Monday, October 30, 2017

အောင်​နိုင်​စိုးကို ပြန်​လွှတ်​​ပေးပါ

,
၂ဝ၁၃မှာ မိတ္ထီလာအ​ရေးအခင်းဖြစ်​​တော့အဲ့ဒီပဋိပက္ခ​တွေအခြားမြို့​တွေထိ မပြန့်​သွား​ဖို့ကျွန်​​တော်​တို့လူငယ်​အဖွဲ့​တွေ စု​ပေါင်းပြီးကြိုးစားခဲ့ကြပါတယ်​။အဲ့ဒီက​နေ Pray For Myanmar ဆိုတဲ့ဘာသာ​ပေါင်းစုံလူငယ်​ကွန်​ရက်​တစ်​ခု
ဖြစ်​​ပေါ်လာခဲ့ပါတယ်​။
လူစည်​ကားတဲ့​နေရာ​တွေ၊ လမ်းဆုံကြီး​တွေမှာစ​တေကာ​တွေ​ဝေ၊ တီရှပ်​​တွေ​ဝေကြ။စာတမ်း​တွေက​တော့ "မိမိ​ကြောင့်​ ဘာသာ​ရေးပဋိပက္ခမဖြစ်​ပွား​စေရ"။ စသည်​ဖြင့်​၊အတူလက်​တွဲပြီး ရင်​ဆိုင်​​ဖြေရှင်းခဲ့ကြပါတယ်​။

အဲ့ဒီလို ဘာသာ​ပေါင်းစုံလူငယ်​​တွေကြားမှာအောင်​နိုင်​စိုး ဆိုတဲ့ မွတ်​ဆလင်​ သူငယ်​ချင်းတစ်​​ယောက်​ ရခဲ့တာပါ။

လူကငယ်​ငယ်​အရွယ်​က ခပ်​ဖိုင့်​ဖိုင့်​ရယ်​လိုက်​ရင်​ သူ့အတွင်းစိတ်​ရဲ့ရိုးသားမှုကို အထင်​သား​တွေ့နိုင်​တယ်​။

တဖြည်းဖြည်းချင်းသိလာတာကသူလည်း ကိုယ့်​လို ကဗျာ​ရေးတယ်​ဆိုတာပါပဲ။ က​လောင်​နာမည်​က မိုး​မျှော်​။

ကဗျာဆရာ​ဇောက်​ထိုးနဲ့ ​ဘော်​ဒါလည်းဖြစ်​​တော့"မင်းက ​ဇောက်​ထိုးဆိုရင်​ ငါက မိုး​မျှော်​ လုပ်​မယ်​ကွာ"ဆိုပြီး က​လောင်​နာမည်​ယူခဲ့တာလို့ကျွန်​​တော့်​ကို ​ပြောပြဖူးတယ်​။

အဲ့ဒီ​နောက်​ပိုင်း သူလည်း Coconet မှာသတင်း​ထောက်​ဖြစ်​လာတယ်​။ကျွန်​​တော့်​အမှုဖြစ်​တုန်းကဆိုလည်း
ရုံးထုတ်​တိုင်းလိုလို သူလာတယ်​။
New Yorker မှာ Joe Freeman ​ရေးခဲ့တဲ့ကျွန်​​တော့်​ဖြစ်​စဉ်​​ဆောင်းပါးအတွက်​ သူက ဘာသာပြန်​အဖြစ်​လည်း လုပ်​​ပေးခဲ့တယ်​။

ကျွန်​​တော်​ပြန်​လွတ်​လာ​တော့ သူ သတင်း​ထောက်​မလုပ်​​တော့ဘဲ ဘာသာပြန်​ပဲလုပ်​​နေတယ်​လို့​ပြောပါတယ်​။
မှတ်​မှတ်​ရရ Slam Express ကဗျာရွတ်​ပွဲမှာကျွန်​​တော့်​​ရေးတဲ့ "​စောက်​ပြဿနာ" ကဗျာကိုအင်္ဂလိပ်​ဘာသာနဲ့ ​ရွတ်​​ပေးခဲ့​သေးတယ်​။

သူနဲ့ခင်​မင်​ရင်​နှီးခဲ့တဲ့ကာလတ​လျောက်​လုံးမှာသူ့ကိုနားလည်​မိတစ်​ခုက သူဟာ သူ့မြန်​မာနိုင်​ငံ​ပြောင်းလဲတိုးတက်​ဖို့အတွက်
နိုင်​သ​လောက်​ ကြိုးစား​နေတယ်​ဆိုတာပါပဲ။ဒီလို သူနဲ့ပတ်​သက်​မှု​တွေလိုက်​​ပြော​နေတာကသူ့ဘက်​က အာမခံ​ပေးချင်​လို့ပါ။

ဒါဟာ ဘက်​လိုက်​မှု​တော့မဟုတ်​ပါဘူး။မတရားမှုကို လက်​ပိုက်​ကြည့်​မ​နေနိုင်​တဲ့ကျွန်​​တော့်​စိတ်​ရင်းအမှန်​သာဖြစ်​ပါတယ်​။

ခင်​ဗျားတို့ ဖွချင်​တိုင်းဖွ​နေတဲ့ ​"အောင်​နိုင်​စိုးဟာရိုဟင်​ဂျာအကြမ်းဖက်​သမားနဲ့ဆက်​စပ်​တယ်"​ဆိုတဲ့ ပို့စ်​​တွေ​တွေ့တိုင်း ကျွန်​​တော့်​ရဲ့​အော်​ဆဲချင်​တဲ့စိတ်​ကိုမနည်းထိန်းချုပ်​ခဲ့ရပါတယ်​။ခင်​ဗျားတို့ရဲ့ အဆင်​အခြင်​မဲ့မှုကိုလည်းFuck You ပါပဲ။

အခုလက်​ရှိ ​အောင်​နိုင်​စိုးအဖမ်းခံရတဲ့ဖြစ်​စဉ်​ဟာသူ့အတွက်​ လုံးဝ မတရားပါဘူး။သူဟာ နိုင်​ငံခြားသတင်း​ထောက်​​တွေအတွက်
ဘာသာပြန်​​ပေးရုံသက်​သက်​သာဖြစ်​ပါတယ်​။Drone နဲ့ လွှတ်​​တော်​ကို ရိုက်​ဖို့ကြိုးစားတာဟာ
သူနဲ့တိုက်​ရိုက်​မသက်​ဆိုင်​တဲ့အတွက်​၊ခုဟာကလည်း ပို့ကုန်​/သွင်းကုန်​ဥပ​ဒေနဲ့အ​ရေးယူထားတာဖြစ်​ပြီး Drone ဟာ
သူတင်​သွင်းလာတာမဟုတ်​သလိုသူလွှင့်​တင်​ခဲ့တာလည်း မဟုတ်​တဲ့အတွက်​အစိုးရက သူ့ကိုခြွင်းချက်​မရှိပြန်​လွှတ်​​ပေးရပါမယ်​။

#Free_AungNaingSoe

-​မောင်​​ဆောင်းခ
၃ဝ၊ ​အောက်​တိုဘာ၊ ၂ဝ၁၇။

https://m.facebook.com/story.php?story_fbid=1210822535720247&id=100003775359826

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ​အောင်​နိုင်​စိုးကို ပြန်​လွှတ်​​ပေးပါ”

Post a Comment

Related Posts Plugin for WordPress, Blogger...