Wednesday, September 13, 2017

ဦးကိုကိုလှိုင် ဆွေးနွေးပြောကြားမှု (အပိုင်း ၂)

,
ဘင်္ဂလားဒေ့ရှ် ဘက်ကနေပြီးတော့ Partition of India  အိန္ဒိယ လက်ထက်မှာ အိန္ဒိယနိုင်ငံ လွတ် လပ်ရေး တောင်းဆိုတဲ့ လွတ်လပ်ရေး အတွက်ကို အိန္ဒိယနဲ့ ပါကစ္စတန် နှစ်ပိုင်း ကွဲသွားမယ့် အနေ အထားထဲမှာပဲ ဘယ်သူတွေက ဘယ်သူ့ဘက်ပါမလဲဆိုတဲ့ ကိစ္စက အဲ့ဒီဒေသ မှာရှိတဲ့ ပြည် သူလူထုတွေ အတွက်က တော်တော်လေး အရေးပါလာတယ်။ ဒါကြောင့်မို့ မွတ်စ လင်နဲ့ဟိန္ဒူဆိုပြီး နှစ်ပိုင်းခွဲလိုက်တဲ့အခါမှာ ဘင်္ဂလားပြည်နယ်က နှစ်ပိုင်းရှိပါတယ်၊ တစ်ပိုင်း က  West   Bengal ခေါ်တဲ့ အနောက်ဘင်္ဂလားပါ၊ တစ်ပိုင်းက East Bengal လို့ခေါ်တဲ့ ယခု ဘင်္ဂလားဒေ့ရှ်ဖြစ်နေတဲ့ အရင်တုန်းက အရှေ့ပါကစ္စတန်ပါ။ အဲ့တော့ အရှေ့ဘက်က လူတွေ က ဗုဒ္ဓဘာသာ ဟိုရှေးရှေးတုန်းကဆိုရင်တော့ ဗုဒ္ဓဘာသာအများစုနေခဲ့တာ။ ဒါကို ဘယ်လို ခေါ်သလဲဆိုတော့ ဝင်ဂတိုင်းလို့ခေါ်တယ်။

ဘုရားလက်ထက်တော်မှာ ဝင်ဂတိုင်း လို့ခေါ်တဲ့ တိုင်းမှာ မြတ်စွာဘုရား ဒေသစာရီ လှည့်လည်တုန်းက အဲ့ဒီနေရာကို ရောက်ခဲ့တယ်။ နောက်ကျတော့ ဗုဒ္ဓဘာသာကို ဟိန္ဒူတွေကရော၊ မွတ်စလင်တွေကရော ဝင်ရောက်ပြီးတော့ တိုက်ခိုက် ဖျက်ဆီးကြတဲ့ အခါမှာ  ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားပြီး ဘုန်းကြီးတွေက သီရိ လင်္ကာပြေးတဲ့ သူကပြေးရတယ်၊ မြောက်ဘက်ကို တက်ပြီးတော့မှ တိဗက်ကို တက်တဲ့ သူက လည်းတက်ရတယ်။ ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားပြီးတော့မှ  