Tuesday, September 5, 2017

ေမာင္ေတာၿမိဳ႕နယ္၊ မီးတိုက္ေက်းရြာရွိ ရဲကင္းစခန္းႏွင့္ နယ္ေျမရွင္းေန

,
ေမာင္ေတာၿမိဳ႕နယ္၊ မီးတိုက္ေက်းရြာရွိ ရဲကင္းစခန္းႏွင့္ နယ္ေျမရွင္းေန
သည့္ လံုၿခံဳေရးတပ္ဖြဲ႔၀င္မ်ားအား ARSA အစြန္းေရာက္ဘဂၤါလီ
အၾကမ္းဖက္သမားမ်ားက၀ိုင္း၀န္းပစ္ခတ္တိုက္ခိုက္၊ သဂၤနက္ေက်းရြာ
အနီး လက္လုပ္မုိင္းမ်ားေတြ႔ရွိ

ေနျပည္ေတာ္ စက္တင္ဘာ ၄

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ မီးတိုက္ေက်းရြာရွိ ရဲကင္း
စခန္းအား စက္တင္ဘာ ၃ ရက္ ည ၁၀ နာရီခန္႔တြင္ ARSA အစြန္း
ေရာက္ဘဂၤါလီအၾကမ္းဖက္သမား အင္အား ၂၀ ခန္႔က လက္နက္
ငယ္၊ တုတ္၊ ဓား၊ လွံမ်ားျဖင့္ ၀ိုင္း၀န္းပစ္ခတ္တိုက္ခိုက္သျဖင့္ လံုၿခံဳ
ေရးတပ္ဖြဲ႕၀င္မ်ားက ျပန္လည္ပစ္ခတ္ခဲ့ရာ ည ၁၀ နာရီ ၅ မိနစ္
တြင္ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားသည္
ေက်းရြာ၏အေနာက္ေျမာက္ဘက္သို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့သည္။

ျဖစ္စဥ္တြင္ အၾကမ္းဖက္ဘဂၤါလီအေလာင္းတစ္ေလာင္း၊ တူမီး
ေသနတ္ တစ္လက္၊ခဲသီးငါးလံုး၊ ယမ္းဘူးတစ္ဘူး၊ ဓားတစ္ေခ်ာင္းႏွင့္
ဓာတ္မီးတစ္လက္တုိ႔ကို သိမ္းဆည္းရမိခဲ့သည္။

အလားတူ ယေန႔နံနက္ ၉ နာရီတြင္ ေမာင္ေတာၿမိဳ႕နယ္၊ သေဘၤာေကြ႕
ေက်းရြာအတြင္း လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားက နယ္ေျမရွင္းလင္းစဥ္ ARSA
အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားအင္အား ၃၀ ခန္႔က လုပ္ေသနတ္မ်ား၊ တုတ္၊ ဓား၊ လွံမ်ားျဖင့္တိုက္ခိုက္ခဲ့သျဖင့္ ျပန္လည္တိုက္ခိုက္ခဲ့ရာ
နံနက္ ၁၁ နာရီခန္႔တြင္ အၾကမ္းဖက္သမားမ်ားဆုတ္ခြာသြားခဲ့ၿပီး
ဆုတ္ခြာစဥ္ ေက်းရြာအား မီး႐ိႈ႕ဖ်က္ဆီးခဲ့သျဖင့္ လံုၿခံဳေရး
တပ္ဖြဲ႕၀င္မ်ားက ၀ိုင္း၀န္းၿငိႇမ္းသတ္ခဲ့ရာ မြန္းလြဲ ၁၂ နာရီခြဲတြင္
မီးၿငိမ္းသြားခဲ့သည္။ အဆိုပါျဖစ္စဥ္တြင္ ေက်းရြာရွိ အိမ္ေျခအလံုး ၅၀၀
ခန္႔ မီးေလာင္ဆံုး႐ံႈးခဲ့ရၿပီး ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားထံမွ အေလာင္းတစ္ေလာင္းႏွင့္လုပ္ေသနတ္တစ္လက္ သိမ္းဆည္းရမိခဲ့သည္။

