Saturday, October 28, 2017

မြန်မာ့လက်ရွေးစင် ဦးတင်ဦး(ပုလဲနက်)

,
ရင်နင့်စရာသတင်းတစ်ခု ရခဲ့ရပါတယ်။
တစ်ချိန်က မြန်မာ့လက်ရွေးစင်ဘောလုံးသမား
ပုလဲနက်တင်ဦး(နောက်တန်း)ဆိုရင် ရှေးလူကြီးများ သိကြမှာပါ။

ဆက်သွယ်ရေးနှင့်စာတိုက်ကြေးနန်းအသင်းတွင် ကစားခဲ့ပြီး
နေစရာအိမ်ကိုလည်း အစိုးရမှ ချပေးထားသည့် ပန်းဆိုးတန်းအပေါ်ထပ်မှ အခန်းကျဉ်းထဲတွင် ရခဲ့ပါတယ်။

အသက်အရွယ်အရ ပင်စင်ယူပြီးချိန်တွင်
သမီးဖြစ်သူ ဝန်ထမ်းဖြစ်သဖြင့် နေမြဲအခန်းလေးတွင် နေခွင့်ရခဲ့ပါတယ်။

အခုအချိန်မှာတော့

သားနဲ့သမီး တစ်လပဲခြားပြီး ဆုံးပါးသွားခဲ့ပါတယ်။
*******************************************
ဝန်ထမ်းတို့၏ စည်းမျဉ်းအရ ဆက်လက်မနေဖို့ စာပို့ခြင်းခံထားရပါတယ်။

မြန်မာနိုင်ငံမှ နိုင်ငံ့ဂုဏ်ဆောင်တစ်ဦး နေစရာအရေးအတွက်
အား/ကာ မှ တာဝန်ယူနိုင်မလား

ဆက်သွယ်ရေးနဲ့စာတိုက်ကြေးနန်းအသင်းအတွက်
ဝန်ထမ်းတစ်ဦး၏နေစရာအတွက် ဝန်ကြီးဌါနမှ ဖြေရှင်းပေးမလား။

တွေးရင်းနဲ့
ကျွန်တော်ဘောလုံးဆရာအတွက် ကိုယ်လုပ်ပေးနိုင်တာလုပ်ခဲ့ပြီး ဆက်လက်ကူညီဖို့လည်း လုပ်ဆောင်သွားပါ့မယ်။


https://m.facebook.com/story.php?story_fbid=1820593667969189&id=100000557203973

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်မာ့လက်ရွေးစင် ဦးတင်ဦး(ပုလဲနက်)”

Post a Comment

Related Posts Plugin for WordPress, Blogger...