Monday, October 16, 2017

Viber လိုမျိုးတစ်ကမ္ဘာလုံး ချိတ်ဆက်ပြောဆိုနိုင်တဲ့ ဝေါ်ကီတော်ကီ

,
🛑 Tietong T1 Digital Trunk Walkie-Talkies

Viber လိုမျိုးတစ်ကမ္ဘာလုံး ချိတ်ဆက်ပြောဆိုနိုင်တဲ့ ဝေါ်ကီတော်ကီ

#Price: 190,000 Kyats (တစ်လုံးချင်းဈေးနျှုန်း)
(၁နှစ်စာ Server ဝန်ဆောင်ခ  ပါဝင်ပြီးဖြစ်ပါတယ်။)

🎗️ Vhf,Uhf လှိုင်းနှုန်းသုံး Analog စက်တွေလို ကြားလူဝင်နားထောင်လို့မရပါ။ Web Platform ကနေ Group ချိတ်ဆက်မှု လုပ်ထားပြီး အုပ်စုအတွင်းမှလူများသာ ပြောဆိုဆက်သွယ်နိုင်အောင် ကန့်သတ်ချက်များ လျှို့ဝှက်ဂဏန်းများနှင့် လုံခြုံစိတ်ချရအောင် စီစဉ်ထားပါတယ်။ အရေအတွက် အကန့်အသတ်မရှိ Group ဖွဲ့ ပြောဆိုနိုင်သလို အုပ်စုအတွင်းမှ တစ်ဦးချင်းစီနဲ့လည်း အခြားလူမကြားနိုင်အောင် Singal Mode ဖြင့် ပြောဆိုနိုင်ပါတယ်။

🎗️ ဆင်းကဒ်လိုင်းမိသရွေ့ အကွာအဝေးခြားနားချက်မရှိ ဘယ်နိုင်ငံကနေမဆို ပြောနိုင်ပါတယ်။ ဖုန်းနဲ့ ပြတ်တောင်ပြတ်တောင်းဖြစ်နေတဲ့ Signal ၁တုံးသာတက်တဲ့ နေရာမျိုးမှာတောင် ကြည်ကြည်လင်လင် ပြောနိုင်ပါတယ်။ လိုင်းဆွဲအားကောင်းပါတယ်။ မြန်မာပြည်မှာ MPT,Telenor, Ooredoo (3G) ထည့်သုံးပြီး အမေရိကန်မှာ (GSM) သူ့နိုင်ငံဆင်းကဒ် သုံးမယ်ဆိုလည်း ဒီ၂ယောက် ချိတ်ဆက်ပြောနိုင်ပါတယ်။ ကမ္ဘာတဝှမ်း တစ်နိုင်ငံချင်းစီမှာ ဆိုင်ရာ GSM Sim Card ထည့်ပြီး အုပ်စုဖွဲ့ပြောနိုင်တာမို့ တစ်ကမ္ဘာလုံးကို Walkie-Talkies ပြောသလို လွှမ်းခြုံပြောဆိုလို့ရပါတယ်။

🎗️ Viber လိုမျိုး လိုင်းဖွင့် Connect ထဲက အသံဖိုင်တွေကို ခလုပ်နှိပ်မှ ကြားတာမျိုးမဟုတ်ပဲ စက်ဖွင့်ထားတာနဲ့ Group ထဲက ပြောသမျှကို ကြားနေမှာပါ။ Group ၁၆ခု လုပ်ထားနိုင်ပြီး ဖွဲ့ထားသော ဆိုင်ရာအုပ်စုအလိုက် ဝင်ပြောနိုင်ပါတယ်။ စက်ကိုင်ထားတဲ့ တစ်ဦးချင်းစီကို ခေါင်းဆောင် Admin ကနေ ရောက်ရှိတဲ့နေရာ သွားခဲ့တဲ့နေရာတို့ကို စဉ်ဆက်မပြတ် ထောက်လှမ်းကြည့်ရှုနိုင်ပါတယ်။ ကိုယ်ပိုင် E-mail, Password တို့နဲ့ ဝင်ရောက်ကြည့်ရှုရတာမို့ ပေါက်ကြားမှုမရှိနိုင်ပါ။ စက်ကိုင်ထားတဲ့သူရဲ့ တည်နေရာကို ဖုန်း၊ ကွန်ပျူတာတို့ကနေ တိုက်ရိုက် ကြည့်ရှုသိရှိနိုင်ပါတယ်။