ဆင်းရဲသား လူထုက လူတန်း စားခွဲခြားမှု သိပ်မရှိတဲ့ နောက်ပိုင်းမှာ ထိုးဖောက် ဝင်ရောက်လာတဲ့ မွတ်စလင် အစ္စလာမ် ဘာ သာထဲဝင်သွားကြပြီးတော့မှ  East Bengal က မွတ်စလင်တွေဖြစ်သွားကြတာပါ။ အဲ့တော့ အဲ့ဒီ လိုမျိုး နှစ်ပိုင်းကွဲနေတဲ့ အတွက်ကြောင့်မို့ ဗြိတိသျှတွေရဲ့ မူဝါဒအတိုင်းပဲ  J Divide And Rule လို့ခေါ်တဲ့ သွေးခွဲပြီး အုပ်ချုပ် တဲ့စနစ် အရ ဘင်္ဂလား ကိုလည်း နှစ်ပိုင်းခွဲလိုက်တယ်။ နှစ်ပိုင်း ခွဲပြီးတော့မှ အနောက်ဘင်္ဂလားကိုတစ်ပိုင်း၊အရှေ့ ဘင်္ဂလားကိုတစ်ပိုင်း အဲ့ဒီလိုမျိုး ခွဲပြီးတော့မှ ဘာသာရေး အရ အုပ်ချုပ်ခဲ့တယ်။ အဲ့လို ခွဲ လိုက်တဲ့ အချိန်မှာ ဘင်္ဂလားထဲကို ဘယ်သူ့ ထည့်ထားလဲဆိုတော့ အာဖဂန်ကိုလည်းပဲ တွဲထည့်ထားတယ်။ ဆိုတော့ သူတို့ပါကစ္စ တန်ဖြစ်လာတော့မယ့် အိန္ဒိယ၊ ပါကစ္စတန်ဆိုတာ ခွဲတော့မယ်ဆိုတဲ့အခါကျတော့ အဲ့ဒီမှာရှိနေတဲ့  ဒီအတွင်းဝန်က  ဒီမှာဒီ Slide ထဲမှာပါတဲ့ ခုနကကျွန်တော်ပြတဲ့အရာ ၁၉၉၈ ခုနှစ် မှာ အာသံ ကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေပြီးတော့ Illegal Migrant ပေါ့။ တရားမဝင်တွေ ကျွန် တော်တို့လိုပဲ ဖြစ်တာပေါ့၊အဲ့ဒီမှာ ဝင်လာတော့ပြဿနာတွေပေါ်လာတဲ့အခါမှာ အမှန်မှာ   အစိုးရ ကခန့်တဲ့ ဗဟိုအစိုးရကခန့်တဲ့ အုပ်ချုပ်ရေးမှူး၊ သူက အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်းပါ၊ သူက သမ္မတဆီကို Report တင်တာ၊ ဒီပြဿနာကိုဖြေရှင်းမှ ရတော့မယ်ဆိုတဲ့ Report ကိုအထဲမှာပါတယ်၊ ကျွန် တော်တင်ပြ ချင်လို့ပါ။

