Tuesday, October 3, 2017

လက်နက်ကိုင်ပဋိပက္ခ

,
ဒုတိယသမ္မတဦးမြင့်ဆွေရဲ့ ရခိုင်ကော်မရှင်က သုံးသပ်ထားတာ တစ်ခုရှိတယ်။                

အဲ့ဒီဒေသမှာရှိတဲ့  အစ္စလာမ်ဘာသာဝင်များသည် သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေး တွေကို ချိုးဖောက် ခြင်းခံနေရပြီး  နှစ်ရှည်လများ ဖိနှိပ်ခံနေရတဲ့အတွက် သူတို့ရဲ့ကြိုး စားရုန်းကန် မှုများသည် ဘယ်လိုမှ တရား နည်းလမ်းဘောင် အတွင်းကနေ လုပ်လို့မရတဲ့အတွက် နောက်ဆုံး မှာ ဘက်ကို ရောက် သွား တယ်လို့ အဲဒီဒေသမှာရှိတဲ့ မွတ်ဆလင်တွေရဲ့ အ ခြေအနေကို ကော်မရှင်က သုံးသပ်ထားတာရှိပါတယ်။

ဒီသုံးသပ်ချက်အပေါ်မှာပဲ ကျွန်တော်အမြင် (၃)ချက်ရှိ ပါတယ်။သဘောထား ကွဲလွဲလို့ရပါတယ်။

( ၁ ) လူပိန်း အတွေးနဲ့ တွေးကြည့်လို့ရမယ်ထင် ပါတယ်။ အဲဒီဒေသမှာရှိတဲ့ မွတ်ဆလင်တွေကို ဒုက္ခပေးတာ ၂၀၁၂ မှ ပေးတာတော့ မဟုတ်တန်ရာ။

တော်လှန်ရေးကောင်စီခေတ် ဗိုလ်ချုပ်နေ၀င်း လက်ထက် ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ နဂါးမင်း စစ်ဆင်ရေးမှာ ဗိုလ်မှူးချုပ်စိန်လွင် ဦးဆောင်ပြီး “မြေမြို၍ လူမျိုးမပြုန်း၊ လူမြို၍ လူမျိုးပြုန်း မည်” ဆိုတဲ့ ၀ါဒဖြန့် စကားလုံးသုံးပြီး  ဒီကုလားတွေကို အမျိုးဖြုတ်မှ ရမယ်ဆိုပြီးလုပ်ခဲ့တာပါ။

( ၂ ) တချိန်တုန်းက ဦးနုလက်ထက်ကအစ ဗိုလ်ချုပ် ကြီးနေ၀င်း တော်လှန်ရေး ကောင်စီ လက်ထက်အထိ သူတို့ကို သက်သေ အထောက်အထားနဲ့ တိုင်းရင်းသား ပါလို့ အသိအမှတ်ပြုခဲ့တာဟာ ကျွန်တော်တို့ နိုင်ငံမှာ ရှိခဲ့ဟန်တူပါတယ်။                                        

အဲဒီတော့ ဒီကိစ္စမှာ ရို လို့ ခေါ်နေတာ ခေါ်ချင်လို့ခေါ်နေတာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့က ဆယ်စုနှစ်ကျော်ကျော် ရိုဟင်ဂျာဟာ တိုင်းရင်းသား ပါလို့ သတ်မှတ်ခဲ့တဲ့ အနေအထား          ( သို့မဟုတ် )အခွင့်အရေးပေးခဲ့တဲ့ အနေအထားလို့မြင်ပါတယ်။                                  

ဒီလို ဆက်ဆံခဲ့တဲ့ အနေအထားပေါ် မူတည်ပြီး သူတို့ကိုယ် သူတို့ ရိုဟင်ဂျာဆိုပြီး ဆက်ပြောတာလို့ ယူဆစရာရှိပါတယ်။ အပြစ်က သူတို့မှာ ရှိတာမဟုတ်ဘူးလို့မြင်ပါတယ်။ နံပါတ်တစ် တာဝန်ရှိတာက စစ်အစိုးရအဆက်ဆက်၊ ဦးနေ၀င်းလက်ထက် ၁၉၇၀ ခုနှစ်က အစ ဦးသိန်းစိန် အစိုးရလက်ထက်ထိ၊ အစိုးရ လေးဆက်လောက်က တိုင်းပြည်ကို ညာခဲ့တာပါ။

