Saturday, October 28, 2017

လူမိုက်လက္ခဏာ

,
လူမိုက်တွေ နေရာရနေတော့ လူမိုက်စကားပဲ ပြောတတ်တယ်။ လူမိုက်အလုပ်ပဲ လုပ်တတ်တယ်။ တိုင်းပြည်ကိုလည်း အမိုက်တိုက်ထဲ ဆွဲချမယ်။ အထူးသဖြင့် ရခိုင်တွေ ပိုနာနေတာ အထင်အရှားပဲ။

ပြည်ပရောက် ဗမာနဲ့ ရခိုင်တွေအနေနဲ့ ငါဗမာပဲ၊ ငါရခိုင်ပဲ၊ ငါဗုဒ္ဓဘာသာ ဘုန်းကြီးပဲဆိုပြီး ရင်မကော့နိုင် ဖြစ်နေတာ ကြာပါပြီ။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တိုရန်တိုမှာ Peace and Harmony ဆိုတဲ့ မြန်မာစကားဝိုင်းလေးကို Karygiannis Jimဆိုတဲ့ ဂရိနွယ်ဖွား အမတ်တစ်ယောက် လာတက်တယ်။

သူက ဒေါ်စုကြည် ကနေဒါကိုလာတုန်းက ငါတို့ ဝက်ဝက်ကွဲ ကြိုဆိုခဲ့တာ အမှတ်ရသလားတဲ့။ အခု ဒေါ်စုကြည် ပြန်လာရင် ငါတို့က အရင်ကလို ကြိုဆိုမယ်လို့ ခင်ဗျားတို့ ထင်သလားလို့ မြန်မာကွန်မြူနီတီကို မေးခွန်းထုတ်ခဲ့တယ်။

ဗြိတိသျှသံရုံးကို မောင်းထုတ်သင့်တယ်ဆိုတဲ့ ဒေါက်တာအေးမောင်အကြောင်း စဉ်းစားရင်း

သူ့အဖေခေါင်းမှာ နားနေတဲ့ ယင်ကောင်ကို ဒေါသထွက်ပြီး ယင်ကောင်ကို ပုဆိန်နဲ့ ခုတ်လိုက်တာ ယင်ကောင်မသေပဲ သူ့အဖေသေသွားရတဲ့

မူလတန်းဖတ်စာထဲက သားလူမိုက်ပုံပြင်ကို သတိရမိတယ်။

တစ်ကယ်တော့ ကျနော်တို့တိုင်းပြည်မှာ ဆင်ခြင်တုန်တရားရှိ၊ အရှည်မြင်နိုင်တဲ့ ခေါင်းဆောင် တစ်ယောက်မှ မရှိတဲ့အတွက် အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်။

ဦးအောင်ဆန်းက လူထုအကြိုက်၊ စစ်တပ်အကြိုက် လိုက်တဲ့ ခေါင်းဆောင် မဟုတ်ဘူး။ တိုင်းပြည်ကောင်းကျိုးအတွက် လူထုအမြင်မှန်ရဖို့၊ စစ်တပ်လမ်းကြောင်းမှန်ဖို့ လူထုမကြိုက်၊ စစ်တပ်မကြိုက်တဲ့ စကားတွေ အများကြီး အမုန်းခံပြောခဲ့တယ်။ ဒါကြောင့်လည်း သူ့သမိုင်း၊ သူ့ဂုဏ်သိက္ခာက သိပ်ခိုင်မာနေတာပေါ့။

ကနေ့ မြန်မာပြည်က ခေါင်းဆောင်ကြီးငယ်တွေ အနေနဲ့ သူတို့မလွဲမသွေ ချန်ထားရစ်ခဲ့ရမယ့် LEGACY သမိုင်းကြောင်းအတွက် စိတ်ပူတာ၊ သောကထားတာ မတွေ့မိဘူး။ လတ်တလော နာမည်ကြီးဖို့ပဲ အာရုံရနေကြတယ်။

ဒါလည်း လူမိုက်လက္ခဏာ တစ်ရပ်ဖြစ်တယ်။

https://burma.irrawaddy.com/news/2017/10/27/145197.html

https://m.facebook.com/story.php?story_fbid=1529520780459121&id=100002036403855

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လူမိုက်လက္ခဏာ”

Post a Comment

Related Posts Plugin for WordPress, Blogger...