Wednesday, October 25, 2017
ရဟန်းဆိုတာ ဘာလဲ
,
ယနေ့ ခေတ်မှာ ယေဘုယျအားဖြင့်
ခေါင်းရိတ်၍ သင်္ကန်းပတ်ထားသူများ
ကို ရဟန်းလို့ အသိအ မှတ်ပြု
ထားကြသည်။
ကျောင်းကြီး တိုက်ကြီး ကာကြီး
နောက်လိုက်ပေါများပြီး
ရာထူ အာဏာ ဘွဲ့ ဂုဏ်ရှိသူများကိုသာ
သာသနာပြု ရဟန်းထူးလို့ 
ထင်မှတ်နေကြသည်။
ရဟန်းဘဝရဲ့  တန်ဖိုးဆိုတာ
စာမေးပွဲဖြေဆိုပြီး အလင်္ကာရ
ဓမ္မာစရိယ အဘိဝံသ
ဂဏဝါစက စာချဆရာကြီး ဖြစ်တာလား?
ံတရားပြပြီး ကမ္မဋ္ဌာနစရိယ
ဖြစ်တာလား?
နယ်တကာ လှည့်ပြီး
တရားဟော ဓမ္မကထိက ဖြစ်တာလား?
ဘာဖေါင်ဒေးရှင်း ညာဖောင်ဒေးရှင်
ဘာအသင်း ညာအသင်းစသည်ဖွဲ့ ၍
ပရဟိတဘုန်းကြီး ဖြစ်တာလား?
စာမေးပွဲဖြေဆို၍ ဘွဲ့ တွေရပြီး ဝိနည်း
သီလပျက်နေရင် ရဟန်းလို့  ခေါ်ထိုက်မလား?
ဂဏဝါစက စာချဆရာကြီး ဖြစ်နေပြီး
ဝိနည်းသီလပျက်နေရင် ရဟန်းလို့ 
ခေါ်ထိုက်မလား?
ကမ္မဋ္ဌာနာစရိယ အမည်ခံကာ
တရားတွေပြပြီး ဝိနည်းသီလပျက်နေရင်
ရဟန်းအမည်ခံထိုက်မလား?
နယ်တကာလှည့်၍ တရားဟောကာ
ဓမ္မကထိက ဖြစ်နေပြီး
မအပ်မစပ်ရွှေငွေ အလှူ ခံကာ
ကိုယ့်ကျင့်သီလပျက်နေရင် ရဟန်းလို့ 
ခေါ်ထိုက်မလား?
ဘာဖေါင်ဒေးရှင်း ညာဖောင်ဒေးရှင်
ဘာအသင်း ညာအသင်းစသည်ဖွဲ့ ၍
ပရဟိတလုပ်နေပြီး ဝိနည်းသီလချိုးဖောက်
နေရင် ရဟန်းအမည်ခံထိုက်ပါ့မလား?
ခေါင်းက ဆံပင်ကိုရိတ် သင်္ကန်းကို
ပတ်ထားရုံမျှနဲ့  ရဟန်းအမည်ရတာမဟုတ်။
သီလအကျင့်လည်းလည်း ကောင်းစွာမကျင့်သူ
ကိလေသာတွေ ခါတွက်ပယ်ရှင်းမှု လုပ်ငန်း
ဖြစ်တဲ့ ဓုတင်ကျင့်ဝတ်များကိုလည်း ကောင်းစွာ
မကျင့်သူ။
အမှန်နည်းပါး အမှားများတဲ့ စကားတို့ ကိုလည်း
ပြောလေ့ရှိသူ။
မရသေး မရှိသေးတဲ့ လိုချင်စရာ ကာမဝတ္ထု တို့ ကို
ရချင်လိုချင်တဲ့ လောဘဖြစ်တတ်သူ။
ရရှိလာတဲ့ ကာမဝတ္ထု တို့ ကို ငြိကပ်တပ်မက်သာ
ယာတဲ့ လောဘလည်း ဖြစ်တတ်သူတို့ ကို
အဘယ်မှာ ရဟန်းလို့ ဆိုနိုင်မှာလဲ။
ဒါဖြင့် ရဟန်းဆိုတာ ဘာလဲ?
သမေတီတိ ယောစ ပရိတ္တာနိ ဝါ မဟန္တာနိ ဝါ
ပါပါနိ ဝူပသမေတိ,
သော တေသံ သမိတတ္တာ သမဏောတိ
ပဝုစ္စတီတိ အတ္ထော။ဆိုတဲ့အတိုင်း
အမှန်တကယ် ရဟန်းအမည်ခံထိုက်သူဆိုတာ
သီလ သမာဓိ ပညာ ပရိယတ် ပဋိပတ်
ကျင့်စဉ်များကို အစွမ်းကုန်
ကျင့်သုံးလျက် နည်းနည်းများများ မကောင်းမှု အကုသိုလ်ယုတ်မာသောတရားများကို ငြိမ်းအေးအောင်
ငြိမ်းချမ်းအောင် ကျင့်ကြံကြိုးစားအားထုတ်
်နေသူကို ဆိုလိုတာဖြစ်ပါတယ်။
မှတ်ချက်။  ။ စမ်းကလေးအဓမ္မဝါဒကို
ဓမ္မဝိနယနှင့်အညီ နှိမ်နှင်းနိုင်ခဲ့သော
မိဂဒါဝုန် ဆရာတော်ကြီး ရေးသားသော
ဘုန်းကြီးမဟုတ်သော ရဟန်း
ကျမ်းစာကို မှီ၍ ရေးသားပါသည်။
                သဗြဟ္မစာရီ(ဓမ္မဝိနယ)
https://m.facebook.com/story.php?story_fbid=845201998993862&id=611795402334524
0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရဟန်းဆိုတာ ဘာလဲ”
Post a Comment
Related Posts Plugin for WordPress, Blogger...