( ၃ ) ဒီလူတွေကို လူလိုမဆက်ဆံခဲ့တာရယ် ဒုက္ခနည်း မျိုးစုံနဲ့ပေးခဲ့တာရယ်ပါ ။ ဂျော့ဆိုးရော့စ်ဆိုရင် သူကိုယ် တိုင် ရခိုင်ပြည်နယ် စစ်တွေ မြို့က အောင်မင်္ဂလာ ရပ်ကွက်ကို ရောက်သွားခဲ့တဲ့ အကြောင်း၊ အဲဒီမှာ ရိုတွေကို တွေ့ရတာဟာ သူငယ်ငယ် ၁၉၄၄ ၀န်းကျင် နာဇီဂျာမန်တွေ ထူထောင်ထားတဲ့ Ghetto လို့ခေါ်တဲ့ ရပ်ကွက်က ဂျူးတွေနဲ့ ဆင်တူတဲ့အကြောင်း၊   သူကိုယ်တိုင် ဘူဒါပက်စ်က အဲဒီ ဂက်တိုမှာ နေခဲ့ရတာ             ကို ပြန်မြင်ယောင်မိကြောင်း ပြောသွားခဲ့ပါသေးတယ်။                                                    
ဆိုတော့ စစ်ထောက် လှမ်းရေးက ပုဂ်္ဂိုလ်တွေ SB က ပုဂ်္ဂိုလ်တွေ ဆိုရင် ညှင်းဆဲတဲ့နည်းတွေ သူတို့ဆီမှာ ထောင်နဲ့ သောင်းနဲ့ချီပြီး ရှိပါတယ်။ လူတစ်ယောက်ကို ဘယ်လိုညှင်းဆဲမလဲ။ ဘယ်လို ဒုက္ခရောက်အောင် လုပ်မလဲ။ ဘယ်လို ဦးနှောက်ပျက်အောင် လုပ်မလဲ။ လက်ဖျားနဲ့မတို့ဘဲ ဒီလူတွေ လုပ်တတ်ပါတယ်။

နောက်ဆုံးပြောချင်တာက…
ရခိုင်အရေးနဲ့ ပတ်သက်လို့ ဆန်းစစ်ကြ၊ ဝေဖန်ကြ၊ သုံးသပ်ကြ၊ ထောက်ပြကြတာတွေ
ဟာ မိမိရဲ့ အမြင်တွေကို မိမိရှုထောင့်ကနေ တင်ပြကြတာ တင်ပြခွင့် ရှိပါတယ်။ ဒါဟာ လူတိုင်းမှာ ရှိတဲ့အခွင့်အရေးပါ။ မိမိအတွေးအမြင်ကို လွတ်လပ်စွာ တင်ပြထုတ်ဖေါ် ပြောဆိုခြင်းဆိုတာ ဒီမိုကရေစီမှာ အရေးကြီးပါတယ်။

ဒီနေရာမှာ အကြံပြုလိုတာ တခုရှိပါတယ်။ ဒါကဘာလဲဆိုတော့ ရခိုင် အခြေအနေကို  တင်ပြတော့မယ်ဆိုရင် သက်ဆိုင်တဲ့ အခြေအနေ အရပ်ရပ် အားလုံးကို ထည့်သွင်း တွက်ချက် တင်ပြနိုင်ဖို့လည်း လိုပါတယ်။                        

ကိုယ်လိုတဲ့ အချက်လေးတွေကိုပဲ ထည့်သွင်း ထောက်ပြ တင်ပြခြင်းဟာ မပြည့်စုံတဲ့ ခွဲခြမ်းစိတ်ဖြာ လေ့လာတာမျိုး ဖြစ်နေတတ်ပါ တယ်။ ဒီကြားထဲမှာ ဘက်လိုက်ပြီး ဝေဖန် တင်ပြတာမျိုးတွေလည်း ရှိပါတယ်။ ဘက်မလိုက်တဲ့ ဝေဖန် ဆန်းစစ်မှုတွေတောင် တစုံလုံးကို ခြုံငုံပြီးမှ မတင်ပြရင် ထွက်လာတဲ့ လေ့လာဆန်းစစ်မှုဟာ တဘက်ဘက်ကို ဘက်လိုက်သလို ဖြစ်နေတတ်ပါကြောင်း…

https://m.facebook.com/story.php?story_fbid=894621554028429&id=100004417788749

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လက်နက်ကိုင်ပဋိပက္ခ”

Post a Comment

Related Posts Plugin for WordPress, Blogger...