Sunday, September 17, 2017

ရခိုင်အကြမ်းဖက်မှု၏ နောက်ကွယ်တွင်

,
နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ခဲ့တဲ့ သတင်းမှာ “ဩဂုတ်လ ၂၅ ရက်နေ့ အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမားများက ရဲကင်းစခန်းတစ်ခုကို ဝင်ရောက်စီးနင်းပြီး လုံခြုံရေးဝန်ထမ်း ၇ ဦးကို သတ်ခဲ့တယ်”လို့ ဖော်ပြခဲ့တယ်။ မကြာမီပင် နိုင်ငံတော်အတိုင်ပင်ခံရုံးဆိုတဲ့ အမည်နာမအား သတင်းထုတ်ပြန်ရေး ကော်မတီအဖြစ်သို့ ပြောင်းလဲခဲ့သလို အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်သမားကိုလဲ ARSA အကြမ်းဖက်သမားလို့ ပြောင်းလဲခဲ့တယ်။

သတင်းထုတ်ပြန်တာမှားလို့ ပြောင်းလဲခြင်းလား၊ လိမ်လည်တာပေါ်လို့ ပြောင်းလဲခြင်းလား၊ ဒါမှမဟုတ် အကြမ်းဖက်မှုရဲ့နောက်ကွယ်မှာ မည်သူမည်ဝါရှိတယ်ဆိုတာမသိလို့ သံသယရှိတဲ့အဖွဲ့ကို ရည်ညွှန်းခြင်းလား။ တွေးတောစရာပင်။

၂၀၁၆ အောက်တိုဘာ ၉ရက်နေ့ ဖြစ်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို စစ်တပ်က အင်အားသုံးပြီး နယ်မြေရှင်းလင်းရေး လုပ်ခဲ့တယ်။ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး သုတ်သင်ခဲ့တယ်။ အကယ်၍ ARSA အကြမ်းဖက်သမားတွေကသာ လုပ်ခဲ့ရင် သူတို့ကို မဖမ်းနိုင်တာ ဘာကြောင့်လဲ။ သူတို့ မည်သူမည်ဝါဆိုတာ ကွက်ကွက်ကွင်း ကွင်းသိနိုင်တဲ့ ဗွီဒီယိုမှတ်တမ်းတွေ၊ ဓါတ်ပုံတွေ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မြောက်များစွာရှိပါလျက်၊ စစ်တပ်က နယ်မြေရှင်းလင်းရေးကို အစွမ်းကုန်လုပ်ပါလျက် မဖမ်းဆီးနိုင်ခဲ့တာ ဘယ်သူ့မှာ တာဝန်ရှိသလဲ။

ပြည်ထဲရေးဝန်ကြီးက ရာဂဏန်းလောက်သာရှိပြီး ဓါတ်ပုံအထင်အရှားရှိတဲ့ လူတွေကိုပင် မဖမ်းနိုင်ခဲ့ရင် တိုင်းပြည်ရဲ့ ကာကွယ်ရေးကို ဘယ်လိုတာဝန်ယူမှာလဲ။ ဒီကိစ္စအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့အား မြန်မာပြည်သူများ အမှုဖွင့်တရားစွဲသင့်ပြီ။

လတ်တလော ဖြစ်နေတဲ့ အကြမ်းဖက်မှုရဲ့နောက်ကွယ်တွင် စစ်တပ် မပါခဲ့ရင် အမည်နာမတွေ ပြောင်းစရာ အကြောင်းမရှိ။ စစ်တပ်က အကြမ်းဖက်မှုကို စနစ်တကျ ဖန်တီးခဲ့ကြောင်း အောက်ပါအချက်တွေအရ သိရတယ်။

(၁) အကြမ်းဖက်ခေါင်းဆောင် ဝီရသူအား ယခုအကြမ်းဖက်မှု မတိုင်မီ နှစ်လအကြိုတွင် မောင်တောသို့ လွှတ်ပြီး အကြမ်းဖက်မှုအတွက် လှုံ့ဆော်စေခဲ့တာ ဘယ်သူလဲ။

