Tuesday, September 5, 2017

ဇော်ဌေးနဲ့ပတ်သက်ပြီး ဆရာစည်သူအောင်မြင့်ရဲ့သုံးသပ်ချက်

,
မနေ့က ဇော်ဌေးနဲ့ပတ်သက်ပြီး status တစ်ခုရေးခဲ့သေးတယ်။ ဇော်ဌေးရဲ့အန္တရာယ်ဟာ NLD အစိုးရကိုပူးသတ်ပြီး နောက်ကျောဓါးနဲ့ထိုးနေတာပါ။ အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီကနေ သတင်းထုတ်ပြန်ရေးကော်မတီဆိုပြီးဖြစ်လာတယ်။ အဲ့သည့်သတင်းထုတ်ပြန်ရေးကော်မတီက ဘယ်အဖွဲ့အစည်းကို ကိုယ်စားပြုလဲ။ နောက်ပြီး သတင်းထုတ်ပြန်ကော်မတီရဲ့ထုတ်ပြန်ချက်မှာ နိုင်ငံတော်တံဆိပ်တွေ သုံးထားတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍက ဘာလဲ ဇော်ဌေးတစ်ယောက်တည်း ထင်တိုင်းကြဲပြီးထုတ်နေတဲ့သတင်းတွေမှာ နိုင်ငံတော်တံဆိပ်တွေကို သုံးစွဲခွင့်ရှိသလား။ နိုင်ငံတော်တံဆိပ်ရဲ့ သိက္ခာကိုထည့်မတွက်တော့ဘူးလား။ နောက်မေးခွန်းတစ်ခုကတော့ ဇော်ဌေဟာ ပြည်ထောင်စုအဆင့် သတ်မှတ်ထားခံရလို့ နိုင်ငံတော်တံဆိပ်တွေကို သုံစွဲခွင့်ရှိနေတာလား။ ၂၀၁၂ သီတာထွေးကိစ္စ မှာ ပြသနာကိ ကြီးထွားလာအောင် စနစ်တကျအကွက်ချပြီး ဦသိန်စိန်ဦးစီးတဲ့ သမ္မတရုံးကနေ အချိန်ကိုက် မှူးဇော်ဆိုတဲ့ အမည်နဲ့ သွေးထိုးလှုံ့ဆော်ခဲ့တာမေ့လို့မဖြစ်ပါ။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးအပုပ်မခံနိုင်ပါ။

အောက်မှာတော့ ဇော်ဌေးနဲ့ပတ်သက်ပြီး ဆရာစည်သူအောင်မြင့်ရဲ့သုံးသပ်ချက်ပါ။
**************************************-****-*****
Credit - Sithu Aung Myint

