Sunday, October 29, 2017

ဗိုလ်ချုပ်မှုးကြီးရဲ့ မိသားစု အလှု

,
ဒီသတင်းကိုဖတ်ပြီး ဗိုလ်ချုပ်မှုးကြီးရဲ့ မိသားစု
အလှုဒါနကို သိလိုက်ရတော့ သာဓုမခေါ်နိုင်ပဲ
တိုင်းပြည်အတွက် အတော်လေး အံ့သြတုန်လှုပ်သွားမိတယ်

ကရင်ပြည်နယ် မဘသ က ဖွင့်လှစ်မယ့် ဇီဝိတဒါန ဆေးရုံ
အတွက် ဗိုလ်ချုပ်မှုးကြီး မိသားစုရဲ့ အလှုဟာ
ဖေ့ဘုတ်ကနေ တိုးတိုးတိတ်တိတ် ကျိတ်လှုတာပဲဆိုဆို
ဘိုးစဉ်ဘောင်ဆက် သုံးမကုန်အောင် ချမ်းသာလို့ပဲ
သိန်း ၇၀ လုံး ရက်ရက်ရောရော သဒ္ဒါပေါက်လို့
လှုတယ်ပဲပြောပြော ဒီအချိန်မှာ ဒီအလှုအတွက်
မေးခွန်းထုတ်စရာ၊ စိတ်ရှုပ်စရာတွေ ဖြစ်လာပါတယ်

မြန်မာနိုင်ငံ သံဃမဟာနာယက ဆရာတော်ကြီးတွေက
မဘသ အဖွဲ့ကို ခွင့်မပြုကြောင်း  ကြေညာချက်
ထုတ်ထားတဲ့အပြင် ဓမ္မစက်ကို မလိုက်နာတာကြောင့်
အာဏာစက်နဲ့ အရေးယူဖို့ နိုင်ငံတော်အစိုးရက
ပြည်ထဲရေးကို အရေးယူဖို့ တိုင်းသိပြည်သိ
အမိန့်ပေးထားပြီး ဖြစ်ပါတယ် ။

ဒါပေမဲ့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၊
နိုင်ငံတော်အစိုးရအဖွဲ့တို့ရဲ့ ကြေညာချက်တွေကို
ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီး
ဓမ္မစက်၊ အာဏာစက်တွေကို ဖီဆန်နေတဲ့ တရားမဝင်
အဖွဲ့အစည်း မဘသကို အာဏာစက်နဲ့ အရေးယူဖို့
တာဝန်အရှိဆုံးဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့
ခေါင်းဆောင် အကြီးအမှုးတစ်ယောက်ရဲ့ ဇနီးဖြစ်သူက
တရားမဝင်အဖွဲ့အစည်းတစ်ခုကို မည်သည့်
အကြောင်းပြချက်ကြောင့် ဖြစ်စေ ငွေလှုဒါန်းထောက်ပံ့
လိုက်တာကတော့ နိုင်ငံတော် အစိုးရနဲ့အတူ
ပူးပေါင်းဆောင်ရွက်နေပါတယ်ဆိုတဲ့ ဗိုလ်ချုပ်မှုးကြီးရဲ့
စကားကို အရာမထင်အောင် ပျက်ရယ်ပြုလိုက်တဲ့
မလုပ်သင့် မလုပ်ထိုက်တဲ့ လုပ်ရပ်ပါပဲ

အစိုးရအဖွဲ့ရဲ့ လမ်းစဉ်နဲ့အတူ တိုင်းပြည်အတွက် ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး
အတွက် အဓိက တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်မှုးကြီး
မိသားစုဟာ တရားမဝင် အဖွဲ့အစည်းအဖြစ် တရားဝင်
ထုတ်ပြန်ထားတဲ့ အဖွဲ့အစည်းတစ်ခုကို ထောက်ပံ့လှုဒါန်း
အဆက်အသွယ်လုပ်နေတာဟာ အစိုးရအမိန့်ကို ပုန်ကန်နေတဲ့ တရားမဝင်အဖွဲ့အစည်းတွေနဲ့ လျို့ဝှက်
ဆက်သွယ်တဲ့ ပြစ်မှု ပုဒ်မ ၁၇ (၁) ကို တိုင်းပြည်တာဝန်ရှိ
အဖွဲ့အစည်း ခေါင်းဆောင်က ကျူးလွန်ရာ
ကျမနေဘူးလား။

ပြည်သူတင်တဲ့ အစိုးရနဲ့အတူ တိုင်းပြည်တာဝန်ယူရင်း ပြည်သူ့အစိုးရထံက ပြည်သူ့အခွန်အခတွေကို
လက်ဖြန့်တောင်းနေရတဲ့ အဖွဲ့အစည်းတစ်ခုက
ပြည်သူ့အစိုးရအပေါ် သစ္စာဖောက်ခြင်း
ပြုရာကျမနေဘူးလား။ ယနေ့အချိန်ထိ အာဏာစက်နဲ့ အရေးယူဖို့ အမိန့်ထုတ်ခံထားရတဲ့ တရားမဝင် အဖွဲ့အစည်းတစ်ခုကို လက်ပိုက်ကြည့်နေယုံနဲ့တင်
တာဝန်ပျက်ကွက်မှု ဖြစ်နေပါပြီ။ ခုလို တိုးတိုးတိတ်တိတ်
ဆက်သွယ်ထောက်ပံ့နေတာဟာ အစိုးရအဖွဲ့နဲ့အတူ
ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ အကြိမ်ကြိမ်ပြောနေတဲ့
ဗိုလ်ချုပ်မှုးကြီးအတွက် မျက်နှာပျက်စရာ
အရှက်ရစရာ ဖြစ်စေပါတယ်။

ယခု မဘသ အဖွဲ့က ဗိုလ်ချုပ်မှုးကြီးရဲ့ ဇနီးထံမှာ အလှုခံတာကို ဗိုလ်ချုပ်မှုးကြီးကို အသိမပေး မတိုင်ပင်ပဲ
ဇနီးဖြစ်သူက စီမံခန့်ခွဲ ဆုံးဖြတ်ချက်ချလိုက်တဲ့ လုပ်ရပ်လား
ဗိုလ်ချုပ်မှုးကြီး ကိုယ်တိုင် ကြည်ကြည်ဖြူဖြူနဲ့
သဘောတူ လှုဒါန်းလိုက်တဲ့ အလှုလား ဗိုလ်ချုပ်မှုးကြီးသာ
ပိုသိနိုင်ပါလိမ့်မယ်။

ကျတော်တို့တိုင်းပြည်မှာ နိုင်ငံ့အရေး၊ အုပ်ချုပ်ရေးတွေမှာ
ဝင်ရှုပ်လာတဲ့ "မယားပြောရင် တစ်ည" ဆိုတာကြောင့် ဒေါ်ကြိုင်ကြိုင် နဲ့ ဦးသန်းရွှေ လက်ထက်မှာ
တိုင်ပြည်နွံနစ် အဖတ်ဆယ်မရအောင် ပျက်စီးခဲ့ပြီးပါပြီ
တိုင်းသူပြည်သားတွေရဲ့ ဘဝဟာလည်း ဒုက္ခပင်လယ်
ဝေခဲ့ရပြီးပါပြီ။

အန်တီကြူနဲ့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တို့
လက်ထက်မှာ မယားပြောတစ်ည ဆိုတဲ့ ကျိန်စာဆိုးက
လွန်မြောက်ပြီး ဒုတိယအကြိမ် တိုင်းပြည်အထိမနာ
ပါရစေနဲ့တော့။ ဗိုလ်ချုပ်မှုးကြီးကတော် တစ်ယောက်အနေနဲ့
မိမိလုပ်ရပ်အတွက် တိုင်းပြည်အပေါ် အကျိုးသက်ရောက်မှုကို ဆင်ခြင်သုံးသပ် နိုင်ပါစေ

Best of Luck ပါ အန်တီကြူ

ZN.H

https://m.facebook.com/story.php?story_fbid=351285241983650&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဗိုလ်ချုပ်မှုးကြီးရဲ့ မိသားစု အလှု”

Post a Comment

Related Posts Plugin for WordPress, Blogger...