Sunday, September 17, 2017

မြန်မာပြည်က Fake News ဘယ်သူတွေလုပ်နေလဲ .. ဘယ်မီဒီယာတွေက စစ်တပ်ရဲ့ အာဘော်အတိုင်း သွားနေကြပြီလဲ

,

လိမ်စရာရှိကြီးကြီးကျယ်ကျယ်လိမ်ပါ

ကြီးကြီးကျယ်ကျယ် လိမ်ရင်လူထုက အမှန်တရားလို့

ထင်လာလိမ့်မယ်ဆိုတဲ့

ကြံဖွတ်တို့ကိုင်ဆွဲခဲ့တဲ့

ဟစ်တလာရဲ့နည်းဗျူဟာ
 
ပြည်တွင်းပြည်ပမှာ အောင်မြင်ခဲ့ပါတယ်

၁၉၈၈ခု မတ်လ (၁၃)ရက်နေ့ RIT ကျောင်းဝန်းထဲ

မျက်မြင်သက်သေ လူ(၅၀၀)ကျော်ရှေ့မှာ

5th year chemical ကျောင်းသား

ကိုဖုန်းမော်ကို လုံထိန်းတွေကပစ်သတ်တာကို

မြန်မာ့အသံ ကြေးမုံသတင်းစာ မြန်မာ့အလင်း သတင်းစာမှာ

အရပ်သားတွေက ရိုက်လို့ကိုဖုန်းမော်သေတယ်လို့

ကြေငြာခဲ့တယ်

အမေစုရဲ့ ဒီပဲရင်း အကြမ်းဖက်မူ့

ကျူးလွန်ပြီးနောက်ရက်ကစပြီး

အကြမ်းဖက်ခံရတဲ့ အမေစု ကမှားတယ်ဖြစ်အောင်

အမေစုခရီးစဉ်မှာ ထောက်လှမ်းရေးကထည့်ပေးလိုက်တဲ့

သူတစ်ယောက်ကအမေစုကို personalတိုက်ခိုက်မူ့တွေ

အခန်းဆက်ဆောင်းပါးရှည်နဲ့

 ကြေးမုံသတင်းစာနဲ့မြန်မာ့အလင်းသတင်းစာမှာမှာ

ဖော်ပြခဲ့တယ်

ကြံဖွတ် ရဲ့အဓိကရန်သူက အမေစုတစ်ယောက်တည်းပါ

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မြို့နယ်အသီးသီးမှာ

မဲသာထည့်ခဲ့တာ အမတ်တွေရဲ့အမည်တောင်မသိတဲ့သူ

ခပ်များများပါ အမေစုပါတီဆိုပြီး အမေစုတစ်မျက်နှာကြောင့်

NLD မဲရခဲ့တာပါ  သူတို့ရဲ့ပစ်မှတ်က အမေစု ကို

ဘက်ပေါင်းစုံကတိုက်ခိုက်ဘို့ပါ

ပြီးခဲ့တဲ့တစ်ခေါက်ရခိုင်အရေးအခင်းမှာ

အကြမ်းဖက်နှိပ်စက်တာမရှိဘူးလို့အမေစုပြောပြီး

နောက်ရက်မှာဘဲ အရပ်သားတွေကို ရိုက်နှက်ခြေထောက်နဲ့

ကန်တဲ့video file စစ်တပ်ကface bookမှာ

တင်ပေးလိုက်တယ်

ခုတူရကီသမ္မတနဲ့ ဖုန်းပြောပြီး အမေစု

တူရကီဝန်ကြီးချုပ် ရဲ့ ဓာတ်ပုံအမှားတွေ တင်တဲ့ကိစ္စပြောပြီး

ကမ္ဘာ ကိုချပြတဲ့နောက်နေ့မှာဘဲ

ဇော်ဌေးက twitter ပေါ်မှာ ဟိန္ဒူတွေကို လုပ်ကြံခိုင်းပြီး

Fake newsတင်ပေးပြီး တိတိကျကျ

အမေစုကိုသိက္ခာချတယ်

ခုကိစ္စမှာ ကြံ့ဖွတ် အမြတ်အများကြီးထပ်ရသွားတယ်

တစ်ချက်ခုတ် ဆယ်ချက်ပြတ်ဘဲ

ရှမ်းပြည်တပ်မတော်ခေါင်းဆောင် ရွက်ဆစ်နဲ့အမေစု

တွေ့တဲ့နေ့မှာဘဲ သူတို့စခန်းသွားတိုက်တယ်

ရှေ့ဆက်ပြီးလည်း သူတို့

အမေစုသိက္ခာကျအောင်လုပ်နေမှာပါ

ခုစစ်တပ်သုံးနေတဲ့ နည်းဗျူဟာတွေက

နာဇီပါတီက ကွန်မြူနစ်ပါတီကို

ဖြိုခွဲခဲ့တဲ့နည်းဗျူဟာတွေအတိုင်း

ချွတ်ဆွတ်တူနေပါပြီ

NLDပါတီခေါင်းဆောင်ပိုင်းတို့

လင်းယုန်မောင်မောင် ဘာသာပြန်ထားတဲ့

ဟစ်တလာ စာအုပ်ကလေးကို ဖတ်ပြီး

၁၉၈၈ကနေ ဒီနေ့ထိ သူတို့လုပ်ရပ်တွေနဲ့

တိုက်ဆိုင်စစ်ဆေးကြည့်ပေးပါ

https://m.facebook.com/story.php?story_fbid=468207833551501&id=100010868641140

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်မာပြည်က Fake News ဘယ်သူတွေလုပ်နေလဲ .. ဘယ်မီဒီယာတွေက စစ်တပ်ရဲ့ အာဘော်အတိုင်း သွားနေကြပြီလဲ ”

Post a Comment

Related Posts Plugin for WordPress, Blogger...