Tuesday, October 3, 2017

မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၃ ဒသမ ၃၉ သန်း ရှိနေ

,
၂၀၁၇ ခုနှစ် အောက်တို ဘာလ ၁ ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၃ ဒသမ ၃၉ သန်း ဖြစ်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အား ဦးစီးဌာနသည်
နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှနိုင်ငံတော်၏မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက်
မြန်မာနိုင်ငံ၏ နှစ်အလိုက် အောက်တိုဘာလ ၁ ရက်နေ့တွင်ရှိသော လူဦးရေစာရင်းအား လူဦးရေသန်းခေါင်စာရင်း အချက်အလက်များအပေါ် အခြေခံတွက်ချက်၍နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ကောက်ယူ
ရရှိသော လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၃ ဒသမ ၃၉ သန်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါနေ့ရက်တွင်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေ
စာရင်းမှာ -

ကချင်ပြည်နယ်တွင် ကျား ၉၅၁၂၃၈ ဦး၊ မ ၈၇၈၆၁၁ ဦး
စုစုပေါင်း ၁၈၂၉၈၄၉ ဦး၊

ကယားပြည်နယ်တွင် ကျား ၁၅၄၃၃၀ ၊ မ ၁၅၅၈၈၃ ဦး
စုစုပေါင်း ၃၁၀၂၁၃ ဦး၊

ကရင်ပြည်နယ်တွင် ကျား ၇၇၉၃၉၈ ဦး၊ မ ၈၁၃၆၅၅ ဦး
စုစုပေါင်း ၁၅၉၃၀၅၃ ဦး၊

ချင်းပြည်နယ်တွင် ကျား ၂၄၃၃၂၆ ဦး၊ မ ၂၆၅၀၃၃ ဦး
စုစုပေါင်း ၅၀၈၃၅၉ ဦး၊

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျား ၂၅၉၀၆၆၄ ဦး၊ မ ၂၉၀၀၅၀၆ ဦး
စုစုပေါင်း ၅၄၉၁၁၇၀ ဦး၊

တနင်္သာရီတိုင်းဒေသကြီးတွင် ကျား ၇၂၄၅၃၆ ဦး၊ မ ၇၃၅၄၁၇ ဦး
စုစုပေါင်း ၁၄၅၉၉၅၃ ဦး၊

ပဲခူးတိုင်းဒေသကြီးတွင် ကျား ၂၃၃၆၄၆၄ ဦး၊ မ ၂၅၈၂၃၅၇ ဦး
စုစုပေါင်း ၄၉၁၈၈၂၁ ဦး၊

မကွေးတိုင်းဒေသကြီးတွင် ကျား ၁၈၁၄၂၃၀၊ မ ၂၁၂၇၀၀၉ ဦး
စုစုပေါင်း ၃၉၄၁၂၃၉ ဦး၊

မန္တလေးတိုင်းဒေသကြီးတွင် ကျား ၃၀၂၁၈၁၄ ဦး၊ မ ၃၃၆၇၅၇၇ ဦး
စုစုပေါင်း ၆၃၈၉၃၉၁ ဦး၊

မွန်ပြည်နယ်တွင် ကျား ၉၅၅၇၄၄ ဦး ၊ မ ၁၀၅၅၆၈၃ ဦး
စုစုပေါင်း ၂၀၁၁၄၂၇ ဦး၊

ရခိုင်ပြည်နယ်တွင် ကျား ၁၅၇၂၉၅၆ ဦး၊ မ ၁၇၂၇၀၈၃ ဦး
စုစုပေါင်း ၃၃၀၀၀၃၉ ဦး၊

ရန်ကုန်တိုင်းဒေသကြီးတွင် ကျား ၃၇၆၉၇၇၈ ဦး၊ မ ၄၁၆၆၈၅၉ ဦး
စုစုပေါင်း ၇၉၃၆၆၃၇ ဦး၊

ရှမ်းပြည်နယ်တွင်
ကျား ၃၀၈၇၂၅၇ ဦး၊ မ ၃၁၀၁၄၃၂ ဦး
စုစုပေါင်း ၆၁၈၈၆၈၉ ဦး၊

ဧရာဝတီတိုင်းဒေသကြီးတွင် ကျား ၃၀၄၅၀၄၀ ၊ မ ၃၂၂၆၀၃၀
စုစုပေါင်း ၆၂၇၁၀၇၀ ၊

နေပြည်တော်ကောင်စီနယ်မြေတွင် ကျား ၆၀၁၀၇၂ ဦး၊ မ ၆၃၆၉၆၆ဦး စုစုပေါင်း ၁၂၃၈၀၃၈ ဦးဖြစ်ပြီး

မြန်မာနိုင်ငံ၏ လူဦးရေမှာ ကျား ၂၅၆၄၇၈၄၇ ဦး၊ မ ၂၇၇၄၀၁၀၁ ဦး
စုစုပေါင်း ၅၃၃၈၇၉၄၈ ဦးဖြစ်ကြောင်း

ပြည်သူ့အင်အားဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်) SOURCE/ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာ

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၃ ဒသမ ၃၉ သန်း ရှိနေ”

Post a Comment

Related Posts Plugin for WordPress, Blogger...