(၂) ရခိုင်ပြည်နယ်အနှံ့တွင် ကိုဖီအာနန်ရဲ့ အစီရင်ခံစာမထွက်လာမီ အဆိုပါအစီရင်ခံစာကို ဆန့်ကျင်ဆန္ဒပြ စေခဲ့တာ ဘယ်သူတွေလဲ။
(၃) အကြမ်းဖက်မှု ဖြစ်လာမယ်ဆိုတာကို ဘာကြောင့် စစ်တပ်က ကြိုသိနေတာလဲ။ မင်းအောင်လှိုင်နဲ့ ရခိုင် အစွန်းရောက်ခေါင်းဆောင် အေးမောင်တို့က အကြမ်းဖက်မှုကို ကြိုသိထားပြီး အကြမ်းဖက်မှု နှိမ်နင်းရေးခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပါလျက် ဘာကြောင့် အကြမ်းဖက်မှုကို ကြိုတင်မတားဆီးနိုင်ခဲ့သလဲ။

(၄) အကြမ်းဖက်မှုမဖြစ်မီ စစ်တပ်အလုံးအရင်းကို မောင်တောနဲ့ ဘူးသီးတောင်သို့ ပို့ထားပါလျက် အဘယ်ကြောင့် အကြမ်းဖက်မှု ဖြစ်ခဲ့ရသလဲ။
(၅) အကြမ်းဖက်ခံရသူ အားလုံးနီးပါးမှာ ရိုဟင်ဂျာတွေသာဖြစ်တဲ့အတွက် အကြမ်းဖက်သူမှာ ရိုဟင်ဂျာမဖြစ် နိုင်။ စစ်တပ် သို့မဟုတ် ဘင်္ဂလီသာ ဖြစ်ရမယ်။

(၆) ဘင်္ဂလီအကြမ်းဖက်သမားတွေက လုပ်ခဲ့တာ မှန်လျှင် ဘင်္ဂလားဒေ့ခ်ျ သံအမတ်ကို ဆင့်ခေါ်ပြိး သတိ ပေးရမယ်။ နိုင်ငံတကာ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို ဖိတ်ရမယ်။ ဘာကြောင့် မလုပ်တာလဲ။

(၇) အကြမ်းဖက်နေတဲ့သူတွေက စစ်တပ်မဟုတ်ရင် နိုင်ငံတကာ မီဒီယာကို ဝင်ခွင့်မပေးစရာ အကြောင်းမရှိဘူး။ ရသေ့တောင်မှာ ငြိမ်းချမ်းရေးအဖွဲ့ကို စော်ကားစရာအကြောင်း မရှိဘူး။

(၈) ၂၀၁၂ ကစပြီး “ဘင်္ဂလီတွေ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ထွက်ပြေးတယ်၊ ကိုယ့်လူတွေကို ကိုယ်သတ်နေတယ်” လို့ ကမ္ဘာကို လိမ်လာခဲ့တယ်။ ခုတော့ ဘင်္ဂလီတွေက ဘင်္ဂလီတွေကို အကြမ်းဖက်နေတယ်လို့ ပုံဖော်နေ ပြီ။ ဦးနှောက်အသိဉာဏ်ရှိသူတိုင်းက ဒီလိုယုတ္တိမဲ့ စွပ်စွဲသူတွေသာ အကြမ်းဖက်သမားတွေဖြစ်ကြောင်း အလွယ်တကူ သိနိုင်လိမ့်မည်။

