Wednesday, October 4, 2017

ပြည်တွင်းက လူတွေကို သွေးခွဲပြီး အုပ်ချုပ်ခဲ့တာ

,
၁၉၃၁ ခုနှစ်က ရန်ကုန်တမြို့တည်းမှာတင် မူစလင်ရော၊ ဟိန္ဒူဘာသာဝင်တွေပါ ပါဝင်တဲ့ ကုလားက ၂၁၂,၀၀၀ (နှစ်သိန်း တစ်သောင်း နှစ်ထောင်)၊ ဗမာက ၁၂၈,ooo (တသိန်း နှစ်သောင်း ရှစ်ထောင်)သာ ရှိခဲ့ပါတယ်။

အဲဒီ့ လွတ်လပ်ရေး မရခင်နဲ့ လွတ်လပ်ရေး ရပြီးစ ကာလက အင်္ဂလိပ်စကားနဲ့ ကုလားစကားမှ ထမင်းစားရေသောက် မပြောနိုင်ရင် ရန်ကုန်မှာ ရပ်တည်ဖို့ ခက်ခဲ့ကြောင်း ၁၉၂၀ ပြည့်လွန်မှာ မွေးခဲ့တဲ့ အဖေတို့ အမေတို့ ပြောတာ ကြားဖူးခဲ့ပါတယ်။ အဖေတို့ အမေတို့ ကိုယ်တိုင်လည်း ကုလားစကားကို ထမင်းစားရေသောက် တတ်တာမို့ ကျွန်တော်ကိုယ်တိုင်လည်း အိန္ဒိယတို့၊ နီပေါတို့က လူတွေနဲ့ တွေ့ရင် ယနေ့ထက်တိုင် ကုလားလို တလုံးစ နှစ်လုံးစမက ပြောတတ်နေပါသေးတယ်။

လွတ်လပ်ရေး ရပြီး ၈ နှစ်အကြာ ၁၉၅၂ ခုနှစ်မှာ စတင်ခဲ့တဲ့ အမျိုးသား မှတ်ပုံတင် ကတ်ပြား (NRC Card) မှာ လူမျိုး၊ ဘာသာ မပါဘူး။ မျိုးဆက်နှစ်ဆက်၊ ဒါမှမဟုတ် လွတ်လပ်ရေးမရခင် ၈ နှစ်ကတည်းက ဗမာပြည်မှာ နေခဲ့တဲ့ အထောက်အထား ပြနိုင်ရင် ဗမာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့တယ်။

အဲဒါကို ပယ်ဖျက်ပြီး ဘာသာခြား၊ လူမျိုးခြား မုန်းတီးရေး စိတ်ဓာတ်တွေကို စတင် ရိုက်သွင်းခဲ့တာက ပေါက်ဖော်ကပြား ဗိုလ်နေဝင်း။ သူ့နိုင်ငံသား ဥပဒေက ၁၉၈၂ ခုနှစ်မှာ ပေါ်လာတာဆိုတော့ လွတ်လပ်ရေး ရပြီး ၃၄ နှစ် ကြာတော့မှ...။

ကုလားဖြူတွေက သွေးခွဲ အုပ်ချုပ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဗိုလ်နေဝင်းကရော ကုလားဖြူတွေလိုပဲ ပြည်တွင်းက လူတွေကို သွေးခွဲပြီး အုပ်ချုပ်ခဲ့တာပဲ မဟုတ်လား။

https://m.facebook.com/story.php?story_fbid=10212809745931495&id=1023799407

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပြည်တွင်းက လူတွေကို သွေးခွဲပြီး အုပ်ချုပ်ခဲ့တာ”

Post a Comment

Related Posts Plugin for WordPress, Blogger...