🎗️ စက်ဖွင့်ထားရုံသက်သက် ပြောနေသမျှကြားနိုင်ဖို့ တစ်ရက်စာကို 0.006MB သာ စားပါလိမ့်မယ်။ ပြောတဲ့အခါမျိုးမှာ ၁နာရီကို 2.88MB သာ ကုန်ကျပါမယ်။ ဒီတော့ MPT GSM သုံးထားရင် 1MB = ၆ကျပ် ( ပရိုမိုးရှင်းနဲ့ဆို 1MB 1kyat) ဆိုရင်တောင် ၁နာရီဆက်တိုက်ပြောနေမှ ၁၇ကျပ် ၂၈ ပြား (ပရိုမိုးရှင်းနဲ့ဆို ၂ကျပ် ၈၈ ပြား) သာ ကုန်ကျပါလိမ့်မယ်။ ဖုန်းပြော တစ်မိနစ် ၁၅ကျပ်တို့ ၅ကျပ်တို့နဲ့ စာရင်တော့ အများကြီးသက်သာပါတယ်။ ယခုစက်နဲ့ ပြောဆို/နားထောင်ရုံသက်သက် ပျမ်းမျှအားဖြင့် ၁နှစ်စာအတွက် ဖုန်းဘေလ်၁သောင်းကျပ်ခန့်သာ ကျသင့်ပါမယ်။ GPS ထောက်လှမ်းကြည့်ရှုမယ်ဆိုရင်တော့ ထို့ထက်ပိုကုန်ပါလိမ့်မယ်။

🎗️ ဖုန်းလိုင်းကို ခိုးယူသုံးစွဲတာမဟုတ်ပဲ အင်တာနက်လိုင်းဖွင့်ပြီး Group Chat ပြောတာမို့ အော်ပရေတာများနဲ့ လုံးဝငြိစွန်းမှုမရှိပါ။ ကျသင့်သောဘေလ်ကို ဆောင်ပြီးသုံးတာဖြစ်တဲ့အတွက် စိတ်ချလက်ချ သုံးနိုင်ပါတယ်။ အင်တာနက်လိုင်းငွေ့ငွေ့မျှသာ ဆွဲယူသုံးစွဲပြီး အသံပို့လွှတ်ပေးတဲ့စနစ်ဖြစ်တာကြောင့် ရေရှည်မှာ ရိုးရိုးသာမန် ဖုန်းပြောတာထက် ကုန်ကျစရိတ်များစွာသက်သာပါတယ်။ ဖုန်းကဒ်ထည့်သုံးရတဲ့ ဖုန်းဟန်းဆက်ဟုသာ သတ်မှတ်တာကြောင့် Vhf, Uhf လှိုင်းနှုန်းသုံး စကားပြောစက် (ဝေါ်ကီတော်ကီ) များလို ဆက်သွယ်ရေးလိုင်စင် လျှောက်ရန်မလိုပါ။

🎗️ ပြောထားတဲ့ စကားသံတွေကိုလည်း 5MB အထိ သိမ်းဆည်းပေးထားတာမို့ စက်မှာတင် ပြန်နားထောင်လို့ရပါတယ်။ လိုင်းမမိတဲ့နေရာ ရောက်နေရင်လည်း Record mode နဲ့ အသံဖမ်းယူထားပေးပြီး လိုင်းမိတဲ့နေရာရောက်မှ အလိုအလျောက် ပို့လွှင့်ပေးပါတယ်။

