Sunday, October 15, 2017

ဦးသိန်းစိန်​ကို အ​ရေးယူလို့ ရ /မရ

,
လက်​ရှိအစိုးရအ​နေဖြင့်​...
'အမျိုးသားရင်​ကြား​စေ့​ရေး'မူအရ
အ​ရေးယူခြင်း မယူခြင်းကို မှတ်​ချက်​မ​ပေးလို။
..
..
ပြဌာန်းထား​သော...
ဥပ​ဒေ​ပေါ်မူတည်​ပြီး
အ​ရေးယူလို့ ရ/မရကို
ဥပ​ဒေအမြင်​ဖြင့်​သာ မှတ်​ချက်​​ပေးလိုသည်​။
..
..
သမ္မတ​ဟောင်းအကာအကွယ်​​ပေး​ရေး
ဥပ​ဒေပုဒ်​မ( ၁၀ )ကို
သေချာ​လေ့လာကြည့်​သည့်​အခါ
🚨 တာဝန်​အရ​ဆောင်​ရွက်​ချက်​🚨ဆိုတဲ့ စကားရပ်​သည်
ယင်းဥပ​ဒေပုဒ်​မ၏ အသက်​ဝိညာဉ်​ဖြစ်​​နေသည်​ကို ​တွေ့ရသည်​။
.
ထိုသို့ဆိုလျှင်​...
( တာဝန်​အရ​ဆောင်​ရွက်​ချက်​)ဆိုတာ ဘာလဲ သိဖို့လိုလာပါတယ်​။
..
..
"တာဝန်​အရ ​ဆောင်​ရွက်​ချက်​ဆိုတာ...
🚨အလွဲသုံးစားပြုခြင်းသည်​ တာဝန်​နှင့်​အပ်​စပ်​ခြင်းမရှိ။ မိမိရာထူးကို အခွင့်​အ​ရေးယူ၍
ကျူးလွန်​​သော ပြစ်​မူဖြစ်​သည်​🚨
( ဗိုလ်​ကြီးဘ​ဋ္ဌေးနှင့်​ပထစ /၁၉၇၅ မတစ ၇၂)။
..
အထက်​ပါစီရင်​ထုံးအကိုးအကားအရ...
..
..
 [ ဥပမာအားဖြင့်​]
( ၁ )
ဦးသိန်းစိန်​သည်
သမ္မတတာဝန်​ထမ်း​ဆောင်​စဉ်​က
မြေယာများကို နိုင်​ငံ​တော်​အပိုင်​ဖြင့်​သိမ်းယူခဲ့သည်​။
 သိမ်းယူခဲ့​သော​မြေယာများကို
မိမိအကျိုးစီးပွားအတွက်
ကော်​ဖီဆိုင်​ဖွင့်​ခြင်း/သရက်​ပင်​များစိုက်​​ပျိုးခဲ့ပါက
အ​ရေးယူလို့ရပါတယ်​။
..
..
( ၂ )
ဒေသတွင်း...
တရားဥပ​ဒေစိုးမိုး​ရေးနဲ့ တည်​ငြိမ်​​အေးချမ်း​ရေးကို ပျက်​ပြား​စေ​အောင်
ဗုံး​ထောင်​ခွဲခိုင်းခြင်း/တနည်းနည်းဖြင့်​ခိုင်း​စေခဲ့ပါက
အ​ရေးယူ တရားစွဲဆိုလို့ ရပါတယ်​။
..
..
( ၃ )
နိုင်​ငံ​တော်​ပိုင်​​ငွေများကို
အစိုးရသစ်​ထံသို့ လွှဲအပ်​​ပေးခြင်း ပျက်​ကွက်မူ ရှိ​ခဲ့ပါက
အ​ရေးယူလို့ ရပါတယ်​။
..
..
၎င်းဥပ​ဒေဖြင့်​...
ခုခံကာကွယ်​လို့ မရနိုင်​ပါ​ကြောင်း သုံးသပ်​တင်​ပြ​ပေးလိုက်​ပါတယ်​။

လေးစားလျက်​။

----------------
🎻မင်း​ဆောင်းခ

https://m.facebook.com/story.php?story_fbid=346612632450911&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးသိန်းစိန်​ကို အ​ရေးယူလို့ ရ /မရ”

Post a Comment

Related Posts Plugin for WordPress, Blogger...