Thursday, September 28, 2017

သတိထားမိသမျှ

,
NLD ဗဟိုကော်မတီဝင်
မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုဟာ..
..
ဝန်ကြီးချုပ်တာဝန်ယူပြီး ၂ လ ခန့်အကြာမှာပဲ..
ခြိမ်းခြောက်ခံခဲ့ရဖူးပါတယ်..
..
ဝန်ကြီးချုပ်ကို လက်မခံတဲ့စာတွေကို
ဖြန့်ဝေကြဲချတာ ခံရဖူးသလို..
ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်..
..
..
အရင်လို..အိတ်ထဲထည့်လို့မရတော့တဲ့အပြင်
အဝင်အထွက် မရတော့တဲ့
မကွေးအခြေစိုက် ခရိုနီတွေရဲ့လက်ချက်လို့
ယူဆကြသူတွေရှိခဲ့ပါတယ်..
..
သူဟာ တာဝန်ထမ်းဆောင်ရာမှာ ပွင့်လင်း ပြတ်သားသူတစ်ယောက်ဖြစ်တဲ့အတွက်..
၂၀၁၇ ဧပြီလမှာ ယခင်ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ  စာရင်းဖျောက်ထားတဲ့
ရေနံလက်ယက်တွင်းရန်ပုံငွေ ကျပ်ငွေ ၇ ဘီလီယံကို သမ္မတရုံးကို တိုင်ကြားပြီး
ပြန်လည်ရယူနိုင်ခဲ့ပါတယ်..
..
အဲဒီ ရန်ပုံငွေတွေ  အကုန်ပြန်လည်ရရှိပြီးနောက်ပိုင်း..
..

ဒီ လ ဆန်းပိုင်းမှာ..
တောင်တွင်းကြီး ဘာသာရေးသွေးထိုးမှုတွေ ဖြစ်လာပါတယ်..
..
လူငါးဦးကို ဖမ်းဆီးထားပြီး..
နောက်ကွယ်မှာ ငွေပေးခိုင်းစေတဲ့ လက်သည်ရှိတယ်လို့..လွှတ်တော်အမတ်တွေအပါအဝင် တာဝန်ရှိသူအချို့က..ပြောကြားခဲ့ဖူးပါတယ်..
..
..
အခု အမ်းမှာ သွေးထိုးလှု့ဆော်ဖို့ ကြိုးစားနေသော နောက်ကွယ်က ကြံစည်သူတွေကို ဖော်ထုတ်တော့မယ်လို့သတင်းထွက်လာတဲ့အချိန်မှာ..
..
Online မှာ..
သူ့ကို ဆဲနေသူတွေ ပြသနာရှာတဲ့ Acc တွေကို..
ထူးထူးခြားခြား တွေ့လာရပါတယ်..
..
တောင်တွင်းကြီး ကိစ္စ မှာကတည်းက..
ဆဲနေကြရာက..အခု..
ပိုပြင်းထန်လာပါတယ်..
..
..
သတိထားမိတာလေးပါ..
.
ငရဲသား

https://m.facebook.com/story.php?story_fbid=315172002291538&id=100013962228869

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ သတိထားမိသမျှ”

Post a Comment

Related Posts Plugin for WordPress, Blogger...