အဲ့တော့ အဲ့ဒီကတည်းကသူကဒီ မစ္စတာချောင်ဒရီပေါ့၊ သူကမွတ်စလင်ပေါ့၊ သူက အဲဒီခေတ်တုန်းက ဂျင်းနားရဲ့ ကိုယ်ရေးအရာရှိဟောင်း၊ လွတ်လပ်ရေး ရတဲ့အခါ ကျတော့၊ အာသံ နှင့် ပတ် သက်တဲ့ဝန်ကြီးပေါ့နော်၊ ဒါမျိုးတွေဖြစ်လာတယ်။ အဲ့တော့ ဂျင်းနားကိုသူက  ဘာကတိ ပေးလိုက် လဲဆိုတော့ ခွဲရေး၊ တွဲရေးမှာဒီခွဲထွက်ချင်တဲ့အခါကျတော့ လွတ် လပ်ရေးရ တဲ့ အခါ ကျတော့   အာသံကို နောက်ဖြစ်ပေါ်လာတဲ့ ပါကစ္စတန်နိုင်ငံထဲမှာ ပါအောင်အာသံ နယ်မြေကို ငွေလင်ပန်းပေါ်မှာ ထည့်ပြီးတော့မှဆက်သပါမယ်၊ ဘာကြောင့်လဲဆိုတော့ အာသံကစက တည်းက ဘင်္ဂ လား ထဲမှာတွဲပြီးတော့ပါပြီးသား၊ သို့သော်ရိပ်မိတဲ့ ကျန်တဲ့ Cabinet ကော်မရှင်ကဒီခွဲရေး၊ တွဲရေးကို စီစဉ်နေတဲ့ဒီထဲကလူတွေကအာသံကို ဘင်္ဂလားနဲ့တွဲပြီးတော့ ပါကစ္စ တန်မှာ မထားတော့ ဘဲ Group ပြောင်းပြီး၊ ပြီးတဲ့အခါကျတော့အိန္ဒိယနဲ့တွဲပြီးတော့  အဲ့ဒါကြောင့် မို့လို့ အဲ့ဒီအချိန်နဲ့တစ်တွဲတည်းမှာ ဗိုလ်မှူးကြီး သန်းအေးပြောသလိုပဲ ဘူးသီး တောင်၊ မောင်တော ဧရိယာ ကလည်း ၁၉၃၆ ခုနှစ်တွဲရေး၊ ခွဲရေးကတည်းက ကျွန်တော်တို့က နတ်မြစ်ရဲ့အရှေ့ဘက်ခြမ်းက ကျွန်တော်တို့ရဲ့နယ်မြေပဲ၊ သို့သော် သူတို့ကလူတွေက  ဘူး သီးတောင်၊ မောင်တော ဧရိယာ မှာ သူတို့က အများစု ဖြစ်သွားပြီ၊ အဲ့ဒီချိန်မှာ အများ စုဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ သူတို့ကလည်းပဲ ပါကစ္စတန်နဲ့ပေါင်းချင်တယ်ဆိုပြီးတော့မှ အယ်လီဂျင်းနားကို သွားပြီးတော့ တောင်းဆိုတယ်။ သို့သော်ငြားလည်း အဲ့ကာလ အတွင်း မြန် မာနိုင်ငံကလည်းပဲ လွတ်လပ်ရေးရဖို့အတွက်ကို ကြိုးပမ်းနေချိန်ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းက လန်ဒန်ကိုသွားပြီးတော့ အရေးတောင်းဆိုတဲ့အခါမှာ  မိုဟာမက်အယ်လီဂျင်းနားနဲ့ အိန္ဒိယမှာ ဝင်တွေ့ခဲ့ပြီးတော့ ဘူးသီးတောင်၊ မောင်တောကိစ္စမှာ မြန်မာနိုင်ငံရဲ့ နယ်မြေထဲမှာ ဆက်ပြီး တော့မှထားပေးဖို့ ပါကစ္စ တန် ထဲ မထည့်ရအောင်လို့   ဆိုပြီးတော့မှ အဲ့မှာ ညှိခဲ့ကြတယ်။

