Wednesday, September 20, 2017

နှံပြီစုတ်​ကိုအ​မြောက်​နဲ့ထု

,
မ​နေ့က​ဒေါ်​အောင်​ဆန်းစုကြည်​​ပြောသွားတဲ့အထဲမှာ
၁။ထွက်​​ပြေးတဲ့သူ​တွေဘာ​ကြောင့်​ထွက်​​ပြေးသလဲ။
၂။ ကျန်​တဲ့လူ​တွေကိုဘာ​ကြောင့်​ကျန်​သလဲဆိုတာ​မေးကြည့်​ကြပါ။ ဆိုတဲ့အချက်​ ၂ ချက်​ပါပါတယ်​။

၁။ပထမအချက်​က​တော့ rhetorical question ဖြစ်​ပါတယ်​။ မသိလို့​မေးတာမဟုတ်​ပါ။ တပ်​မ​တော်​ရဲ့သ​ဘောထားနဲ့ထပ်​တူဆိုတာ ​ပြောချင်​ပုံရပါတယ်​။ ​ပြောလဲမ​ပြောရဲရှာပါ။ ထွက်​​ပြေးသူ​တွေဟာ ARSA
sympathiser ​တွေလို့​ပြောချင်​ဟန်​ရှိပါတယ်​။

၂။ ကျန်​တဲ့လူ​တွေဘာ​ကြောင့်​ကျန်​သလဲဆိုတဲ့
စကားက​တော့ ၈၈ အ​ရေးအခင်းတုန်းက
သမ္မတဦး​မောင်​​မောင်​ရဲ့စကားကိုသွားသတိရ​စေပါတယ်​။'လမ်း​ပေါ်ထွက်​တဲ့လူ​တွေကအကုန်​မှမဟုတ်​ဘဲ။ အိမ်​ရှင်​မ​တွေကျန်​​သေးတယ်​။'လို့​ပြော
လို့ အိမ်​ရှင်​မများသမဂ္ဂ၊အလှဖန်​တီးရှင်​များသမဂ္ဂ နဲ့မူလတန်း​ကျောင်းသားများသမဂ္ဂ ပါမကျန်​လမ်း​ပေါ်ထွက်​လာတာ မီတဲ့လူ​တွေမှတ်​မိကြပါဦးမယ်​။

ဒေါ်စုက နိုင်​ငံခြားကစစ်​တာ​ဆေးတာတို့မမှုပါလို့​ပြောပြီးပြီးချင်းဘဲ ကုလသမဂ္ဂ က ဒါဆိုဝင်​စစ်​​ဆေးခွင့်
ပြုပါလို့အားတက်​သ​ရော​ပြောလှာ​တော့ ကုလမြန်​မာကိုယ်​စားလှယ်​က ဒါ​တော့မရဘူးလို့​ပြောပြန်​​ရော။
ဆို​တော့ ​ဒေါ်စု ရဲ့ credibility ကမ္ဘာမှာဘယ်​ရှိ​တော့မှာလဲ။

ကမ္ဘာကကန့်​ကွက်​​နေတာကအကြမ်းဖက်​တိုက်​ဖျက်​​တာကိုကန့်​ကွက်​တာမဟုတ်​ဘူး။ မီးကျိုး​မောင်းပျက်
ဂျင်​ဂလိကျိုက်​ထီးရိုး​သေနတ်​ နဲ့ ARSA ကိုနှိမ်​နင်းတဲ့
နေရာမှာ နှံပြီစုတ်​ကိုအ​မြောက်​နဲ့ထုသလိုလုပ်​လို့
civilian သိန်း​ပေါင်းများစွာ ထွက်​​ပြေးရတယ်​ဆိုပြီးကန့်​ကွက်​​နေတာပါ။

သူတို့ကရဲ​တွေကိုသတ်​လို့ငါတို့ကဒီလိုလုပ်​တယ်​လို့​ပြောရ​အောင်​ကလဲ ဟိုတ​လောကကိုးကန့်​သူပုန်​​တွေ
ရဲ​တွေကိုမျက်​နှာ​တွေပါပွင့်​ထွက်​သွား​အောင်​သတ်​ဖြတ်​တုန်းကဒီလိုမတုံ့ပြန်​ခဲ့ပါ။

Disproportionate force အင်​အားမတန်​တဆ
သုံးတဲ့အတွက်​တရားလိုကတရားခံပြန်​ဖြစ်​ရတဲ့သ​ဘော​ပေါ့။

ဆြာသိန်း

https://m.facebook.com/story.php?story_fbid=1187859301348054&id=100003719851229

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ နှံပြီစုတ်​ကိုအ​မြောက်​နဲ့ထု”

Post a Comment

Related Posts Plugin for WordPress, Blogger...