Tuesday, October 17, 2017

လယ္ေဝးၿမိဳ႕နယ္ ေနျပည္ေတာ္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ လက္နက္/ခဲယမ္းႏွင့္ စိတ္ႂကြ ေဆးျပားမ်ား သိမ္းဆည္းရမိ

,
၂၀၁၇ ခုႏွစ္၊ေအာက္တိုဘာလ ၁၅ ရက္ေန႔ ၂၃၄၅ အခ်ိန္ ACE ဟိုတယ္၌ ဗဟန္းၿမိဳ႕မရဲစခန္း မယ(ပ)၂၀/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ အမွုမွ တရားခံေျပး သီဟ(ၿဖိဳးကိုကိုတင့္ဆန္း၏ ယာဥ္ေမာင္း)အား ဖမ္းဆီးရမိခဲ့ၿပီး ေအာက္တိုဘာလ ၁၆ ရက္ေန႔ ၀၄၃၀ အခ်ိန္ ၿဖိဳးကိုကိုတင့္ဆန္းပါ (၃)ဦး(ဖမ္းမိ)အား ဒကၡိဏၿမိဳ႕မရဲစခန္း(ပ)၃၉၆/၂၀၁၇၊ လက္နက္ပုဒ္မ ၁၉(စ)ျဖင့္  အမွုဖြင့္ စစ္ေဆးလ်က္ရွိပါသည္။
ထို႔ေနာက္ ၂၀၁၇ ခုႏွစ္၊ေအာက္တိုဘာလ ၁၆ ရက္ေန႔ ၀၈၁၅ အခ်ိန္ သာေကတၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွူး႐ုံးမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွူး႐ုံးမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ မူးယစ္တပ္ဖြဲ႕စု(၄၁)၊ရန္ကုန္(အေရွ႕)၊ မွုခင္းရဲတပ္ဖြဲ႕ႏွင့္ သတင္းရဲတပ္ဖြဲ႕တို႔ပါ ပူးေပါင္းအဖြဲ႕သည္ သာေကတၿမိဳ႕နယ္၊ ၁၀/ေတာင္ (၁၃)ရပ္ကြက္၊ ရွုခင္းသာလမ္း မ/၂၀၀ရွိ ၿဖိဳးကိုကိုတင့္ဆန္းပိုင္ ACE GROUP OF COMPANIES  အေဆာက္အဦးအား ဝင္ေရာက္ရွာေဖြခဲ့ရာ ေနျပည္ေတာ္ FC ေဘာလုံးအသင္း မန္ေနဂ်ာ ၿဖိဳးဘိုဘို၊ (၂၄)ႏွစ္၊ ဗမာ/ဗုဒၶ၊ (ဘ) ဦးဆန္းဦးစိုး၊ (၃၉)လမ္း၊ အလယ္ဘေလာက္၊ (၈)ရပ္ကြက္၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ေနျပည္ေတာ္ရွိ ACE ဟိုတယ္ လက္ေထာက္မန္ေနဂ်ာ စိုးျမင့္ေက်ာ္၊ လုံျခဳံေရးဝန္ထမ္း ဦးသန္းေဌးႏွင့္ ဟိုတယ္စားပြဲထိုး ၿငိမ္းခ်မ္းေအာင္တို႔အား ေတြ႕ရွိၿပီး (၇)လႊာရွိ ၿဖိဳးကိုကိုတင့္ဆန္း၏ အိပ္ခန္းအတြင္းမွ ေသနတ္ထည့္ အိတ္(၁)အိတ္၊ စနိုက္ပါ မွန္ေျပာင္း(၁)ခု၊ အရွည္(၁၅)လက္မခန္႔ရွိ ေသနတ္ေျပာင္း(၁)ခု၊ စပရိန္ပါ လက္နက္ငယ္ ေမာင္းတုံး (၁)ခု၊ ႏွစ္အိတ္တြဲ က်ည္ကပ္အေသးထည့္အိတ္(၁)ခု၊ ေကာ္ျဖင့္ျပဳလုပ္ ထားသည့္ က်ည္အိမ္ထည့္အိတ္ (၂ခုတြဲ)(၂)ခု၊ လက္ကိုင္စကားေျပာစက္ (၈)လုံး၊ အေဝးၾကည့္ မွန္ေျပာင္း (၁)ခု၊ Drone(၅)ခုႏွင့္ ၄င္းတို႔အား ေမာင္းႏွင္သည့္ ကိရိယာ(၁)ခု၊ ေရခ်ိဳးခန္းအတြင္းမွ WYစာတမ္းပါ စိတ္ႂကြေဆးျပား(၈)ျပား၊ မူးယစ္ေဆးဝါးသုံးစြဲရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၊ သံေဘာေစ့ (၁၀၀)ပါ (၁)ဗူး၊  ၉ မမက်ည္(၂)ေတာင့္၊ အိမ္သာခန္း မ်က္ႏွာက်က္ေပၚ၌ သိမ္းဆည္းထားသည့္ M-16 ေသနတ္(၁)လက္(ေမာင္းတုံးမပါ)၊ သံေဘာေစ့ျဖင့္ ပစ္ခတ္ရသည့္ M-4 ကာဘိုင္ ပုံစံေသနတ္(၁)လက္ႏွင့္ ေဘာေစ့ထည့္ရသည့္ က်ည္အိမ္(၁)ခုတို႔အား သိမ္းဆည္းရမိခဲ့သျဖင့္ ၂၀၀၅ အခ်ိန္ ၿဖိဳးကိုကိုတင့္ဆန္းႏွင့္ ၿဖိဳးဘိုဘိုတို႔(၂)ဦး(ဖမ္းမိ)အား သာေကတနယ္ေျမရဲစခန္းမယ(ပ)၂၆/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ဂ)/၂၂(ခ)/၂၁ ျဖင့္ အမွုဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္းသတင္းရရွိပါသည္။
၀၉၁၅ အခ်ိန္ ဗဟန္းေခတၱၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွူး၊ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွူး႐ုံးမွ ရဲတပ္ဖြဲ႕ဝင္မ်ား မူးယစ္တပ္ဖြဲ႕စု(၄၂)၊ရန္ကုန္(ေနာက္)မွ ရဲတပ္ဖြဲ႕ဝင္တို႔ပါ ပူးေပါင္းအဖြဲ႕သည္ ဗဟန္းၿမိဳ႕နယ္၊ ေရႊေတာင္ၾကား(၁) ရပ္ကြက္၊ ေငြဝတ္မွုန္ရိပ္သာလမ္း အမွတ္(၇၀/တ)ရွိ ၿဖိဳးကိုကိုတင့္ဆန္း၏ ေနအိမ္အား ရွာေဖြခဲ့ရာ ၅.၅၆က်ည္ (၃)ေတာင့္၊ ၿဖိဳးကိုကိုတင့္ဆန္းအမည္ႏွင့္ နိုင္ငံေတာ္တံဆိပ္ပါ ေျပာက္က်ားဝတ္စုံ(၁)စုံ၊ နိုင္ငံေတာ္တံဆိပ္ႏွင့္ အရိုးေခါင္းလက္ေမာင္းတံဆိပ္ပါ အနက္ေရာင္ လက္ရွည္အကၤ်ီ(၁)ထည္၊ စနိုက္ပါမွန္ေျပာင္း(၂)လက္(တို ၁၊ ရွည္ ၁)၊ စစ္စိမ္းေရာင္ သံလိုက္ အိမ္ေျမႇာင္ (၁)ခု၊ လက္ကိုင္စကားေျပာ စက္(၁)လုံး၊ေသနတ္ခ်ိန္သီး(၁)ခု၊က်ည္ကာအကၤ်ီ(၂)ထည္၊ က်ည္အိမ္ထည့္အိတ္(၄ခုတြဲ)(၁)ခု၊ အနက္ေရာင္ လက္ကိုင္အိတ္(၂)လုံး၊ စကားေျပာစက္ ထည့္အိတ္ (၁)ခု၊ WY စာတမ္းပါ စိတ္ႂကြေဆးျပား (၂)ျပား၊ ICE ဟုယူဆရသည့္ အမွုန္႔မ်ား ကပ္ေနသည့္ ကပ္ခြာအိတ္(၁)ခု၊ ခဲျပား(၉)ခုႏွင့္မီးျခစ္(၃)လုံး၊ စိတ္ႂကြေဆးျပားသုံးစြဲရာတြင္ အသုံးျပဳသည့္ ေရသန္႔ဗူး/ဖန္ပုလင္း(၃)လုံးတို႔အား  သိမ္းဆည္းရမိခဲ့ သျဖင့္ ၁၈၁၅ အခ်ိန္ ၿဖိဳးကိုကိုတင့္ဆန္း (ဖမ္းမိ)အား ဗဟန္းၿမိဳ႕မရဲစခန္းမယ(ပ)၄၉/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၆(ဂ) ျဖင့္ အမွုဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္း ရရွိပါသည္။