အဲတော့ ဂျင်းနားကလည်း သဘောတူတယ်။ ကျွန်တော်တို့ရဲ့ ဥပဒေ ကြောင်း အရလည်းပဲ ဒါဟာကျွန်တော်တို့ရဲ territory   ဖြစ်တယ်။ ပြောရမယ်ဆိုရင် အဲ့ဒီကတည်းက   ကိုကိုးကျွန်းကိုလည်းပဲ တကယ်တမ်းပြောမယ်ဆိုရင်တော့ ဟိုးတုန်းက ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲပြီးခါစမှာ ဒီကိုကိုးကျွန်းနဲ့အောက်မြန်မာပြည်ကို ဘုရင်ခံချုပ်တစ်ခုတည်းပဲ ထားခဲ့တယ်။ သို့သော် ၁၉၃၆ ခုနှစ် ခွဲရေး၊ တွဲရေးမှာ ကိုကိုးကျွန်းမှာ အိန္ဒိယ စစ်ဗာရီပုန်ကန်မှုက ပုန်ကန်တဲ့ ဒီယူတနီရာတွေကို  အက်ဒမန်ကျွန်းကိုပေါ့၊ ကပ္ပလီကျွန်းကိုပို့ပြီးတော့မှ အခြေချထားတယ်။   အဲ့မှာကုလားတွေပဲရှိတော့တယ်။  ကျွန်တော်တို့ မြန်မာပိုင်ဆိုင်တဲ့ နေတဲ့လူဆိုလို့ရှိရင် သစ်ဆွဲတဲ့ ကရင်တွေ လောက် ပဲရှိတော့တယ်။ အဲ့ဒါကြောင့်မို့လို့ ဒီအက်ဒမန်ကျွန်းကို ကပ္ပလီကျွန်းကို  အိန္ဒိယကို ပဲပေး လိုက်တော့မယ်ဆိုပြီးတဲ့အခါကျတော့၊တကယ်တမ်းပြောရင် ဆိုတဲ့အခါကျတော့   ပထဝီ အရပြောမယ် ဆိုလို့ရှိရင်တော့ ဒါပဲခူးရိုးမကနေ ရေထဲမြုပ်သွားတဲ့   ကျွန်း ဆက်ပါပဲ၊ သို့သော်ကျွန်တော်တို့ မရလိုက်ဘူး။ ဒါကို တောင်းပါလားဆို ပြီးတော့ပါ လီမန် မှာမေးတယ်။ မေးတဲ့အခါကျတော့ ဗိုလ်ချုပ်တို့က ကျဆုံးခါစဆိုတော့ ဒါသွား တောင်း နေလို့ရှိရင် အင်္ဂလိပ်က ဒါနဲ့ထစ်ထားဦးမယ်၊  ဒါနဲ့ လွတ်လပ်ရေးမပေးဘဲနေပြီးတော့ ဗိုလ်ချုပ်က   တစ်နှစ် အတွင်းမှာ လွတ်လပ်ရေးရမယ်ဆိုပြီး ပြောသွားတယ်။ ငါတို့လက် ထက် ကျတဲ့ အခါ ကျတော့မှ တစ်နှစ်ကျော်သွားလို့ရှိရင်    ငါတို့အကုန်လုံး  အဆဲခံရလိမ့် မယ်ဆိုပြီး တော့ အဲ့မှာဘာမှ မပြောနဲ့တော့ကွာဆိုပြီးတော့မှ ပါလီမန်မှာလည်းပဲ၊ ဒီဗြိတိသျှပါ လီမန် မှာလည်းပဲ မြန်မာ တွေတောင်မှ   မတောင်းတာဗျာ၊ ခင်ဗျားတို့က ဘာဖြစ်လို့ပေးဖို့လုပ်နေတာ လဲဆိုပြီးတော့အဲ့ကိစ္စပြီးသွားတယ်။