(၉) ရိုဟင်ဂျာအရပ်သားတွေ ကလေးမိန်းမ မကျန် လူပေါင်း ၂၀၀၀၀ ကျော် ရက်ရက်စက်စက် အသတ်ခံရတယ်။ ဒီအကြမ်းဖက်လုပ်ရပ်က ခေတ်သစ်ကမ္ဘာမှာ လုံးဝ လက်ခံနိုင်စရာမရှိတဲ့ အချက်ဖြစ်တယ်။ စစ်တပ်က အကြမ်းမဖက်ဘူးဆိုရင် ဒီလို လူမဆန်စွာရက်စက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို ဖော်ထုတ်ပေးဖို့ နိုင်ငံတော်နဲ့ ကမ္ဘာ့နိုင်ငံတွေမှာ တာဝန်ရှိတယ်။

(၁၀) အရပ်သား ၃-သိန်းကို အိုးမဲ့အိမ်မဲ့ဖြစ်စေတဲ့ အဆိုပါအကြမ်းဖက်သမားတွေကို အမြန်ဆုံးကမ္ဘာ့ခုံရုံးတင် စစ်ဆေးရမယ်။ မလုပ်နိုင်ပါက မြန်မာပြည်သူတွေအားလုံး သမိုင်းတရားခံဖြစ်သွားလိမ့်မယ်။

(၁၁) နိုင်ငံတော်အကျိုးအတွက် ပြည်ပခရီးသွားခဲ့တဲ့ ရှေ့နေဦးကိုနီရဲ့ လုပ်ကြံမှုနောက်ကွယ်တွင် အဆိုပါအကြမ်းဖက်သမားတွေပါပါလျက် ယနေ့အထိ အဆိုပါတရားခံတွေ လွတ်နေဆဲ။ ရခိုင်နယ်မှာ ရိုဟင်ဂျာလူသတ်ပွဲကြီးလုပ်ပြီး ဘင်္ဂလီအကြမ်းဖက်သမားတွေလို့ စွပ်စွဲနေရုံနဲ့ ပြဿနာကိုမဖြေရှင်းနိုင်။ အကြမ်းဖက်ခံနေရသူတွေကို အကြမ်းဖက်သမားလို့ စွပ်စွဲရုံနဲ့ ကမ္ဘာ့တရားခွင်မှ လွတ်မြောက်နိုင်မယ်လို့ ယူဆနေရင် အမှားကြီးမှားလိမ့်မယ်။

(၁၂) လုပ်ရပ်တိုင်းရဲ့ အကျိုးဆက်ရှိစမြဲ။ ယခုအကြမ်းဖက်မှုရဲ့နောက်တွင်ပါနေတဲ့ လူတွေကို ဖော်ထုတ်ပြီး အရေးယူရန် ပျက်ကွယ်မယ်ဆိုရင် အကျိုးဆက်အဖြစ် တခြားကြီးမားတဲ့ ပြဿနာတွေပေါ်လာနိုင်တယ်။" ရာဇဝတ်မှု ပြေးမလွတ်"ဆိုတဲ့အတိုင်း အကြမ်းဖက်တရားခံတွေကို ကမ္ဘာ့အသိုင်းအဝိုင်းက ဖော်ထုတ်ရလိမ့်မယ်။ အကြမ်းဖက်ခံနေရတဲ့ သူတွေဘက် တစ်ကမ္ဘာလုံး မားမားမတ်မတ် ရပ်တည်ပေးမှာကို မြန်မာပြည်သူတွေ မမေ့သင့်ဘူး။

မှတ်ချက်။၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က သူ့ရဲ့ အမာခံအကြမ်းဖက်ခေါင်းဆောင် ဝီရသူကို ၅.၅.၂၀၁၇ နေ့ မောင်တောလွှတ်ပြီး အကြမ်းဖက်မှုအတွက် ကြိုတင်စီစဉ်ခဲ့တယ်။

အောင်အောင် - စစ်တွေ

https://m.facebook.com/story.php?story_fbid=1426518377396816&id=575270459188283

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ရခိုင်အကြမ်းဖက်မှု၏ နောက်ကွယ်တွင်”

Post a Comment

Related Posts Plugin for WordPress, Blogger...