   အလားတူ ၁၀၃၀ အခ်ိန္ ေနျပည္ေတာ္ရဲတပ္ဖြဲ႕မွူး၊ စရဖ(ေနျပည္ေတာ္)မွ ဗိုလ္မွူး တင္ေအာင္လြင္၊ မွုခင္းရဲတပ္ဖြဲ႕မွ ရဲတပ္ဖြဲ႕ဝင္မ်ား မူးယစ္တပ္ဖြဲ႕စု(၁၀၅)၊ေနျပည္ေတာ္(ေလဆိပ္) မွရဲတပ္ဖြဲ႕ဝင္တို႔ႏွင့္ နယ္ေျမခံရဲတပ္ဖြဲ႕ဝင္မ်ားပါ ပူးေပါင္းအဖြဲ႕သည္ ဟိုတယ္ ACE အခန္းအမွတ္ (H-1)အခန္းအတြင္းမွ မန္မိုရီစတစ္(၄)ေခ်ာင္း၊ ဟာ့ဒစ္(၁)ခု၊ ကြန္ပ်ဴတာ System ပုံး(၃)ပုံး၊ လက္ကိုင္ဖုန္း(၁)လုံး၊ ဝိုင္ဖိုင္လႊင့္စက္(၁)လုံး၊ X5R Reader (၁)လုံး၊ အသံဖမ္းစက္(၁)လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ပါသည္။
       ထို႔ေနာက္ ေအာက္တိုဘာ ၁၆ ရက္ေန႔ ၁၅၅၅ အခ်ိန္ ဒကၡိဏသီရိၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွူးရဲမွူး ခင္ေမာင္ေက်ာ္ႏွင့္အဖြဲ႕သည္ (၁၁၅)မိုင္ ျဖဴးအျမန္လမ္းမႀကီးရဲစခန္း၌ ထိန္းသိမ္းထားသည့္ ဂ်ိဳးဇက္(ခ)စေယာသ၊(၅၃)ႏွစ္၊ ကရင္/ခရစ္ယာန္၊ ACE အေထြေထြမန္ေနဂ်ာ၊ (ဘ)ဦးမန္းလွေရႊ၊ ဒကၡိဏသီရိၿမိဳ႕နယ္ေနသူပါ(၅)ဦး(က်ား ၄၊ မ ၁)တို႔အား သြားေရာက္ ေခၚေဆာင္ခဲ့ၿပီး လယ္ေဝးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွူး႐ုံး၌ စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

(Unicode version)
လယ်ဝေးမြို့နယ် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်နက်/ခဲယမ်းနှင့် စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိမှု (၁၆.၁၀.၂၀၁၇)မှ သတင်းဆက်
==============================================
       ၂၀၁၇ ခုနှစ်၊အောက်တိုဘာလ ၁၅ ရက်နေ့ ၂၃၄၅ အချိန် ACE ဟိုတယ်၌ ဗဟန်းမြို့မရဲစခန်း မယ(ပ)၂၀/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အမှုမှ တရားခံပြေး သီဟ(ဖြိုးကိုကိုတင့်ဆန်း၏ ယာဉ်မောင်း)အား ဖမ်းဆီးရမိခဲ့ပြီး အောက်တိုဘာလ ၁၆ ရက်နေ့ ၀၄၃၀ အချိန် ဖြိုးကိုကိုတင့်ဆန်းပါ (၃)ဦး(ဖမ်းမိ)အား ဒက္ခိဏမြို့မရဲစခန်း(ပ)၃၉၆/၂၀၁၇၊ လက်နက်ပုဒ်မ ၁၉(စ)ဖြင့်  အမှုဖွင့် စစ်ဆေးလျက်ရှိပါသည်။
       ထို့နောက် ၂၀၁၇ ခုနှစ်၊အောက်တိုဘာလ ၁၆ ရက်နေ့ ၀၈၁၅ အချိန် သာကေတမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၄၁)၊ရန်ကုန်(အရှေ့)၊ မှုခင်းရဲတပ်ဖွဲ့နှင့် သတင်းရဲတပ်ဖွဲ့တို့ပါ ပူးပေါင်းအဖွဲ့သည် သာကေတမြို့နယ်၊ ၁၀/တောင် (၁၃)ရပ်ကွက်၊ ရှုခင်းသာလမ်း မ/၂၀၀ရှိ ဖြိုးကိုကိုတင့်ဆန်းပိုင် ACE GROUP OF COMPANIES  အဆောက်အဦးအား ဝင်ရောက်ရှာဖွေခဲ့ရာ နေပြည်တော် FC ဘောလုံးအသင်း မန်နေဂျာ ဖြိုးဘိုဘို၊ (၂၄)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ) ဦးဆန်းဦးစိုး၊ (၃၉)လမ်း၊ အလယ်ဘလောက်၊ (၈)ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ နေပြည်တော်ရှိ ACE ဟိုတယ် လက်ထောက်မန်နေဂျာ စိုးမြင့်ကျော်၊ လုံခြုံရေးဝန်ထမ်း ဦးသန်းဌေးနှင့် ဟိုတယ်စားပွဲထိုး ငြိမ်းချမ်းအောင်တို့အား တွေ့ရှိပြီး (၇)လွှာရှိ ဖြိုးကိုကိုတင့်ဆန်း၏ အိပ်ခန်းအတွင်းမှ သေနတ်ထည့် အိတ်(၁)အိတ်၊ စနိုက်ပါ မှန်ပြောင်း(၁)ခု၊ အရှည်(၁၅)လက်မခန့်ရှိ သေနတ်ပြောင်း(၁)ခု၊ စပရိန်ပါ လက်နက်ငယ် မောင်းတုံး (၁)ခု၊ နှစ်အိတ်တွဲ ကျည်ကပ်အသေးထည့်အိတ်(၁)ခု၊ ကော်ဖြင့်ပြုလုပ် ထားသည့် ကျည်အိမ်ထည့်အိတ် (၂ခုတွဲ)(၂)ခု၊ လက်ကိုင်စကားပြောစက် (၈)လုံး၊ အဝေးကြည့် မှန်ပြောင်း (၁)ခု၊ Drone(၅)ခုနှင့် ၄င်းတို့အား မောင်းနှင်သည့် ကိရိယာ(၁)ခု၊ ရေချိုးခန်းအတွင်းမှ WYစာတမ်းပါ စိတ်ကြွဆေးပြား(၈)ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ သံဘောစေ့ (၁၀၀)ပါ (၁)ဗူး၊  ၉ မမကျည်(၂)တောင့်၊ အိမ်သာခန်း မျက်နှာကျက်ပေါ်၌ သိမ်းဆည်းထားသည့် M-16 သေနတ်(၁)လက်(မောင်းတုံးမပါ)၊ သံဘောစေ့ဖြင့် ပစ်ခတ်ရသည့် M-4 ကာဘိုင် ပုံစံသေနတ်(၁)လက်နှင့် ဘောစေ့ထည့်ရသည့် ကျည်အိမ်(၁)ခုတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ၂၀၀၅ အချိန် ဖြိုးကိုကိုတင့်ဆန်းနှင့် ဖြိုးဘိုဘိုတို့(၂)ဦး(ဖမ်းမိ)အား သာကေတနယ်မြေရဲစခန်းမယ(ပ)၂၆/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။
      ၀၉၁၅ အချိန် ဗဟန်းခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ မူးယစ်တပ်ဖွဲ့စု(၄၂)၊ရန်ကုန်(နောက်)မှ ရဲတပ်ဖွဲ့ဝင်တို့ပါ ပူးပေါင်းအဖွဲ့သည် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ ငွေဝတ်မှုန်ရိပ်သာလမ်း အမှတ်(၇၀/တ)ရှိ ဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်အား ရှာဖွေခဲ့ရာ ၅.