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အနားကပ်ပြီး ဂျင်းထည့်နေသလား

အရင်က နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းပြန်ကြားရေး ကော်မတီ၊ အခုနောက်ပိုင်း Information Committee ဆိုပြီး ပြောင်းထားတယ်။ အဲဒီ ကော်မတီကို ဘယ်သူ ကိုင်တွယ်သလဲ မသိရပါ။ ဒါပေမယ့် လုပ်ပုံကိုင်ပုံတွေက  ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရနဲ့ NLD ကို အနားကပ်ပြီး ဂျင်းထည့်နေသလား ထင်မှတ်ရတယ်။
၁။ ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအ၀ိုင်းနဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်စေမယ့်၊ အငြင်းပွားစေမယ့် အခေါ်အဝေါ်တွေကို ရှောင်ရှားဖို့ ဒေါ်အောင်ဆန်းစုကြည်က မူဝါဒ ချမှတ် လုပ်ကိုင်ခဲ့တယ်။ ဘင်္ဂါလီ၊ ရိုဟင်ဂျာ စတာတွေကို မသုံးစွဲဖို့။ ကိုဖီအာနန် အကြံပေး ကော်မရှင်ကိုလည်း အဲဒီအတိုင်း တောင်းဆိုခဲ့တယ်။ ရှေ့ပိုင်း အတိုင်ပင်ခံရုံး သတင်းပြန်ကြားရေး ကော်မတီဟာ အဲဒီ အတိုင်းလိုက်နာခဲ့တယ်။ ဒါပေမယ့် လက်ရှိ မောင်တော ပြသနာလည်း စ ရော၊ အခွင့်ရတာနဲ့ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား တွေဆိုပြီး သုံးနှုန်းခဲ့တယ်။ ဘယ်သူ့ညွှန်ကြားချက်နဲ့လည်း မသိပါ။ ကဲ နောက်တော့လည်း ဘင်္ဂါလီ ဆိုတာကို ပြန်ဖြုတ်လိုက်ရတယ်။
၂။ အကြမ်းဖက်မှုမှာ နိုင်ငံတကာ အင်န်ဂျီအိုတွေ ပါဝင်ပတ်သက်မှု ရှိတဲ့ အထောက်အထားတွေ တွေ့တယ်၊ စုံစမ်းနေတယ် ဆိုပြီး ထုတ်ပြန်တယ်။ နောက်ပိုင်း ဘာမှ တိတိကျကျ မပြောတော့ပဲ ဒီအတိုင်း ထားလိုက်တယ်။ ပါရင်ပါတယ် ဘယ်သူ၊ မပါရင် မပါဘူး စသဖြင့် တိတိကျကျ ပြောဖို့ လိုပါတယ်။ အခု မပြောဘူး။
၃။ အကြမ်းဖက်သမားတွေဆီကနေ နိုင်ငံတကာ အင်န်ဂျီအိုတွေ လှူဒါန်းထားတာတွေ သိမ်းဆည်းရမိတယ် ဆိုပြီး ကြေငြာတယ်။ အကြမ်းဖက်မှုကို နိုင်ငံတကာ အင်န်ဂျီအိုတွေကပဲ ထောက်ပံ့ထားသယောင် သတင်းထုတ်ပြန်ခဲ့တယ်။ အဲ နောက်တော့ အဲလို မရည်ရွယ်ပါဘူး ဆိုပြီး ရှင်းပြန်ရော။ အချက် ၂ နဲ့ ၃ လို ထုတ်ပြန်ချက်တွေဟာ ဟိုးအရင် စစ်အာဏာရှင်ခေတ်တုန်းက မဟုတ်က ဟုတ်က စွတ်စွဲပြီး သတင်းထုတ်ပြန်တာမျိုးနဲ့ ပုံစံ အတူတူပဲ။ ဘယ်အဖွဲ့အစည်း၊ ဘယ်နေ့က အစည်းအဝေးလုပ်ပြီး ဘယ်သူတွေကို အကြမ်းဖက်ဖို့ လွှတ်လိုက်တယ် စတဲ့ မဟုတ်က ဟုတ်က သတင်းထုတ်ပုံမျိုး။ အခုလို မဟုတ်က ဟုတ်က လုပ်တော့ ပြည်တွင်းနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အထင်သေးမှုကိုပဲ ရစေတယ်။ နိုင်ငံတော် အတိုင်ပင်ခံကိုလည်း အယုံအကြည်မဲ့စေတယ်။ အဆင့်အတန်းနိမ့်တဲ့ သတင်းထုတ်ပြန်ချက်တွေ ဖြစ်နေလို့။
၎ ။ ဟော ထုတ်ပြန်ပြီ။ [ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း -၁၉]
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ၊ ပြည်ပနိုင်ငံများ၊ သံရုံးများနှင့် အဖွဲ့အစည်းများမှ ပြစ်တင်ရှုတ်ချသည့် ကြေညာချက်များ ထုတ်ပြန်
သြဂုတ် ၃၁၊ ၂၀၁၇
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များအား ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီး ဌာန၊ တူရကီနိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံး၊ မြန်မာနိုင်ငံရှိ ဗြိတိသျှသံရုံး နှင့် မြန်မာနိုင်ငံရှိ သြစတြေးလျသံရုံး ၊ မြန်မာနိုင်ငံရှိ ကနေဒါသံရုံး၊ တရုတ်သံရုံး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ် ၊ မြန်မာမွတ်စ်စလင်မ် အရပ်ဘက်လူ့အဖွဲ့အစည်းနှစ်ခုဖြစ်သော တွဲလက်မြန်မာနှင့် ရွေးလက်ယာအဖွဲ့တို့မှ ပြစ်တင် ရှုတ်ချသည့် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ (သတင်းထုတ်ပြန်ရေးကော်မတီ) တဲ့။ မသိရင် ဟုတ်သလိုလိုနဲ့။ တကယ်ဖတ်ကြည့်ရင် အကြမ်းဖက်သမားတွေနဲ့ လုပ်ရပ်ကို ရှုတ်ချရာမှာ ပြည်ခိုင်ဖြိုးရော၊ အားလုံးပါတယ် ဒါပေမယ့် အင်န်အယ်လ်ဒီ မပါဘူး ဆိုပြီး အပုပ်ချချင်တဲ့ ပုံမျိုး ဖမ်းထားတာ တွေ့ရတယ်။ ကျနော်ကတော့ အဲဒီ ကော်မတီဟာ ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရ နဲ့ အင်န်အယ်လ်ဒီ ကို နည်းမျိုးစုံနဲ့ အနီးကပ် ဂျင်းထည့်နေတာပဲလို့ မြင်တယ်။

စည်သူအောင်မြင့်။ ၂၀၁၇၀၉၀၁

https://m.facebook.com/story.php?story_fbid=1428851033871587&id=100002401118653

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဇော်ဌေးနဲ့ပတ်သက်ပြီး ဆရာစည်သူအောင်မြင့်ရဲ့သုံးသပ်ချက်”

Post a Comment

Related Posts Plugin for WordPress, Blogger...