ဆိုလိုတဲ့သဘောက ကျွန်တော် တင်ပြချင်တဲ့ နိုင်ငံတစ်ခု တည်ထောင်တယ်ဆိုတာ မြေကြီးနဲ့ လူအဓိက ပါဝင်တာနှစ်ခုပဲ။ မြေကြီးက ကျွန်တော် တို့မြေကြီး၊ လူက ကျွန်တော်တို့နဲ့ မတူတဲ့လူ၊ သူတို့ကပြန်ပြီးတော့ claim လုပ်လာ တဲ့ အခါ ရှိရင် မြေကြီးက ပြန်ပြီးတော့ တောင်းဆိုလို့မရဘူး။ ရှိနေတဲ့လူကပဲ တောင်း ဆိုတာ၊ လူကပဲ စကားပြောတတ်တာ၊ မြေကြီးက စကားမပြောတတ်ဘူး။ အဲ့တော့ နေရာ တစ်ခုမှာ ကိုယ်ကအထိုင်ဦးထားဖို့လိုတယ်။ ကိုဆိုဗိုဆိုလို့ရှိရင်အထိုင်မဦးနိုင်တဲ့အခါ ကျ တော့ တဖြည်းဖြည်းချင်း ကိုဆိုဗိုဆိုတဲ့ဥစ္စာက ဆာ့ဗ်လူမျိုးတွေ၊Slavic တွေယဉ်ကျေး မှုအခြေချ တဲ့ဒါ Christ of the Culture ဒီ Civilization အဲ့ဒီမှာ အင်မတန်ထင်ရှားတဲ့ ဘုရား ကျောင်း ကြီးတွေ၊ ရှေးဘုရားကျောင်းကြီးတွေ အများကြီးရှိတယ်။ သို့သော်လည်းပဲ နောက် အယ်ဘေး နီးယား မွတ်စလင်တွေက ဝင်ဝင်လာပြီးတော့မှ အခြေစိုက်ရင်း အခြေစိုက်ရင်းနဲ့ သူတို့ က ဘူးသီးတောင်၊ မောင်တောလိုပဲ သူတို့က ၉ဝ ရာခိုင်နှုန်းကျော် ၁ဝဝ ရာခိုင်နှုန်းနီးနီး    ဖြစ်သွားတဲ့အခါမှာ နောက်ဆုံးဘာဖြစ်သွားလဲ၊ မြေကြီးကတော့ ဆားဗီးယားက အပိုင်ပဲ၊ ကုလသမဂ္ဂကလည်း အသိအမှတ်ပြုထားတာ၊ ဘာဖြစ်သွားလဲ ဥပဒေကြောင်းအရ သူတို့ဟာ သူတို့  Plebiscite လို့ခေါ်တဲ့ ဆန္ဒခံယူပွဲလုပ်ပြီးတော့ လွတ်လပ်ရေးကြေညာလိုက်တယ်။   ကြေ ညာလိုက်တဲ့အခါကျတော့ နဂိုကတည်းကရှိပြီး သား လူရှိတယ်၊ အစိုးရရှိတယ်၊ သူတို့ကို ကာကွယ်ပေးမယ့်တပ်ဖွဲ့တွေရှိတယ်။ သူတို့လိုနေတာက nternational Sovere-Ignt လို့ခေါ် တဲ့ အပြင်ဘက်က Legitimacy ပဲလိုတာ။ နိုင်ငံပေါင်းတစ်ရာကျော်က အသိအမှတ်ပြုတဲ့  ယခုဒီ ဆားဗီးယားကို ငုတ်တုတ်ထိုင်ပြီးတော့ ကြည့်နေရတာပဲ။  ဒါကို သဘော ပေါက် ဖို့ကျွန်တော်တင်ပြချင်တာပဲဖြစ်တယ်။ အဲ့တော့ အိန္ဒိယမှာလည်းပဲ ဒီလိုပြ ဿနာ တွေရှိခဲ့တယ်။  သို့သော်ငြားလည်းပဲ အိန္ဒိယ မှာဆို တော့ ဒီ Governer မကြီးရဲ့  report  ပြီးတဲ့နောက်ပိုင်းမှာ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်နဲ့   အိန္ဒိ ယကြားထဲမှာ မိုင်ပေါင်း ၁၇ဝဝ    ကျော်လောက်ကို  ခြံစည်းရိုးခတ်ပစ်လိုက်တယ်။   မျှော်စင် တွေတပ်ထားတယ်၊  တပ်တွေအများကြီးချထားလိုက်တယ်၊ Border Security Force ဆိုပြီး   BSF ဆိုပြီး ဖွဲ့ထားတယ်။ အဲဒီ  BSF တွေက ခွင့်ပြုချက်မရှိဘဲ  ဝင်လာတဲ့သူတွေကို ပစ်သတ်နိုင်တဲ့  အာဏာ ၁၄၄ နဲ့ ထုတ်ပေးထားတယ်ဆိုတဲ့   အခါကျတော့  ဒါတောင်မှလည်း    ခိုးဝင်ခိုး ထွက်အများကြီးရှိတယ်၊ ဆိုလိုတဲ့သဘောက ကျွန်တော်တို့တင်ရင်ဆိုင်နေရ  တာ မဟုတ်ဘူး၊ ဒီပြဿနာက Illegal  Migration  အိန္ဒိယလည်းရင်ဆိုင်နေရတယ်၊  ဒါပေမဲ့ လည်း သူတို့ကိုကျတော့  ဘာကြောင့်မပြောကြတာလဲ။