၅၆ကျည် (၃)တောင့်၊ ဖြိုးကိုကိုတင့်ဆန်းအမည်နှင့် နိုင်ငံတော်တံဆိပ်ပါ ပြောက်ကျားဝတ်စုံ(၁)စုံ၊ နိုင်ငံတော်တံဆိပ်နှင့် အရိုးခေါင်းလက်မောင်းတံဆိပ်ပါ အနက်ရောင် လက်ရှည်အင်္ကျီ(၁)ထည်၊ စနိုက်ပါမှန်ပြောင်း(၂)လက်(တို ၁၊ ရှည် ၁)၊ စစ်စိမ်းရောင် သံလိုက် အိမ်မြှောင် (၁)ခု၊ လက်ကိုင်စကားပြော စက်(၁)လုံး၊သေနတ်ချိန်သီး(၁)ခု၊ကျည်ကာအင်္ကျီ(၂)ထည်၊ ကျည်အိမ်ထည့်အိတ်(၄ခုတွဲ)(၁)ခု၊ အနက်ရောင် လက်ကိုင်အိတ်(၂)လုံး၊ စကားပြောစက် ထည့်အိတ် (၁)ခု၊ WY စာတမ်းပါ စိတ်ကြွဆေးပြား (၂)ပြား၊ ICE ဟုယူဆရသည့် အမှုန့်များ ကပ်နေသည့် ကပ်ခွာအိတ်(၁)ခု၊ ခဲပြား(၉)ခုနှင့်မီးခြစ်(၃)လုံး၊ စိတ်ကြွဆေးပြားသုံးစွဲရာတွင် အသုံးပြုသည့် ရေသန့်ဗူး/ဖန်ပုလင်း(၃)လုံးတို့အား  သိမ်းဆည်းရမိခဲ့ သဖြင့် ၁၈၁၅ အချိန် ဖြိုးကိုကိုတင့်ဆန်း (ဖမ်းမိ)အား ဗဟန်းမြို့မရဲစခန်းမယ(ပ)၄၉/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။
       အလားတူ ၁၀၃၀ အချိန် နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ စရဖ(နေပြည်တော်)မှ ဗိုလ်မှူး တင်အောင်လွင်၊ မှုခင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ မူးယစ်တပ်ဖွဲ့စု(၁၀၅)၊နေပြည်တော်(လေဆိပ်) မှရဲတပ်ဖွဲ့ဝင်တို့နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါ ပူးပေါင်းအဖွဲ့သည် ဟိုတယ် ACE အခန်းအမှတ် (H-1)အခန်းအတွင်းမှ မန်မိုရီစတစ်(၄)ချောင်း၊ ဟာ့ဒစ်(၁)ခု၊ ကွန်ပျူတာ System ပုံး(၃)ပုံး၊ လက်ကိုင်ဖုန်း(၁)လုံး၊ ဝိုင်ဖိုင်လွှင့်စက်(၁)လုံး၊ X5R Reader (၁)လုံး၊ အသံဖမ်းစက်(၁)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ထို့နောက် အောက်တိုဘာ ၁၆ ရက်နေ့ ၁၅၅၅ အချိန် ဒက္ခိဏသီရိမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ခင်မောင်ကျော်နှင့်အဖွဲ့သည် (၁၁၅)မိုင် ဖြူးအမြန်လမ်းမကြီးရဲစခန်း၌ ထိန်းသိမ်းထားသည့် ဂျိုးဇက်(ခ)စယောသ၊(၅၃)နှစ်၊ ကရင်/ခရစ်ယာန်၊ ACE အထွေထွေမန်နေဂျာ၊ (ဘ)ဦးမန်းလှရွှေ၊ ဒက္ခိဏသီရိမြို့နယ်နေသူပါ(၅)ဦး(ကျား ၄၊ မ ၁)တို့အား သွားရောက် ခေါ်ဆောင်ခဲ့ပြီး လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

www.myanmarmoha.org

https://m.facebook.com/story.php?story_fbid=2062255957133341&id=1170507682974844

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ လယ္ေဝးၿမိဳ႕နယ္ ေနျပည္ေတာ္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ လက္နက္/ခဲယမ္းႏွင့္ စိတ္ႂကြ ေဆးျပားမ်ား သိမ္းဆည္းရမိ”

Post a Comment

Related Posts Plugin for WordPress, Blogger...