Tuesday, September 26, 2017

ဒီလိုမှန်းသိရင် ဒီမိုကရေစီမတောင်းခဲ့ပါဘူးဗျာ။

,
မြန်မာပြည်သူတွေ လွှတ်လပ်ရပြီးသိပ်မကြာဘူး''၁၉၆၂''နှစ်ကစပြီး ကံဆိုးရှာရလေသည်။

လွှတ်လပ်ရေးအရသာ ဘာမှန်းမသိလိုက် အာဏာရှင်ဗိုလ်နေဝင်းနှင့်အပေါင်းအပါများရဲ့ စစ်ဘိနပ်အောက်မှာ ပြားပြားဝတ်ကာ စစ်ကျွန်ဘဝကိုရောက်ခဲ့ရလေသည်။

ထိုမှစ၍ မြန်မာပြည်ဟာ ပညာရေး ကျမ္မားရေး စီးပွါးရေး နိုင်ငံရေး ဘာသာရေး လူမှုရေး အစစအရာရာ နှိမ့်ပါးလာခဲ့လေသည်။

ဗိုလ်နေဝင်းနှင့်အပေါင်းအပါများရဲ့ ဖိနှိပ် နှိပ်စက် ရက်စက်ကြမ်းကြုတ်ဒဏ်အမျိုးမျိုးကို မြန်မာပြည်သူလူထုတစ်ရပ်လုံးဟာ လူးလိမ့်ကာခဲ့ကြရပေသည်။

အာဏာရှင် ဗိုလ်နေဝင်းဟာ ပြည်သူလူထုရဲ့ အသိ ဥာဏ်ပညာတိုးပွါးမှုကို မလိုလားသလို ကမ္ဘာကြီးနှင့်အဆက်သွယ်ဖြစ်စေကာ နားမျက်စိအကုန်ပိတ်စေပြီး စိတ်ကြိုက် ချယ်လှယ်ခဲ့သည်။

မခံနိုင်သည့်အဆုံး ၁၉၈၈ ခုနှစ်တွင် မြန်မာပြည်တစ်ခုလုံးတွင် ပြည်သူလူထုအုံကြွဖြစ်ကာ ၈၈၈၈ အရေးတော်ပုံကြီးဖြစ်လာခှဲ့ပါသည်။

အာဏာရှင်များရဲ့ ထုံးစံအတိုင်း ၈၈၈၈ အရေးတော်ပုံကို ရက်ရက်စက်စက်ဖြိုခွဲကာ ၁၉၈၈ စက်တင်ဘာလ ၁၈ရက်နေ့တွင် အရေးတော်ပုံ ကျဆုံးကာ စစ်အာဏာရှင်လက်ထဲကို ပြန်ရောက်သွားခဲ့ပါသည်။

တစ်ခါထက်တစ်ခါ ပိုပိုရက်စက်လာတဲ့ အာဏာရှင်များရဲ့ နှိပ်စက်ဒဏ်ဟာ ပြည်သူလူထုအတွက် အသက်ရှူမရလောက်အောင်ဆိုးဝါးခဲ့လည်း ပြည်သူလူထုအတွင်းမှာ လူမျိုးဘာသာမရွေး ချစ်ခင်မှု ဖြူစင်သောမေတ္တာတရား ကရုဏာ စာနာ ထောက်ထားခြင်းတရား ပြည့်ဝစွာရှိခဲ့သည်။

ဤပြည်သူလူထုရဲ့ ချစ်ခြင်းမေတ္တာတရား ခိုင်မာမှုတံတိုင်းကြီးဟာ တစ်နေ့မဟုတ်တစ်နေ့ အာဏာရှင်စံနစ်ကြီးကို မြေလှန်ကာ တွန်းလှန်ပစ်နိုင်မည်ဟု ယုံကြည်မိခဲ့သည်။

မေတ္တာတရားဖြင့် အင်မတန်ခိုင်မာတဲ့ ပြည်သူလူထုရဲ့ စည်းလုံးညီညွှတ်မှုကို လူမျိုးရေး ဘာသာရေး အမုန်းမီးစများကို အာဏာရှင် ဗိုလ်ခင်ညွှန့်ရဲ့ ထောက်လှမ်းရေးက ဘာသာရေး လူမျိုးရေး အမုန်းပွါးကာ အဆိပ်အတောက်ဖြစ်စေမဲ့ စာစောင်များကို ကန့်သတ်ထုတ်ဝေခဲ့ကာ ဗုဒ္ဓဘာသာဝင်များထံသို့ တစ်ဆင့်တစ်ဆင့်ဖြန့်စေခဲ့သည်။

၁၉၉၄ ခုနှစ် ကုလားရန်မှ ကာကွယ်စို့ ဘာညာဆိုပြီး စာအုပ်များကိုထုတ်ဝေပြီး ထောက်လှမ်းရေးတွေမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေကာ အမုန်းတရားများကိုလူထုထဲတွေ မရောက်ရောက်အောင်တွန်းပို့ခဲ့ပါသည်။

န.ဝ.တ န.အ.ဖ ခောတ်တွင် အစ္စလာမ်ဘာသာကို တိုက်ခိုက်ခဲ့တဲ့ တောင်ငူ မထီလာ စစ်တွေ ကျောက်ဆည် အရေးအခင်းများ စတင်ဖြစ်ပွါးလာခဲ့ပါသည်။