🎗️ အထိုင်စက်မလိုပါဘူး။ လက်ကိုင်စက်အချင်းချင်း မြန်မာပြည်ကနေ အမေရိကန် အင်္ဂလန်ထိ တိုက်ရိုက် (မိနစ်မခြားပဲ) ရင်ချင်းအပ် ပြောနေသလို ပြောလို့ရပါတယ်။ ဆက်သွယ်မှုစနစ်ကို PTT Web Platform Server ကနေ ပံ့ပိုးပေးပြီး Admin, Agent တို့မှလွဲပြီး အခြားလူ ဝင်ရောက်နားထောင် ကြည့်ရှုလို့မရအောင် လုံခြုံရေးစနစ်များ အထပ်ထပ် တင်းကျပ်ထားပါတယ်။

🎗️ ဘတ္ထရီစွမ်းအားမှာ အားအပြည့်သွင်းထားရင် Standby ၄၈နာရီ၊ Talkby ၂၄နာရီ ဆက်တိုက် သုံးနိုင်ပါတယ်။ 3.7V 3000mAh အသုံးပြုထားတာမို့ Phone Power-Bank များနဲ့လည်း အားသွင်းနိုင်ပါတယ်။ ကားပေါ်မှာလည်း ကားစီးကရက်လိုက်တာပေါက်ကနေ USB ပေါက်နဲ့ အားသွင်းလို့ရပါတယ်။ စက်ရဲ့ ဘတ္ထရီလက်ကျန် ရာခိုင်နှုန်းကို အသံထွက်နဲ့ တင်ပြပေးပြီး ၁၀%အောက် ရောက်သွားရင် အလိုအလျောက် သတိပေးပြောကြားပါတယ်။

✅✅✅✅✅✅✅✅✅✅✅
(y) ပွင့်ပွင့်လင်းလင်း နှိုင်းယှဉ်ချက်များ

==============================
🔖 မေး။ ။PTT ပါတဲ့ ကီးပက်ဖုန်းတွေက ၅သောင်းလောက်ပဲ ရှိတယ်။ ဒီစက်နဲ့ ဘာကွာပါသလဲ ?

🔖 ဖြေ။ ။ ဆိုင်ကယ်အစစ် စီးရတာနဲ့ စက်ဘီးကို အင်ဂျင်တပ်ထားတဲ့ (ဖားတစ်ပိုင်း ငါးတစ်ပိုင်း) စက်ဘီးဆိုင်ကယ် စီးရတာနဲ့ ကွာသလို အပုံကြီးကွာပါတယ်။ PTT ပါတဲ့ ကီးပက်ဖုန်းတွေက အများဆုံး ပေ၅၀၀လောက်သာ ပြောလို့ရတဲ့ ပါတယ်ဆိုရုံလောက် ဝေါ်ကီတော်ကီစနစ်ရယ် ဖုန်းကဒ်သုံး ဟန်းဆက်ရယ် ၂မျိုးပေါင်းစပ်ထားတာပါ။ ဝေါ်ကီတော်ကီနဲ့ ပြောရင် ဘေလ်မကုန်ဘူး ဆိုပေမယ့် လှမ်းအော်ပြောရင်တောင် ကြားနိုင်လောက်တဲ့ ပေ၅၀၀အကွာအဝေးမျှသာ မိတာမို့ တကယ်တမ်း စစ်သုံး၊ တပ်ဖွဲ့ဝင်သုံး၊ အဖွဲ့အစည်းသုံး စက်တွေလို ပြောလို့မရနိုင်ပဲ အင်တာကွန်း (အိမ်ပေါ် အိမ်အောက်ပြော) အဆင့်လောက်သာ ရှိပါတယ်။ Android, IOS တို့ ဖလန်းဖလန်းထနေချိန်မှာ ဈေးကွက်ပြတ်ကျန်ခဲ့တဲ့ ကီးပက်ဖုန်းတွေကို ကလေးကစားစရာသာသာ ဝေါ်ကီတော်ကီစနစ်လေး ပေါင်းထည့်ပြီး ပုံစံတစ်မျိုးနဲ့ လှည့်ရောင်းတဲ့ သဘောသာ။

