Saturday, October 28, 2017

ဗုဒ္ဓဘာသာကို ကျန်ဘာသာတို့နှင့် တန်းညှိသည်ဆိုလျှင်

,
""ဘတ်စ် ကားတွေ ပေါ်မှာ သံဃာသီးသန့်နေရာထားစရာမလိုဘူး။သံဃာတွေအတွက် ဆေးရုံသီသန့်ထားပေးစရာမလိုဘူး။
ဘာသာအားလုံး အခွင့်အရေး အတူတူပဲ ထားရမယ် "" လို့ ဆိုလာသူကတော့

ဆရာဝန် သက္ကမိုးညိုပါပဲ.........

ထိုကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော် ဝနဝါသီက အောက်ပါအတိုင်း ရှင်းပြထားပါတယ် ။

နိုင်ငံတော်တိုးတက်ရေးအတွက် ဘာသာရေးကို ဘာမှခွဲခြားစရာမလိုဘူး ၊ အားလုံးဟာ အတူတူပဲဟု ဘာသာတရားအားလုံးကို တန်းညှိခြင်းသည် ဘာသာတရားအားလုံးက ငြိမ်းချမ်းရေးကို လိုလားသော ဘာသာတရားချည်းပဲဆိုလျှင် ပြဿနာမရှိသော်လည်း လူယဉ်ကျေးမှုကို ဖျက်ဆီးနိုင်စွမ်းသော အယူအဆများကို ဘာသာရေးအဆုံးအမအဖြစ် တရားဝင်လက်ခံသင်ကြားနေသည့် ဘာသာများနှင့် တန်းညှိခြင်း ဆိုလျှင် အတော်ပင် အန္တရာယ်ကြီးသွားပြီဖြစ်သည်။

မိမိတို့ ဗုဒ္ဓဘာသာကို ကျန်ဘာသာတို့နှင့် တန်းညှိသည်ဆိုလျှင်ပင်အတော်လွန်သွားပြီဟု ဆိုချင်သည်။

နိုင်ငံတော်တိုးတက်ရေးအတွက် (ဘာသာရေးရှုထောင့်ကို လုံးဝထည့်မစဉ်းစားဘဲ)ကိုးကွယ်မှုဘာသာ သည် အရေးမကြီး အားလုံးဟာ အတူတူပဲ ဟု နှလုံးသွင်းမှု အခြေခိုင်မြဲခဲ့သော် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ကွယ်ပျောက်ရန်အတွက် အဓိကကျသော မျိုးစေ့တစ်မျိုးကို စိုက်ပျိုးပြီးဖြစ်သည်ဟု မှတ်ယူရတော့မည်ဖြစ် သည်။ ဘာသာသာသနာကို အထူးကြည်ညိုသော သာသနာပြုမင်းများ လက်ထက်တွင်သာ သာသနာတော် ထွန်းလင်းတောက်ပခဲ့သည့် သမိုင်းကြောင်းကို အမှတ်ရစေလိုသည်။

အိမ်ထောင်ပြုမှု၌ ဘာသာလူမျိုး နိုင်ငံခွဲခြားစရာမလို ဟူသော အယူအဆသည် အမျိုးအနွယ်ကို ပျက်စီးသွားစေနိုင်သကဲ့သို့ နိုင်ငံတော်တိုးတက်ရေးအတွက် ဘာသာလူမျိုး ခွဲခြားစရာမလိုဟူသော အယူအဆ သည် အနှစ်သာရပြည့်ဝလှသော အဆုံးအမတော်များ နိုင်ငံအတွင်းမှ ကွယ်ပသွားရန် အားကြီးသော အထောက်အပံ့ တစ်ရပ်ဖြစ်လာနိုင်ပါသည်။ ထိုအချက်သည် အထူးသတိပြုသင့်သော အချက်ဖြစ်သည်။

ရာစုသစ်တွင် ဘာသာယဉ်ကျေးမှု အားပြိုင်မှုစီးကြောင်းတို့သည် အရှိန်အဟုန်နှင့် တစ်ကျော့ပြန် စီးဆင်းလာပြန်ပါပြီ။ ထိုအချက်ကို သတိပြုလျက် ကာကွယ်သင့်သည်ကို အဘက်ဘက်မှ စနစ်တကျ ကာကွယ် တတ်ပါမှ  စနစ်ကျသော စီမံချက်များနှင့် အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော အခြားစီးကြောင်းတို့၏ တိုက်စားဝါးမျိုမှုကို ခုခံနိုင်မည်ဖြစ်သည်။ သို့မဟုတ်က အနာဂတ်သာသာနာအတွက် မလွယ်ပါ။ ထိုအချက်များကို အားလုံးက ကောင်းစွာ သတိပြုသင့်ပါသည်။

