Tuesday, October 17, 2017

ဖြိုးကိုကိုတင့်ဆန်းရဲ့စိတ်နေသဘောထားကိုသိသလောက်လာရေးပြတာပါ

,
အမတစ်ယောက် ပြောပြတဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးပါ
အိမ်မှာဆေးလာသုတ်တဲ့ခလေး ဆေးသုတ်တာလက်ရာကသက်ရပ်တယ်
သူနဲ့စကားပြောကြည့်တော့ ကျနော်ကနေပြည်တော်ACEဆောက်လုပ်ရေးမှာအလုပ်လုပ်တဲ့အကြောင်း သူဌေးကဦးတင့်ဆန်းသား ဖြိုးကိုကိုတင့်ဆန်းဖြစ်ကြောင်းပြောပြတယ်
ဖြိုးကိုကိုတင့်ဆန်းက ဘယ်လိုလည်း အလုပ်သမားတွေအပေါ်ကောင်းလားဆိုတော့ လုံးဝမကောင်းဘူး လွှတ်တော်အဆောက်ဦးကြီးဆောက်တာလည်းဖြိုးကိုတင့်ဆန်းဘဲ ကျနော်တို့အလုပ်သမားတွေနဲ့ရွှေ့ပြောင်းအလုပ်သမားတွေ သောက်စရာရေလည်းအလုံလောက်မပေးဘူး ချိုးရေ အဓိကက မိလ္လာရေ လုံးဝမပေးတော့ ၀မ်းပျက်ဝမ်းလျောတွေဖြစ်ပြီးသေကြတာ တခါတလေ တညတည်းနဲ့၁၂ယောက်လောက်ရှိတယ်
သေတဲ့လူတွေကရွေ့ပြောင်းအလုပ်သမားတွေ မှတ်ပုံတင်လည်းမရှိတော့ ဘာလျော်ကြေးမှလည်းမပေးဘူး သရဏံဂုဏ်တွေ ရက်လည်ဆွမ်းလည်းမရှိဘူး အကုန်လုံး ပိုင်ရှင်မဲ့ သဂြိုလ်ဘဲ လုပ်ငန်းခွင်မှာထိခိုက်ဒဏ်ရာရတာ ဖျာနာတာဘားမှတာဝန်မယူဘူး လွှတ်တော်ဆောက်နေတဲ့အချိန် ငြမ်းပေါ်ကပြုတ်ကျပြီးသေတဲ့ အလုပ်သမားတွေလည်းအများကြီး ဘယ်သူကိုမှလျော်ကြေးမပေးဘူး
နေပြည်တော်မြို့တည်တော့ ကုလားဆောက်လုပ်ရေးကိုအ၀င်မခံဘူးလို့သတ်မှတ်လိုက်တဲ့အချိန်မှာ ဖြိုးကိုတင့်ဆန်းရဲ့ace ကလုပ်ကွက်တော်တော်ရလာတယ် အဘတွေအိမ်မှန်သမျှ ace နဲ့ဘဲဆောက်တာများတယ် ဆေးသုတ်တဲ့ခလေးကထပ်ပြောတယ် အဘတွေအားလုံး နေပြည်တော်မှာအိမ်က၃ လုံးလောက်ရှိ
တယ် သူတို့အိမ်တွေလာကြည့်မယ်ဆိုရင်ကျနော်တို့မှာတပတ်လောက်အလိုကတည်းကပြင်ဆင်ပြီးအဆင်သင့်စောင့်နေ ကျနော်တို့ကသာ နေမအားညမအားပင်ပမ်းတာ အဘတွေကသူတို့အိမ်ကိုလာကြည့်ရင် နာရီဝတ်တောင်မနေဘူး ပြန်တာဘဲ
ဒီခလေးပြောသမျှအားလုံးကကျမကြားဖူးထားတာနဲ့ဆိုရင် အကုန်အမှန်တွေပါ လိမ်ညာတာမပါဘူး ဖြိုးကိုကိုတင့်ဆန်းက
တော်တော်လူမဆန်တဲ့သူ လွှတ်တော်ထဲမှာ မကျွတ်မလွတ်ဘ၀နဲ့နေနေတဲ့သူတွေအများကြီးပါ သူတို့အတွက်အစိုးရကတာဝန်ယူပြီးလွှတ်တော်ထဲမှာ အမျှဝေဖို့ကောင်းပါတယ်
အဘတွေနဲ့တကွ သူ့သားသမီးအားလုံးလူသားချင်းစာနာထောက်ထားမှု့လုပ်ဝမရှိပါဘူး တဘို့တည်းသမားတွေပါ အကြီးစားဘိန်းအရောင်းဝယ်လုပ်ရင် အဘသားတွေဘဲ စစ်တပ်အာဏာသိမ်းပြီးကတည်းက အဘသားသမီးတွေရဲ့hand carry ကိုလေယာဉ်ကွင်းမှာအစစ်ဆေးမရှိpass ဖြစ်ပြီးသားဘဲ ဒါမျိုးတွေကျမကြားဖူးတာကြာပေါ့ မြန်မာပြည်ကလူငယ်တွေကိုလူမျိုးတုန်းသတ်ဖြတ်နေတာ အဘသားတွေပါ ကိုယ့်တိုင်းရင်းသားရွှေ့ပြောင်းအလုပ်သမားတွေအပေါ်သနားညှာတာမှု့လုံးဝမရှိဘူး စစ်တပ်အုပ်ချုပ်လိုက်တာ မြန်မာပြည်မှာလည်း ရွှေ့ပြောင်းအလုပ်သမားဆိုတဲ့လူတန်းစားတရပ်ပေါ်လာတာဘဲ ကိုယ့်တိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားတွေကဆင်းရဲတော့ပိုက်ဆံမရှိ ပိုက်ဆံမပေးနိုင်တော့ မှတ်ပုံတင်မရှိကြဘူး အရမ်းသနားစရာကောင်းပါတယ်မြန်မာပြည် စစ်အစိုးရလောက်ငွေကြိုက်တဲ့အစိုးရကမ္ဘာမှာလည်းရှိမှာမဟုတ်ပါဘူး အရာအားလုံးကိုငွေနဲ့ဘဲဆုံးဖြတ်တယ် ငွေပေးနိုင်ရင် ဘာသားခြားဖြစ်ပါစေ ဘုရားလိုကိုးကွယ်မယ် ငွေမပေးနိုင်လို့ကတော့ ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားဖြစ်ပါစေ ဖိနှိပ့်ဆက်ဆံမယ် တော်တော်ယုတ်မာလွန်းတာပါ မြန်မာပြည်မှာ အဘတယောက်အာဏာရှိရင်သူ့တဆွေလုံးတမျိုးလုံးအာဏာရှိတဲ့အတိုင်း လုပ်ပိုင်ခွင့်တွေအားလုံးသူတို့လက်ထဲမှာဘဲ 😈😈😈

မခင်ပပကျော်

ZN.H

https://m.facebook.com/story.php?story_fbid=347233085722199&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဖြိုးကိုကိုတင့်ဆန်းရဲ့စိတ်နေသဘောထားကိုသိသလောက်လာရေးပြတာပါ ”

Post a Comment

Related Posts Plugin for WordPress, Blogger...