Digital Trunk Walkie-talkies ဆိုတာကတော့ Android စနစ်သုံး ဟန်းဆက်ပါ။ GSM sim ကနေ အင်တာနက်လိုင်းကို ခပ်ပါးပါးသာ အမှီပြုပြီး တစ်ကမ္ဘာလုံး ပြောဆိုနိုင်အောင် လုပ်ထားတဲ့ နည်းပညာသစ် ထုတ်ကုန်သစ် ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်း အရောင်းဆိုင်လက်ခွဲများစွာကို နိုင်ငံအရပ်ရပ်မှာ ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီကြီးတွေဆိုရင် တစ်ခွန်းပြောရုံနဲ့ လက်ခွဲအားလုံး ကြားသိနိုင်တာမို့ ကိုယ့်ဆိုင်မှာ ကုန်သွားတဲ့ပစ္စည်းကို အနီးစပ်ဆုံးမြို့/ နိုင်ငံကနေ လှမ်းပို့နိုင်အောင် အမြန်ဆုံး သတင်းပို့ပေးနိုင်ပါတယ်။ လက်ခွဲအချင်းချင်း အုပ်စုလိုက် ပြောနေရတာမို့ ချစ်ခင်ရင်းနှီးမှုပိုတိုးစေပါတယ်။ ကုမ္ပဏီဦးဆောင်သူက ပစ္စည်းသစ်တစ်မျိုးရောက်တာနဲ့ တစ်ဦးချင်းစီ ဖုန်းဆက်/ မက်ဆေ့ခ်ျပို့/ အီးမေးလ်ပို့ အကြောင်းကြားမနေပဲ လက်ခွဲအားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း အသိပေးနိုင်ပါတယ်။

လက်ခွဲများရဲ့ အကြံပြုချက် ဆွေးနွေးချက်များကိုလည်း နိုင်ငံဒေသခြားနေပေမယ့် အစည်းအဝေးခန်းထဲ စုပြောနေရသလို ရင်းရင်းနှီးနှီး ထုတ်ဖော်ပြောနိုင်ပါတယ်။ ၂ယောက်တည်း ရိုးရိုးဖုန်းနဲ့ပြောပြီးကုန်မယ့်ဘေလ်နဲ့ အုပ်စုလိုက် Digital Trunk နဲ့ပြောပြီး ကုန်မယ့်ဘေလ်က အများကြီးကွာခြားပါတယ်။ အလုပ်များ အပြောများတဲ့သူအဖို့ ရိုးရိုးဖုန်းပြော ၁လစာကုန်ကျမယ့်ဘေလ်နဲ့ Digital Trunk ရဲ့ ၄နှစ်စာ ကုန်ကျမယ့်ဘေလ် တူနေတယ်ဆိုရင်တောင် Digital Trunk က Group Chat ပြောနိုင်တာမို့ အချိန်ကုန် လေကုန် ပိုသက်သာပါသေးတယ်။

✅✅✅✅✅✅✅✅✅✅✅

🔖 မေး။ ။ ဖုန်းတွေ ပေါနေရက်နဲ့ ဘာ့ကြောင့် ဝေါ်ကီတော်ကီ သုံးကြတာလဲ ?
🔖 ဖြေ။ ။ အမေရိကန်တို့ အင်္ဂလန်တို့လို ဖုန်းလိုင်းပေါများတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် ရဲ၊ စစ်တပ်၊ မီးသတ် (Team Work အုပ်စုလိုက် အလုပ်လုပ်ကြရတဲ့) အဖွဲ့အစည်းတွေ ဝေါ်ကီတော်ကီကို တွင်တွင်ကျယ်ကျယ် သုံးနေကြဆဲပါ။ ဖုန်းပြောသလို ဖုန်းခေါ်နေချိန်ကို စောင့်ဆိုင်းစရာ မလိုပဲ တိုက်ရိုက်ပြောနိုင်တာရယ်၊ တစ်ဦးပြောရင် တစ်အုပ်စုလုံး ကြားသိနိုင်တာရယ် အဓိကဒီ၂ချက်ကြောင့်သာ သုံးတဲ့အဖွဲ့အစည်းကလည်း တွင်တွင်သုံးနေကြသလို ထုတ်လုပ်တဲ့စက်ရုံကလည်း မော်ဒယ်သစ်တွေ နည်းပညာသစ်တွေနဲ့ နှစ်စဉ်ပိုပိုတိုးပြီး ထုတ်နေကြပါတယ်။