ထိုအချိန်က ပြည်သူလူထုအာ တစ်ဦးအပေါ်တစ်ဦး လူမျိုးဘာသာ မခွဲခြား နားလည်ပေးခဲ့ကြသလို အာဏာရှင်ရဲ့ လှည့်ကွက်ဆိုတာကို အကုန်နီးပါးနားလည်ခဲ့ကြသည်။

ဒီလိုနှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီး စတင်ဖြစ်ပွါးလာခဲ့ပြန်ပါသည်။ ထုံးစံအတိုင်း ပြည်သူလူထုအားလုံးဟာ တစ်သွေး တစ်သားတည်း စည်းလုံးညီညွှတ်မှု ကျစ်ကျစ်ပါအောင်ခိုင်မာနေခဲ့ပါသည်။

၂၀၀၈ ကံကြမ္မာဆိုးဝင်ကာ လူသိန်းပေါင်းများစွာသေကြေပျက်စီး အသက်အိုးအိမ်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် နာဂစ်မုန်တိုင်းတွင်လည်း ပြည်သူလူထုများအား လူမျိုး ဘာသာမခွဲခြား စည်းလုံးညီညွှတ်မှုကိုပြသခဲ့ကြသည်။

အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုများရှိခဲ့လည်း ပြည်သူလူထုရဲ့ စည်လုံးမှု မေတ္တာတရားခိုင်မာမှုက ပျော်ရွှင်စရာလေးများရှိခဲ့သလို တစ်နေ့နေ့ အားလုံးစုပေါင်းပြီး အောင်မြင်ရာ ထွက်ပေါက်ကိုရအောင် ယူကြမည်ဟုမျှော်လင့်ချက်ရှိခဲ့ပါသည်။

တစ်ဖြည်းဖြည်းနှင့်စစ်သားလူဝတ်လှဲတွေရင် အရောင်တင်ဒီမိုကရေစီ ပြောင်းလှဲခြင်းရဲ့နောက်ကွယ်မှာ အမုန်းတရားကြီးက ထပ်ကြပ်မကွာ လိုက်လာခဲ့ပါသည်။

ဒီလိုနှင့် ၂၀၁၂ မှစ၍ အဏာရှင်လက်ကိုင်ဒုတ် အစွန်းရောက်အမျိုးသားရေးဝါဒီများရဲ့ လုပ်ကြံဖန်တီးမှုကနေ မြန်မာပြည်တွင် ပြည်သူလုများကြား လူမျိုးရေး ဘာသာရေး အစွဲကပ်ကာ အမုန်းပွါးမှုများ ပြင်းထန်လာပြီး မေတ္တာတရားများဟာ တစ်ဖြည်းဖြည်း ကွာကျလာခဲ့ပါသည်။

မြန်မာပြည် ပြည်သူလူထု မျှော်လင့်တောင်းတနေခဲ့ကြသော ဒေါ်စုဦးဆောင်သည့် NLD ပါတီဟာ ပြည်သူလူထုရဲ့ အပြည့်အဝအားပေးထောက်ခံမှုဖြင့် ရွေးကောက်ပွဲနိုင်ကာ အာဏာရ အစိုးရဖြစ်လာခဲ့ပါသည်။

ပြည်သူလူထုတစ်ရပ်လံုးကတော့ ကောင်းသောမျှော်လင့်ချက်များစွာထားခဲ့ကြပေသည်။

NLD အစိုးရဟာ ပြောင်းလဲချိန်တန်ပြီဟူသော ခေါင်းစဉ်နှင့်တက်လာခဲ့ပေသည်။ အနှစ်နှစ်ကာလ တမ်းတ တောင်းတနေသော ပြုပြင်းပြောင်းလဲခြင်းကို ပြည်သူလူထုဟာ အခုအချိန်တစ်ကယ်ရရှိတော့မည်ဟု မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့ကြပေသည်။

သို့သော် NLD အစိုးရအာဏာရပြီး နှစ်နှစ်အတွင်းတွင် မထင်မှတ်ထားသော လူမျိုးရေး ဘာသာရေး အမုန်းပွါးမီးကြီးတောက်လောင်လာခဲ့လေသည်။

နဂိုကတည်းက အာဏာရှင်များ ချကျွေးထားသော အမုန်းတရားအဆိပ်အတောက်ကြီးဟာ အခုဆို အင်မတန်ကြောက်မ္မက်ဘွယ်ရောဂါဆိုးကြီးအလား ပျံနှံ့သွားခဲ့လေပါပြီ။

လူမျိုးမတူ ဘာသာမတူသူများအကြား မေတ္တာ ကရုဏာ စာနာ ထောက်ထားခြင်းတရား ပျောက်သထက်ပျောက်ကွယ်လာကာ တစ်ချိန်ကရှိခဲ့သော မဟာမေတ္တာ တံတိုင်းကြီးပြိုကွဲလုနီးပါးဖြစ်နေသည်။

နောက်ဆုံးတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲခြင်းဟာ ဤမျှကြီးမားသော အမုန်းတရားကို သယ်ယူလာမှန်း အစကသိခဲ့ရင် အရင်အတိုင်းပဲ ကောင်းသည်ဟုတွေးမိသည်။

https://m.facebook.com/story.php?story_fbid=381362642282117&id=100012251531668

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဒီလိုမှန်းသိရင် ဒီမိုကရေစီမတောင်းခဲ့ပါဘူးဗျာ။ ”

Post a Comment

Related Posts Plugin for WordPress, Blogger...