Sunday, October 29, 2017

ဗြိတိသျှသံရုံးကို မြန်မာပြည်က နှင်ထုတ်ရမယ်ဟု ဒေါက်တာအေးမောင်ဆို

,
ရခိုင်အမျိုးသား ပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကရခိုင်အရေးကို နိုင်ငံတကာ အသိုင်းအဝိုင်းထဲသို့ ရောက်ရှိသွားအောင် ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့စည်းပေးပြီး နိုင်ငံတကာ ပြဿနာ ဖြစ်အာင် ဆောင်ရွက်ခဲ့သူမှာ လက်ရှိ အစိုးရက ဖြစ်ပြီး လက်ရှိ အစိုးရ မပါဘဲ ယနေ့ အခင်းအကျင်းမျိုး မဖြစ်နိုင်ကြောင်း၊ နိုင်ငံတကာ အာရုံစိုက် ချိန်တွင် တပ်မတော်ကို ဦးတည်၍ တိုက်ခိုက်သည်ကို တွေ့ရ ကြောင်း ပြောဆိုသည်။

“ဒါတွေ အားလုံးသည် သူတို့ ကိုယ်တိုင်(နိုင်ငံတကာ)ကိုက တပ်ကို ပြောင်းဖို့အတွက် ဘောလုံး သဘောအရ Lift လုပ် တာပေါ့။ အစိုးရမှာလည်း အဲဒီ ဦးတည်ချက် ရှိတယ်။ ဒီလိုဖြစ်အောင်ပဲ နိုင်ငံတကာ အခင်းအကျင်းမှာ ဖန်တီးလိုက် ကြပြီ”ဟုလည်း ဒေါက်တာ အေးမောင်က ပြောသည်။

၎င်းက ဆက်၍ “အခုမြန်မာပြည် ပြဿနာကို လုံခြုံရေး ကောင်စီမှာ တင်တာ အကုန်လုံး ဗြိတိန်ကပဲ တင်တာ။ မြန်မာ ပြည်ကိုလည်း နှစ်ပေါင်း ၁၀၀ ကျော် အုပ်ချုပ်ပြီးပြီ။ အမှန်က သံရုံးတောင် Get Out လုပ်ရမှာ။ သဘောပြောတာပါ။ ကျနော်ဆိုရင် Get Out လုပ်ပြီးပြီ။ ဗြိတိသျှသံရုံးကို မြန်မာပြည်က နှင်ရမယ်။ ဝင်စွက်ဖက်လွန်း အားကြီးတယ်။ ကျနော်တို့တော့ လက်မခံဘူး”ဟု ဆိုသည်။

 irrawaddy သတင်းဌာနမှ ကူးယူဖေါ်ပြသည်။

credit...Aung Naing
ပြန်လည်မျှဝေပေးလိုက်ပါတယ်
လေးစားလျက်
Min Khant
ul g#@

https://m.facebook.com/story.php?story_fbid=351295585315949&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဗြိတိသျှသံရုံးကို မြန်မာပြည်က နှင်ထုတ်ရမယ်ဟု ဒေါက်တာအေးမောင်ဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...