မီးလောင်မှု/ သဘာဝဘေးအန္တရာယ် တစုံတခု ကြုံလာရင် မီးသတ်၊ ကယ်ဆယ်ရေး၊ ရဲ၊ စစ်တပ် တစ်ဖွဲ့ချင်းစီ တစ်ဦးချင်းစီ ဖုန်းဆက်ခေါ် အကြောင်းကြားနေမယ့်အစား အချိန်နဲ့တပြေးညီ သတင်းပို့၊ ကွပ်ကဲ၊ အမိန့်ပေး၊ အစီရင်ခံ၊ သတင်းပို့ ကိစ္စအားလုံးကို Live လွှင့်နေသလို ချက်ချင်းလက်ငင်း သိစေနိုင်တဲ့ တစ်မျိုးတည်းသော ဆက်သွယ်ရေးကိရိယာဆိုတာ ဝေါ်ကီတော်ကီ (စကားပြောစက်) ပါ။ ဝန်ထမ်းလေးငါးဦးသာရှိတဲ့ စီးပွားရေးလုပ်ငန်းအတွက် ဝေါ်ကီတော်ကီ မလိုပေမယ့် ဝန်ထမ်းရာချီ ထောင်ချီရှိပြီး အချိန်နဲ့တပြေးညီ အုပ်စုလိုက်အလုပ်လုပ်ရတဲ့ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေဖို့၊ အမှားအယွင်းနည်းစေဖို့၊ စီမံခန့်ခွဲမှုထိရောက်စေဖို့၊ စဉ်ဆက်မပြတ် သတင်းရရှိစေဖို့ ဝေါ်ကီတော်ကီ လိုအပ်ပါတယ်။

ကိုယ့်ပတ်ဝန်းကျင်ထဲက အနီးစပ်ဆုံး အဆောက်အဦးကြီးကြီးမားမား ဆောက်လုပ်တဲ့ ဆိုက်ဒ်တွေကိုပဲ လေ့လာကြည့်ပါ။ ဝေါ်ကီတော်ကီမပါပဲ အပေါ်ထပ် အောက်ထပ် မဆလာပို့၊ အုတ်ပို့ကအစ မီးလိုင်းတပ်ဆင်မှုအထိ " ဟိုဟာ ယူလာပါအုံး။ ဒီဟာတော့ မလုပ်နဲ့အုံး" ဆိုပြီး ပြေးပြောခိုင်းတာ အော်ပြောရတာတွေ လုပ်နေရတဲ့ခေတ် မဟုတ်တော့ပါဘူး။ Digital Trunk ကတော့ ကိုယ့်အဝန်းအဝိုင်းတင်မကတော့ပါဘူး။ နိုင်ငံရပ်ခြားရောက်နေတဲ့ သားသမီး~မိဘ၊ ချစ်သူ၊ ဆရာ~တပည့်၊ လုပ်ဖော်ကိုင်ဖက်တွေ အချိန်နဲ့တပြေးညီ ရင်ချင်းအပ်ပြောနေရသလို ပြောလို့ရတာကြောင့် Analog စက်တွေထက် ကွန်ယက်ပိုဖြန့်ကျက်နိုင်ပါတော့မယ်။

✅✅✅✅✅✅✅✅✅✅✅

🔖 မေး။ ။ ရိုးရိုးဝေါ်ကီတော်ကီနဲ့ Digital Trunk ဘာကွာသလဲ ?

