုလုပ်ပြီး၊ တခါတရံရဟန်းသံဃာများသည်လည်းမျက်စေ့တဆုံး ငြိမ်းချမ်းစွာ စီတန်း ဆန္ဒပြလေ့ရှိသည့်အလေ့အထရှိသော
တခါတရံရဟန်းသံဃာများသည် တရားဓမ္မမကျင့်ကြံပဲ မိန်းမအပေါက်ကို လိုက်လံစောင့်ရှောက်သောအလုပ်ကိုလုပ်သည့်အလေ့အထရှိသော - တခုတည်းသောတိုင်းပြည်ဖြစ်သည်။

*ဘာဒေါက်တာပဲဖြစ်ဖြစ် နာမည်ရှေ့ မှာဒေါက်တာပါလျှင်ဘာမှမတတ်လည်း ရောက်လေရာအထင်ကြီးခံရပြီး အဖွဲ့  အစည်းတွေ မှာ ခေါင်းဆောင်တင်တဲ့နိုင်ငံ။ (ပျက်ခါမှပျက်ရော)

* နေရာတကာတွင် အကျင့်စာရိတ္တကောင်ကြောင်းထောက်ခံစာသည်အရေးပါပြီး၊ အနှီထောက်ခံစာကို အကျင့် စာရိတ္တ မကောင်းသူများက လက်မှတ်ထိုးပေးမှအလုပ်ပြီးမြောက်သောတိုင်းပြည်ဖြစ်သည်။

https://m.facebook.com/story.php?story_fbid=1072300636121742&id=100000254487686

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မြန်မာကွ”

Post a Comment

Related Posts Plugin for WordPress, Blogger...