https://m.facebook.com/story.php?story_fbid=678945128967009&id=100005545831108

ဘေးအန္တရာယ် နီးကပ်နေသော(တွေ့ကြုံနေရသော) သာသနာတော်အတွက် သာသနာတည်တံ့ထွန်းကားရေးကို ဦးစားပေးသည့် ခေါင်းဆောင်မျိုးကို ငါတို့ပို၍ အလိုရှိသည်။“ဘာသာတိုင်းဟာ အတူတူပါဘဲ” ဟု ရှင်တော်မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် မိုဟာမက်၏ နှုတ်ထွက်စကားတို့ကို တန်းတူထားသော၊ဤမျှဘာသာရေး အသိဥာဏ် နိမ့်ပါးသော ခေါင်းဆောင်မျိုးကို ငါတို့အလိုမရှိ။အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ကွဲပြားသည့် ဘာသာတရားတို့ကို အတူတူပါဘဲဟု ရောချကျောသပ်သော နိုင်ငံရေးသမားကိုလည်း ငါတို့အလိုမရှိ။

ထိုသူသည် ဘာသာသာသနာအတွက် အကျိုးထက် အပြစ်များသော ဆုံးဖြတ်ချက်၊လမ်းစဉ်လမ်းကြောင်းကို ချမှတ်နိုင်သည်။ထိုကြောင့် သာသနာရေရှည်တည်တံ့ရေး ရှုထောင့်အတွက် အန္တရာယ်ကြီးသည်။
ဖြစ်နိုင်လျင် နိုင်ငံရော ဘာသာသာသနာပါ တိုးတက်မှုကို ငါတို့အစဉ်မျော်လင့် တောင့်တ၏။

သို့သော် “နိုင်ငံတော်သည် တန်းတူလွတ်လပ်ခွင့် ရှိသည် လူ့အခွင့် အရေးအပြည့် အဝရှိသည်” ဟူသော နာမည်ကောင်းအတွက် ဘာသာသာသနာကို စတေးရမည့် အနေအထား ဆိုလျင် ငါတို့လုံးဝ လက်မခံနိုင်။ “နိုင်ငံတော်တိုးတက်ရေးကို လက်ညှိးထိုးလျက် သာသနာတော်ကို ထိုးကျွေးမည့် ကစားကွက်မျိုးကိုလည်း ငါတို့ လုံးဝ လက်ခံနိုင်မည်မဟုတ်”။

ငါတို့နိုင်ငံသည် မတိုးတက်ချင်နေ။ သာသနာမကွယ်အောင်တော့ ငါတို့ကြိုးစားရမည်။ ငါတို့သည် လွတ်လပ်ခွင့်တန်းတူ ညီမျှခွင့်တို့ကို တန်ဖိုးမထား၍ မဟုတ်။ မစာနာ၍ မဟုတ်။သေမှာ ကြောက်၍ ဖြစ်သည်။
အဆိပ်ပြင်းလှသည့် မြွေပွေးကို မေတ္တာတရားကြီးမားလှပါသည် ဆိုသော နာမည်ကောင်းအတွက် ရင်သပ်ကျောသပ်တော့ မလုပ်နိုင်။မြွေပွေးနှင့် တွေ့ထိဆက်ဆံရလျှင် ရေမြွေကို ဆက်ဆံသကဲ့သို့မဟုတ်ဘဲ ကိုယ့်ကိုယ့်ကို ကာကွယ်ရေးကို အဓိကထား၍ ဆက်ဆံရမည်သာဖြစ်သည်။မြွေခြင်းအတူတူ ခွဲခြားဆက်ဆံသည်၊တန်းတူညီမျှမရှိဟု ဆိုလျှင်လည်း ငါတို့ကျေနပ်စွာ လက်ခံလိုက်ပါမည်။

“ကိုယ့်အသက်ကို ကာကွယ်ရေးအတွက်ဆိုလျင် မည်သည့်နည်းလမ်းမဆို တရားသည်” ဟု ငါတို့ခိုင်မာစွာ ယူဆသည်။
ဒီမိုကရက်တို့၏ လူ့အခွင့်အရေး တန်းတူညီမျှရေးတို့ကို တန်ဖိုးထားခြင်းကိုတော့ ငါတို့လေးစားသည်။သို့သော် ………ကြောက်သည်။

https://m.facebook.com/story.php?story_fbid=678949905633198&id=100005545831108

သန်းကျော်ဝင်း

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဗုဒ္ဓဘာသာကို ကျန်ဘာသာတို့နှင့် တန်းညှိသည်ဆိုလျှင်”

Post a Comment

Related Posts Plugin for WordPress, Blogger...