သူတို့က Shoot to Kill တောင်မှ Order ထုတ် ထားတာ၊ ဘာကြောင့်ကျွန်တော်တို့ကို ဖိပြောနေကြတာလဲ၊ ဒီဟာတွေက ဘာလဲ ဆိုလို့ ရှိရင် အဓိကကတော့ Power politics အင်အားနိုင်ငံရေးပဲ၊ ကျွန်တော်ဒီ အရေး အခင်းတွေဖြစ်ခါစတုန်းက ၂ဝ၁၆ အောက်တိုဘာပြဿနာဖြစ်ကတည်းက ကျွန်တော် ဆောင်း ပါးတစ်ပုဒ်ကိုရေးခဲ့တယ်။ အဲ့ဆောင်းပါးက ဘာလဲဆိုတဲ့အခါကျတော့ ပဆုပ်ပနီနဲ့ ပုတ်သင်ညို ပုတ်သင်ညိုဆိုတာ အကောင်တော့ကြီးတယ်၊ သို့သော်ငြားလည်းပဲ မကိုက်တတ်ဘူး၊ မကိုက် တတ်တဲ့အခါကျတော့ သစ်ပင်ပေါ်မှာကပ်နေလို့ရှိရင်   လူတိုင်းကလက် တည့်စမ်း တယ်၊ ကျွန်တော်တို့ ငယ်ငယ်တုန်းက လောက်လေးခွနဲ့လက်တည့်စမ်းတာပဲ၊ ကျောင်း သားတွေ ဆို တော့ တစ်ယောက်တစ်လှည့် ကျောင်းသားလက် ဟိုဘက်ကပြေးရင် ဟိုဘက် ကပစ်၊ ဒီဘက်ကပြေးရင် ဒီဘက်ကပစ်တယ်ဆိုတဲ့အခါကျတော့  ပုတ်သင်ညိုက မခံနိုင်ဘူး၊ မှန်သွား တာ ပေါ့၊သို့သော်ငြားလည်းပဲ လောက်စာလုံးတစ်လုံးက အဲဒီနားက သစ်ကိုင်း ကို မှန်ပြီး ပဆုပ်ပနီအုံကို သွားထိလိုက်တဲ့အခါကျတော့  ပဆုပ်ပနီတွေက ထွက်ပြီးတော့တုပ်ကြ တယ်။ အဲတော့ကာပြေးရတယ်။ ပဆုပ်ပနီတွေက ပုတ်သင်ညိုနဲ့စာလို့ရှိရင် အကောင်သေးသေး လေး ပဲ၊ ဘာဖြစ်လို့ကျွန်တော်တို့ထွက်ပြေးရတာလဲ၊ ကိုက်တတ်တယ် သူတို့က အဆိပ်ရှိတယ်၊ သူက သူ့အုံကိုထိရင် ကာကွယ်တယ်၊ ကျွန်တော်တို့က ပဆုပ်ပနီလုပ်မှာလား၊ ပုတ်သင် ညိုလုပ် မှာလား၊  ကျွန်တော်တိှု့soft target ဖစ်နေလို့ရှိရင် ပစ်မှတ်ပျော့  ရိုက်လည်းခံ၊ ထိုး လည်းခံ၊    ဆဲလည်းခံဖြစ်နေလို့ရှိရင်တော့  ဒီလိုပဲအနိုင်ကျင့်ကြမှာပဲ၊  ဒါကကမ္ဘာ ပေါ်မှာဖြစ် နေတဲ့   Power Politics ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ့် ကိုယ် ကိုယ်     အင် အားရှိအောင်မလုပ်ရင်တော့ ဒီလိုပဲဖြစ်မှာပဲ၊ နောက်တစ်ခုကတော့   ဒီအပြင်ဘက် ကနေပြီး တော့မှ  ပါဝင်ပတ်သက်မှု အပြင်ဘက်ကနေပါဝင်ပတ်သက်မှုက ပြောရမယ် ဆိုလို့ရှိ ရင်တော့ လူတိုင်းလူတိုင်းက ကိုယ့်အကျိုးစီးပွားနဲ့ကိုယ် လုပ်နေကြတာ၊ သို့သော် မြန်မာနိုင်ငံနဲ့ ပတ် သက်လာရင် ဘာကြောင့်မြန်မာနိုင်ငံကပစ်မှတ်ဖြစ်ရတာလဲ၊ အကျိုးစီးပွားကို အပြင် ဘက်က လှုပ်ရှားနေတဲ့ ဒီ Player တွေပေါ့။ ဇာတ်ကောင်တွေရဲ့ အကျိုးစီးပွားတွေက  ဒီမှာ လာပြီးတော့   စုဆုံနေကြတယ်။

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် တပ်မတော်စစ်သမိုင်းပြတိုက်ရှိ Mini Theatre Room ၌ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် Myawaddy Media Group မှ စီစဉ်ပြုလုပ်သည့် ရခိုင်ပြည်နယ်အရေးနှင့် လုံခြုံရေးအမြင် Talk on Rakhine Issue and Security Outlook စကားဝိုင်းဆွေးနွေးပွဲမှ နိုင်ငံတကာရေးရာသူတေသီ ဦးကိုကိုလှိုင် ၏ ဆွေးနွေးပြောကြားမှုဖြစ်ပါသည်။

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးကိုကိုလှိုင် ဆွေးနွေးပြောကြားမှု (အပိုင်း ၂)”

Post a Comment

Related Posts Plugin for WordPress, Blogger...