ထုိ႔ျပင္ ယေန႔မြန္းလြဲ ၂ နာရီတြင္ ေမာင္ေတာၿမိဳ႕နယ္၊ သဂၤနက္ေက်းရြာအနီး
လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားက နယ္ေျမရွင္းလင္းစဥ္ ရြာအလယ္လမ္းနံေဘး၌
ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားေထာင္ထားသည့္
လက္လုပ္မုိင္းတစ္လံုး၊၀ါယာႀကိဳး ၂၅ ေပ၊ ၁၂ ဗို႔ ဘက္ထရီတစ္လံုးႏွင့္
ေပါက္ကြဲၿပီးသား လက္လုပ္မုိင္းတစ္လံုးတုိ႔ကို ရွာေဖြတူးေဖာ္ေတြ႕ရွိခဲ့ၿပီး
မေပါက္ကြဲေသးေသာ လက္လုပ္မုိင္းအား သက္မဲ့ျပဳလုပ္
ၿပီးျဖစ္ေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မ်ားျဖစ္ပြားရာေနရာတစ္၀ိုက္ႏွင့္ အနီးပတ္၀န္းက်င္အား နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာရှိ ရဲကင်းစခန်းနှင့် နယ်မြေရှင်းနေ
သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ARSA အစွန်းရောက်ဘင်္ဂါလီ
အကြမ်းဖက်သမားများကဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်၊ သင်္ဂနက်ကျေးရွာ
အနီး လက်လုပ်မိုင်းများတွေ့ရှိ

နေပြည်တော် စက်တင်ဘာ ၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာရှိ ရဲကင်း
စခန်းအား စက်တင်ဘာ ၃ ရက် ည ၁၀ နာရီခန့်တွင် ARSA အစွန်း
ရောက်ဘင်္ဂါလီအကြမ်းဖက်သမား အင်အား ၂၀ ခန့်က လက်နက်
ငယ်၊ တုတ်၊ ဓား၊ လှံများဖြင့် ၀ိုင်းဝန်းပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြံု
ရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ ည ၁၀ နာရီ ၅ မိနစ်
တွင် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည်
ကျေးရွာ၏အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်တွင် အကြမ်းဖက်ဘင်္ဂါလီအလောင်းတစ်လောင်း၊ တူမီး
သေနတ် တစ်လက်၊ခဲသီးငါးလုံး၊ ယမ်းဘူးတစ်ဘူး၊ ဓားတစ်ချောင်းနှင့်
ဓာတ်မီးတစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယနေ့နံနက် ၉ နာရီတွင် မောင်တောမြို့နယ်၊ သင်္ဘောကွေ့
ကျေးရွာအတွင်း လုံခြံုရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းစဉ် ARSA
အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားအင်အား ၃၀ ခန့်က လုပ်သေနတ်များ၊ တုတ်၊ ဓား၊ လှံများဖြင့်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ
နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက်သမားများဆုတ်ခွာသွားခဲ့ပြီး
ဆုတ်ခွာစဉ် ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လုံခြံုရေး
တပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းငြိှမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲတွင်
မီးငြိမ်းသွားခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ကျေးရွာရှိ အိမ်ခြေအလုံး ၅၀၀
ခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီး ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများထံမှ အလောင်းတစ်လောင်းနှင့်လုပ်သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ယနေ့မွန်းလွဲ ၂ နာရီတွင် မောင်တောမြို့နယ်၊ သင်္ဂနက်ကျေးရွာအနီး
လုံခြံုရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းစဉ် ရွာအလယ်လမ်းနံဘေး၌
ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများထောင်ထားသည့်
လက်လုပ်မိုင်းတစ်လုံး၊၀ါယာကြိုး ၂၅ ပေ၊ ၁၂ ဗို့ ဘက်ထရီတစ်လုံးနှင့်
ပေါက်ကွဲပြီးသား လက်လုပ်မိုင်းတစ်လုံးတို့ကို ရှာဖွေတူးဖော်တွေ့ရှိခဲ့ပြီး
မပေါက်ကွဲသေးသော လက်လုပ်မိုင်းအား သက်မဲ့ပြုလုပ်
ပြီးဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်များဖြစ်ပွားရာနေရာတစ်ဝိုက်နှင့် အနီးပတ်ဝန်းကျင်အား နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

https://m.facebook.com/story.php?story_fbid=1446458235475037&id=526503167470553

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ေမာင္ေတာၿမိဳ႕နယ္၊ မီးတိုက္ေက်းရြာရွိ ရဲကင္းစခန္းႏွင့္ နယ္ေျမရွင္းေန”

Post a Comment

Related Posts Plugin for WordPress, Blogger...