Wednesday, September 27, 2017

အမ်းတွင် ဆူပူမှုပြုလုပ်ရန် လူတစ်ဦးလျှင် ကျပ်ငါးသိန်းပေးမည်ဆိုပြီး လာရောက်စည်းရုံးမှုများရှိနေဟု မကွေးတိုင်းဝန်ကြီးချုပ်ပြောကြား

,
ဆူပူအုံကြွမှုပြုလုပ် ရန် ရခိုင်ပြည်နယ် အမ်းမြို့သို့ လူ တစ်ဦးလိုက်ပါလျှင် ကျပ်ငါးသိန်း ပေးမည်ဟုဆိုကာ မကွေးတိုင်းအ တွင်း လာရောက်စည်းရုံးမှုများရှိ နေကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုး ညိုက ပြောသည်။
စက်တင်ဘာ ၂၆ ရက်ညနေ က မကွေးတိုင်းအစိုးရအဖွဲ့ရုံးအ တွင်း ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ဒေါက်တာ အောင်မိုး ညိုက ပြောကြားခြင်းဖြစ်သည်။
‘‘မကွေးတိုင်းထဲမှာ စိုးရိမ် စရာဖြစ်ရပ်တစ်ခု ကြားသိရ တယ်။ နာမည်တွေတော့ မမေးပါနဲ့ ပြောလို့မရဘူး။ လာစည်းရုံး တယ်။ အမ်းကိုလိုက်ခဲ့ ငါးသိန်း ပေးမယ်။ လမ်းမှာလည်း ရေမီးအပြည့်အစုံနဲ့တဲ့။ မရိုမသေပြောရ ရင် မိန်းကလေးလိုချင်ရင်တောင် ရမယ်ပေါ့။ အဲဒီလို စည်းရုံးတာ။ဘာလုပ်ရမလဲလို့ စည်းရုံးခံရသူ ကမေးတော့ အမ်းမှာ ဆူပူအုံကြွ အောင် လှုံ့ဆော်ပေးရမှာတဲ့။ တာဝန်ကျေပြီးလို့ မကွေးပြန် ရောက်မှ ငါးသိန်းကရမှာ။ ဒီလို အခြေအနေမျိုးမှာ ပြည်ထောင်စု နိုင်ငံတော်အတွက် အင်မတန်ကို စိုးရိမ်စရာကောင်းနေတယ်’’ဟု ဝန်ကြီးချုပ်ဒေါက်တာအောင်မိုး ညိုက ပြောသည်။
မိမိကို စည်းရုံးခံရသူကိုယ် တိုင် ပြောကြားပြီး လာရောက် စည်းရုံးသူက ငွေကြေးများစွာရရှိ သဖြင့် စည်းရုံးမှုပြုလုပ်သည်ဟု ပြောကြားသည်ဟု သိရကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ဆူပူမှုဖြစ်ပွားရန် စည်းရုံးစေ ခိုင်းသူက ‘‘ငါတို့မှာ ငွေလည်းရှိ တယ်၊ လက်နက်လည်းရှိတယ်၊ အာဏာသာမရှိဖြစ်နေရလို့ အာ ဏာရရန် ဆူပူအုံကြွမှုဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်တယ်’’ ဟု စည်းရုံးရန် စေခိုင်းစဉ်က ပြောကြားခဲ့သည်ဟု သိရကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
အထက်ပါကိစ္စအား တိုင်း အစိုးရအဖွဲ့အနေဖြင့် ဥပဒေနည်း လမ်းများအရသာ ဖြေရှင်းမည် ဖြစ်ပြီး သက်ဆိုင်ရာဌာနများကို ကိုင်တွယ်ဆောင်ရွက်ရန် ညွှန် ကြားထားကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ထို့အပြင် နယ်လုံဝန်ကြီး၊ ရှေ့နေချုပ်၊ တရားရုံးအရာရှိများ နှင့်လည်း တိုင်ပင်ဆောင်ရွက် နေကာ အသေးစိတ်ကို ထပ်မံ ထုတ်ပြန်မည်ဖြစ်ကြောင်း ယင်း သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ပြောကြားသည်။
မကွေးတိုင်း တောင်တွင်း ကြီးမြို့တွင် စက်တင်ဘာ ၁၀ ရက်ညက မြို့ပေါ်ရပ်ကွက်ရှိ အစ္စ လာမ်ဘာသာဝင်များ နေအိမ်နှင့် ဈေးဆိုင်ခန်းများကို မျက်နှာဖုံးစွပ် ထားသည့် လူတစ်စုက ဖျက်ဆီးခဲ့ ရာ ကျပ်သိန်း ၁၈၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ သည်။
အဆိုပါ ဆူပူမှုဖြစ်စဉ်တွင် ပါဝင်သူခုနစ်ဦးကို ရဲတပ်ဖွဲ့က ပုဒ်မငါးခုဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးအရေးယူထားပြီး နောက် ကွယ်တွင် ပါဝင်ပတ်သက်သူ ရှိ၊ မရှိ ဖော်ထုတ်ရန် ဝန်ကြီးချုပ်က နယ်လုံဝန်ကြီးကို ညွှန်ကြားထား သည်။
#7day

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အမ်းတွင် ဆူပူမှုပြုလုပ်ရန် လူတစ်ဦးလျှင် ကျပ်ငါးသိန်းပေးမည်ဆိုပြီး လာရောက်စည်းရုံးမှုများရှိနေဟု မကွေးတိုင်းဝန်ကြီးချုပ်ပြောကြား”

Post a Comment

Related Posts Plugin for WordPress, Blogger...