Friday, September 15, 2017

တရားဥပဒေစိုးမိုးမှုအခြေအနေ

,

ဇွဲကပင်တောင် ဆရာတော်၏ မေတ္တာရပ်ခံချက်ကြောင့် ဦးဝီရသူကို အ​ရေးယူရန် ခေတ္တဆိုင်းငံထား

စက်တင်ဘာ(၁၄) ၂၀၁၇ မန္တလေး
The Nyang News

ကရင်ပြည်နယ်တွင် မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော် ဦးဝီရသူ ဦးဆောင်၍ ဟောပြောပွဲပြုလုပ်ခဲ့မှုအပေါ် အရေးယူရန် ဆောင်ရွက်နေသော်လည်း ဇွဲကပင်တောင်ဆရာတော်ကြီး၏ မေတ္တာရပ်ခံချက် ကြောင့် ခေတ္တဆိုင်းငံထားကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ပြောသည်။

စက်တင်ဘာလ (၁၀) ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုရှုတ်ချပွဲ၌ ပါဝင်ဟောပြောခဲ့ကြသော ဆရာတော် ဦးဝီရသူအပါအ၀င်  ဦးဆောင်သူများအား ဥပဒေကြောင်းအရ အရေးယူရန် ကနဦးတွင် စီစဉ်ဆောင်ရွက်ထားခဲ့သော်လည်း ကရင်ပြည်နယ် ဇွဲကပင်တောင်ဆရာ တော်ကြီးက ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံ မေတ္တာရပ်ခံထားသဖြင့် ခေတ္တဆိုင်းငံကာ စောင့်ကြည့်လျှက်ရှိနေကြောင်း  ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက ဆိုသည်။

 ‘’သူတို့က ထွေအုပ်ဆီမှာ ခွင့်ပြုမိန့်စာတော့ တင်တယ်။ ဒါပေမဲ့ ထွေအုပ်နဲ့ အစိုးရအဖွဲ့က ခွင့်မပြုဘူး။ ငြိမ်းစုစီဥပဒေအရ သူတို့က အသိပေးအကြောင်းကြားစာတင်ထားတဲ့အတွက် ဆက်လုပ်တယ်ပေါ့။ ဒါပေမဲ့ သူ တို့တင်ထားတဲ့ စာထဲက အကြောင်းအရာမဟုတ်ဘဲ တရားဥပေဒနဲ့ မညီညွတ်တာတွေ အမုန်းစကားတွေဟော ပြောသွားတာတွေ့ရတယ်။ အဲဒါကြောင့် ထွေအုပ်က တရားစွဲဆိုဖို့ထိလုပ်တယ်။ ဒါပေမဲ့ ဇွဲကပင်တောင်ဆရာ တော်ကြီးက ကလေးတွေကို အခုလိုမျိုးမလုပ်ဖို့အတွက် ဆုံးမသြ၀ါဒပေးတယ်။ မေတ္တာရပ်ခံထားတယ်ပေါ့။ အဲဒါကြောင့် အခုလောလောဆယ်မှာတော့ စောင့်ကြည့်နေတဲ့အခြေအနေပဲ ရှိပါတယ်။ နောက်ထပ် ဘာတွေ ဆက် လှုပ်ရှားမလဲဆိုပြီးတော့ပေါ့ ‘’ ဟု ၄င်းက ပြောသည်။

အကြမ်းဖက်မှုရှုတ်ချပွဲ ခေါင်းစဉ်ဖြင့် တောင်ကလေးကွင်းအတွင်း ကျင်းပခဲ့သည့် အဆိုပွဲအား ကျင်းပခြင်း မပြုလုပ်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့က တားမြစ်ထားခဲ့သော်လည်း ဆက်လက်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါပွဲသို့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ စုစုပေါင်း အင်အား (၅၀၀၀) ကျော် တက်ရောက်ခဲ့ကြပြီး တောင်တွင်းကြီးမြို့မှ ဒေါက်တာကျော်ဆွေ၊ မြ၀တီမြို့မှ ကိုသူရိန်(အညတြကပ္ပိယ)၊ မောင်သွေးချွန်နှင့် မဘသ ဦးဆောင်ဆရာတစ်ပါးဖြစ်သည့် ဦးဝီရသူ (မစိုးရိမ်)တို့ကဟောပြောခဲ့ကြသည်။

ယံယံ

ဓာတ်ပုံ- ငြမ်း

ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုရှုတ်ချပွဲ၌ ပါဝင်ဟောပြောခဲ့သော ဆရာတော် ဦးဝီရသူ

https://m.facebook.com/groups/1469898766620657?view=permalink&id=2089334408010420

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တရားဥပဒေစိုးမိုးမှုအခြေအနေ”

Post a Comment

Related Posts Plugin for WordPress, Blogger...