Saturday, September 30, 2017

ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကို အောက်စ်ဖို့ဒ်တက္ကသိုလ် ဖယ်ရှား

,
ဘင်္ဂါလီပြဿနာ ကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ဝေဖန်မှုများရှိနေစဉ် ယခင်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ် ပြုဆုပေးအပ်ခဲ့သည့် အောက်စ် ဖို့ဒ်တက္ကသိုလ်က ၎င်း၏ ပုံတူပန်းချီကို ဖယ်ရှားခဲ့သည်။
လူမျိုးတုံးရှင်းလင်းနေသည် ဆိုသော ကုလသမဂ္ဂ၏ စွပ်စွဲမှု များကို ဖြေရှင်းရန် ပျက်ကွက်ခြင်းအတွက် မြန်မာလူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ခံနေရသည်။

 ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို ဖယ်ရှားကာ ဂျပန်ပန်းချီကားတစ်ချပ်ဖြင့် အ စားထိုးခဲ့သည်ဟု အောက်စ်ဖို့ဒ် တက္ကသိုလ်က ပြောသည်။

၎င်း၏ပုံတူပန်းချီကို ဂျပန်အနုပညာရှင် ယိုရှီဟီရိုတာကာဒါ၏ ပန်းချီကားတစ်ချပ်ဖြင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

ယင်းတက္ကသိုလ်မှ ဆက် သွယ်ရေးမန်နေဂျာ ဘင်ဂျမင် ဂျုံးစ်က တာကာဒါ၏ ပန်းချီကား ကို အချိန်အတိုင်းအတာတစ်ခုအ ထိ ချိတ်ဆွဲပြသထားစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်း ချီကားကို လုံခြုံသောနေရာတစ်ခုသို့ ရွှေ့ပြောင်းထားသည်ဟု The Swan Student သတင်းစာအား ပြောကြားသည်။

ပန်းချီကားအသစ်ကို ယခု လဆန်းက ယင်းတက္ကသိုလ်သို့ လက်ဆောင် ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းတက္ကသိုလ်၏ ပင်မအဆောက်အအုံ အဝင်ဝ၌ ပြသထားသည်။

ရခိုင်ပြဿနာနှင့် ပတ်သက် ၍ အရေးယူဆောင်ရွက်ရေး ဒေါ် အောင်ဆန်းစုကြည်သည် နိုင်ငံ တကာ၏ ဖိအားပေးခြင်းနှင့် ရင် ဆိုင်နေရသည်။

အင်္ဂါနေ့က ပြောကြားသော မိန့်ခွန်းတစ်ရပ်တွင် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က လူ့အ ခွင့်အရေးချိုးဖောက်မှုများကို ပြစ် တင်ရှုတ်ချခဲ့သည်။

၎င်းသည် စိန့်ဟုခ်ျဒေသ၏ ကောလိပ်မှ ၁၉၆၇ တွင် ဘွဲ့ရခဲ့ ပြီး ယင်းဂုဏ်ပြုဆုကို ၂၀၁၂ ဇွန် လက ချီးမြှင့်ခြင်းခံရပြီး ယင်းဆုကို ရုပ်သိမ်းရန် မစဉ်းစားဟု အောက်စ်ဖို့ဒ်တက္ကသိုလ်က ပြော ကြားခဲ့သည်။

၁၈၈၆ တွင် တည်ထောင်ခဲ့ သော အောက်စ်ဖို့ဒ်တက္ကသိုလ်ရှိ အကြီးဆုံး ကောလိပ်များအနက် တစ်ခုဖြစ်သည့် စိန့်ဟုခ်ျကော လိပ်တွင် ကျောင်းသား ၈၀၀ ခန့် တက်ရောက်နေသည်။                  

—Ref: The Guardian/BBC

=============

7Day News Journal

http://www.7daydaily.com/story/108901
Via-ဖေအောင်

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကို အောက်စ်ဖို့ဒ်တက္ကသိုလ် ဖယ်ရှား”

Post a Comment

Related Posts Plugin for WordPress, Blogger...