🔖 ဖြေ။ ။ ရိုးရိုးဝေါ်ကီတော်ကီက Vhf/ Uhf လှိုင်းနှုန်းကို သုံးပြီး ပြောဆိုဆက်သွယ်ပါတယ်။ အခြားလူ ခိုးနားထောင်နိုင်လို့ သတင်းပေါက်ကြားမှုရှိနိုင်ပါတယ်။ ဘေလ်မကုန်ပါဘူး။ ဒါပေမယ့် အကွာအဝေး ကန့်သတ်ချက်ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဆက်သွယ်ရေးဥပဒေအရ လိုင်စင်လျှောက်ထားပြီးမှ သုံးခွင့်ရှိပါတယ်။

Digital Trunk က ဖုန်းကဒ်ကိုမှီပြီး အင်တာနက်လိုင်းကနေ ပြောဆိုဆက်သွယ်ပါတယ်။ ကိုယ့်အုပ်စုကလွဲပြီး အခြားလူ ခိုးနားထောင်ဖို့ မလွယ်အောင် လုံခြုံရေးစနစ် အထပ်ထပ် လုပ်ထားပါတယ်။ ကိုယ့်အုပ်စုထဲမှာမှ တစ်ဦးတစ်ယောက်ချင်းစီကို (အုပ်စုထဲကအခြားလူများ မကြားအောင်) Single Mode နဲ့ တီးတိုးလျှို့ဝှက် ပြောနိုင်ပါတယ်။ ဘေလ်ကုန်ပေမယ့် ရိုးရိုးဖုန်းဘေလ်ထက် အများကြီးသက်သာပါတယ်။ တစ်ကမ္ဘာလုံး GSM လိုင်းမိတဲ့ ဘယ်နေရာကမဆို ပြောဆိုဆက်သွယ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဟန်းဖုန်းများ မှတ်ပုံတင်/ လိုင်စင်လျှောက်စရာမလိုပဲ သုံးနိုင်သလို GSM Sim Card သုံး Hand Set အဖြစ် စိတ်ချစွာ ကိုင်ဆောင်နိုင်ပါတယ်။

✅✅✅✅✅✅✅✅✅✅✅

🔖 မေး။ ။ Website နဲ့သုံးရတာဆိုတော့ အကယ်၍ အဲ့ဒီဝဘ်ဆိုက်ကြီး ပျက်သွားခဲ့ရင် ဘယ်လိုတာဝန်ယူမလဲ ?

🔖 ဖြေ။ ။ Vhf/Uhf သုံး စက်တွေမှာ လက်ကိုင်စက် တစ်လုံးနဲ့တစ်လုံး ဝေးဝေးပြောနိုင်ဖို့ ကြားခံ Repeater စက်တွေနဲ့ ထောက်ပံ့ပေးရပါတယ်။ မီးသတ်တပ်ဖွဲ့မှာဆိုရင် ရန်ကုန်တစ်မြို့လုံး ဖြန့်ကျက်ဆက်သွယ်နိုင်ဖို့ Repeater ၄လုံးကို အမြင့်ဆုံးတိုက်တွေပေါ်ကနေ ဖြန့်ကျက်တပ်ဆင်ထားရပါတယ်။ Digital Trunk စက်တွေရဲ့ Repeater က GSM တာဝါတိုင်တွေပါပဲ။ ပြောလိုက်တဲ့စကားကို အနီးဆုံး တာဝါတိုင်သို့ Data အဖြစ် ပို့ပေးပြီး တာဝါတိုင်ကနေ Server ကို ဆက်ပို့ပါတယ်။ Server ကနေမှ ဆိုင်ရာစက်တွေဆီကို တာဝါတိုင်တွေကနေတဆင့် ပို့ပေးပါတယ်။ အုတ်သယ်တဲ့အခါ လက်ဆင့်ကမ်း ပို့သလိုမျိုးပေမယ့် သွားနှုန်းက အလင်းရဲ့ပြေးအားမျိုး ဖြစ်တာကြောင့် စက္ကန့်မခြားပဲ ရောက်သွားပါတယ်။ Website ရဲ့ Server ကနေ သိမ်းဆည်း၊ သိုလှောင်၊ စိစစ်၊ ပို့လွှတ်ကိစ္စများကို လူမပါပဲ အလျင်မြန်ဆုံး Super Computer System နဲ့ ဆောင်ရွက်ပေးပြီး နိုင်ငံအရပ်ရပ်မှာ Server ခွဲပေါင်းများစွာ တည်ထောင်ထားပါတယ်။ အလုံးရေ ၁၀၀၀၀ကျော် ရောင်းချပြီးသောဒေသများမှာ Server တစ်ခု တည်ထောင်ပေးထားပါတယ်။ ဒါ့ကြောင့် ဆာဗာတစ်ခု Error ဖြစ်နေရင် အနီးစပ်ဆုံး နောက်တစ်ခုက ဆက်လက်ပံ့ပိုးပေးသွားမှာပါ။

စက်တစ်လုံးကို Server ကြေးအတွက် ၁နှစ်စာ 12$ ကောက်ခံထားတာမို့ သိန်းချီသန်းချီ ထုတ်လုပ်ထားတဲ့ စက်များအတွက် နှစ်စဉ်ရနေမယ့် ဆာဗာကြေးကို အဆုံးရှုံးခံလိမ့်မည်မဟုတ်ပါ။ ရာသီဥတု ဆိုးရွားလို့ အင်တာနက်လိုင်းပျက်ကျတာမျိုး ဆူနာမီလို သဘာဝဘေးအန္တရာယ်ကြီးဖြစ်လို့ ဆာဗာများ ပျက်စီးသွားတာမျိုးကိုတော့ ပြင်ဆင်ချိန် ၊ အသစ်အစားထိုးချိန် ခတ္တခဏအတွင်း စောင့်ဆိုင်းပေးခိုင်းခြင်းဖြင့်သာ တာဝန်ယူနိုင်ပါလိမ့်မယ်။ သဘာဝဘေးအန္တရာယ်ကလွဲပြီး နည်းပညာချို့ယွင်းချက်ကြောင့် ဖြစ်ပျက်တဲ့ ပြဿနာအရပ်ရပ်ကိုတော့ နာရီပိုင်းအတွင်း ပြင်ဆင်ပေးနိုင်ပါတယ်။

=========================================================

စိတ်ဝင်တစားဖြင့်မရှင်းလင်းသည်များ မေးမြန်းလိုပါက (သို့မဟုတ်) ပစ္စည်း မှာယူလိုပါက

☎️ 099 70300070 (Viber)

☎️ 097 70300070

တို့ကို ဖုန်းဆက်၍သော်၎င်း၊ Comment (သို့မဟုတ်) Message Box တွင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ မြို့နယ် နှင့် မှာယူလိုသည့် ပစ္စည်းအမျိုးအမည် တို့ကို ရေးချန်ခဲ့၍သော်၎င်း မေးမြန်း မှာယူနိုင် ပါသည်။

🔖 ဆက်သွယ်မှာယူပါက ရန်ကုန်မြို့တွင်း Door to Door အိမ်အရောက်ပို့စနစ် #မြို့နယ် အလိုက်ဝန်ဆောင်ခဖြင့် ပို့ဆောင်ပေး ပါသည်။
အခြားနယ်များမှ မှာယူလျှင် ဘဏ်မှ ငွေကြိုလွှဲရပြီး ငွေလက်ခံရရှိမှသာ ကားဂိတ် (သို့မဟုတ်) အိမ်အရောက် ပို့ဆောင်ပေးပါ သည်။

=========================================================

ဆက်သွယ်ဝယ်ယူရန် >>>>

(y) MTH Online Store

☎️ 099 70300070 (Viber)

☎️ 097 70300070

(y) မိတ်ဆွေ အကယ်၍ ယခုအချိန် မလိုအပ်သေးလို့ စိတ်မ၀င်စားပါကလည်း နောက်တစ်ချိန် လိုအပ်လာသည့် အခါတွင် အလွယ်တကူ ဆက်သွယ်ဝယ်ယူနိုင်ရန်၊ မိတ်ဆွေ အပေါင်းအသင်းများ လိုအပ်သည့်အခါ လမ်းညွှန် နိုင်ရန် မိမိ၏ Wall တွင် Post ကို Share ခြင်းဖြင့် သိမ်းဆည်း ထားနိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=911593772328031&id=660534424100635

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ Viber လိုမျိုးတစ်ကမ္ဘာလုံး ချိတ်ဆက်ပြောဆိုနိုင်တဲ့ ဝေါ်ကီတော်ကီ”

Post a Comment

Related Posts Plugin for WordPress, Blogger...